
ဗလီများတွင် စာသင်သားများအား ခွင့်ပြုချက်မရ ဘဲ နေထိုင်ခွင့် မရှိသည့် အပြင် ကျောင်းများ၊ဗလီများကို လည်း တရားဝင်ခွင့်ပြုချက်မရ ဘဲ ဆောက်လုပ်ခွင့် နှင့် စာပေသင်ကြားခွင့် မရှိကြောင်း အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှုးက ရန်ကုန်တိုင်းဒေသကြီး ရှိသတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ထို့ပြင် အစိုးရအဖွဲ့ မှ အတွင်းရေးမှုး ဦးခင်မောင်သိန်းက သာသနမြေ အဖြစ်လျောက်ထားသော မြေသည် သာသနမြေ ဖြစ်ကြောင်းပိုင်ဆိုင်မှု အထောက်အထားကိုပြနိုင် ရမည် ဖြစ်ကြောင်း၊လျှောက်ထားမှု တွင် တည်ဆောက်မှု အတွက် စည်ပင်သာယာရေးကော်မတီ နှင့် အိုးအိမ် ဦးစီးဌာန မှ သက်ဆိုသလို စိစစ်သွားရ ပြီး မြို့နယ် အုပ်ချုပ်ရေး(ထွေ/အုပ်) မှ တာဝန်ယူကာ ကွင်းဆင်းစစ်ဆေးသွားရကြောင်း ပြောကြားသွားသည်။
Popular Myanmar News Journal
No comments:
Post a Comment