လူတွေ ဝိုင်းပယ်ခြင်းခံထားရတယ်ဆိုတဲ့ - - - -


 
လူတွေ ဝိုင်းပယ်ခြင်းခံထားရတယ်ဆိုတဲ့ပုဂံရွှေစည်းခုံ ဘုရားရဲ့ အနောက်ဘက် မဂ်လာသာစည်ရွာမှ သူတောင်းစားကြီး ဦးရေချမ်း . . . မင်းကြိမ်စာကြောင့် တစ်နှစ်တစ်ခါ အနည်းဆုံးအတောင်းထွက်ရတယ် . . .စီပွားရေးအဆင်ပြေလဲ ထွက်ပေးရတယ်ကွယ်. . အဘတို့ကို လူတွေက အဖက်မလုပ်ကြဘူး . . အဘတို့ မင်းဒဏ်သင့် သူတောင်းစားတွေ နေဘို့ မဂ်လာသာစည် ဆိုတဲ့ရွာကလေးကို ဗိုလ်ခင်ညွန့်က တည်ပေးခဲ့တယ်. . . စာသင်ကျောင်းတွေတော့ ရှိတယ် . . တာဝန်ကျတဲ့ဆရာတွေက မသင်ချင်ကြဘူးကွဲ့ . . . ပတ်ဝန်းကျင်မှာ ရှိတဲ့ မြေယာပိုင်ရှင်တွေကလဲ အဘတို့သူတောင်းမျိုးနွယ်တွေကို ခေါ်ခိုင်းရင် မြေပျက်တယ်လို့ အယူရှိကြလို့ ဘာအလုပ်ကိုမှ ခေါ်မခိုင်းကြဘူး . . . အဘတို့ မှာ ကိုယ်ပတ်ဝန်းကျင်လူတွေက ဝိုင်းပယ်ထားတော့ ဘာအလုပ်မှ လုပ်မရကြဘူး ။ ဒါကြောင့် များသောအားဖြင့် တောင်းစားကြရတယ်. . တစ်ချို့ စားနိုင်သောက်နိုင်တွေလဲ ရှိကြပါရဲ့ ဒါပေမဲ့ သူတို့လဲ တစ်နှစ်ကို အနည်းဆုံး တစ်ခါတော့ အတောင်းထွက်ကြရတယ်ကွဲ့ . . . ဦးရေချမ်းပြောသွာတာလေးတွေပါ. . . .

Zin Phyo Htet Wall Photo မှ…။ (FB မှ)

No comments: