လက်ပန်တောင်းတောင်ဒေသအခြေအနေ


လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းလုံးဝဖျက်သိမ်းရေး
ပုဒ်မ(၁၄၄)ရုတ်သိမ်းပေးရေး
မတရားဖမ်းဆီးထားသူများကိုလွတ်ပေးရေး
ဦးပိုင်ကုမ္ပဏီ၏အကြမ်းဖက်မှုမျးးကိုအရေးယူပေးရေး
ကြွေးကြော်သံများဆိုင်းဘုတ်များနှင့်လယ်သမား(၅၀၀)ကျော်ခန့်တုံရွာရှေ့
မှစတင်ချီတက်ခဲ့ပါသည်၊၊
နေ့လည်(၁၂း၃၀)မှစတင်တောင်းဆိုချီတက်ခဲ့ရာမုံရွာမြို့မှပြည်သူများလာ
ရောက်မပေါင်းစည်းနိုင်ရန်၊ချင်းတွင်းမြစ်ဆိပ်ကမ်းကိုမနက်မှစတင်ပိတ်ထားပြီး
ဝက်မှေးရွာသစ်ရှေ့မှာလုံထိန်းကားလေးစီး၊ထန်းတောကြီးဆည်မြောင်း
နားတွင်စစ်ကားလေးစီးစုစုပေါင်း(၈)စီးစောင့်နေပြီးကားများကိုသွားလာခွင့်
ပိတ်လိုက်သည်၊ဆန္ဒပြလယိသမားများကိုပြစ်သတ်ရန်အမိန့်ရထားသည်ဟု
သတင်းကြားသိရသည်၊ကိုအောင်စိုးအပါအဝင်မတရားဖမ်းဆီးခံထားရသူမျာ
လွတ်ပေးရေးတောင်းဆိုသူများကိုဝက်မှေးရွာသစ်ရှေ့ကားလမ်းကိုပထမစည်း
၊ဒုတိယစည်း၊တတိယစည်း(၃)စည်းတား၍(၁၀)ပေစီလိုင်းဒေါက်များဖြင့်တာ
လိုက်ပြီးနောက်ဆုံးစည်းကိုကျော်လျှင်ပြစ်မည်၊၊လယ်သမားများကစည်းရှေ့
ကိုက်(၅၀၀)အကွာမှစည်းကမ်းတကျတန်းစည်းပြီးဆက်လက်ဆန္ဒပြခဲ့သည်၊
လယ်သမားများသည်တောင်းဆိုချက်ဆိုင်းဘုတ်များကိုကိုင်ဆောင်ထားခဲ့
ကြသည်၊၊ညနေ(၃)နာရီထိုးခန့်တွင်ဆန္ဒပြလယ်သမားများတုံရွာဘက်သို့
ပြန်လည်ထွက်ခွာလာပြီးသပိတ်စခန်းဟောင်းနေရာတွင်ခံစားချက်များကို
ဟောပြောခဲ့ကြပြီးလူစုခွဲခဲ့ကြသည်၊၊

(၂၆-၄-၂၀၁၃)

လက်ပန်တောင်းတောင်ဒေသပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကော်မတီ





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: