မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံအကြား စစ်ဖြစ်ပွား ရင် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ အရေးကို ကူညီဖြေရှင်ပေးဖို့ ကိုရီးယားအခြေစိုက် မြန်မာသံရုံးက ပြောပါတယ်။
မနေ့က သံအမတ် ဦးညွန့်လှိုင်ဟာ တောင်ကိုရီးယားနိုင်ငံ အစိုးရ တာဝန် ရှိသူတွေနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့တယ်
“မနေ့က သံအမတ်ကြီးက တောင်ကိုရီးယားအစိုးရတာဝန်ရှိသူ
တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ် နိုင်ငံခြားသားအလုပ်သမား ခြောက်သောင်းလောက်ငှားရမ်းရပြီး
ဒီနှစ်အတွက်လည်း မြန်မာနိုင်ငံသား လေးထောင့်ကိုးရာကို ထပ်မံပို့လွတ်ဖို့ စီစဉ်ထားပြီး လာမယ့်မေလမှာ စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေချိန်မှာ ခုလို ကိုရီးယားနှစ်နိုင်ငံအကြား စစ်ဖြစ်မယ့်အရိပ်အယောင်ဖြစ်နေတာ
ဒီအရိပ်အခြေတွေကြောင့် ထိုင်းနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က စစ်ဖြစ်ရင် သူတို့ရဲ့ နိုင်ငံသားတွေ ပြန်ခေါ်မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်၊
အလားတူ မြန်မာနိုင်ငံအနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေအကျိုးအတွက်
“ဟုတ်ပါတယ်ရှင့်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ကာကွယ်သွားရမှာဖြစ်ပါတယ်။ အတတ်နိုင်ဆုံးလေ။ ဒီဖက်မှာ သံရုံး .ပေါင်း ခြောက်ဆယ်ကျော်ရှိတော့ တခြားသံရုံး ငါးဆယ်ကျော်နဲ့တော့ တိုင်ပင်ဆွေးနွေးပြီးတော့ လုပ်ထားတာရှိပါတယ်။ ဒီက နိုင်ငံတွေ နဲ့ ဆွေးနွေး ထားသလို ကျမတို့ မြန်မာနိုင်ငံဘက်က အစိုးရတွေ နဲ့ဆွေးနွေး ပြီးတော့ အစီအစဉ်တွေ ဆွဲထားပြီးသားပါ” လို့ သံရုံး ဒုတိယ အတွင်းဝန် ဒေါ် သင်းသင်းမြတ်က ဒီဗွီဘီကို ဖြေဆိုသွားပါတယ်၊
အေးနိုင် DVB
No comments:
Post a Comment