လှိုင်းကြက်ခွပ်
ကမ္ဘာ မလည်ဘဲ လူတွေ လည် နေခဲ့ပြီး၊ ကောင်းကင် မပြိုဘဲ လူတွေ ပြိုတယ်။ မွေး ကတည်းက သေမင်း ကို ပတ်ပြေးနေ ရတာဟာ ကောင်းကောင်း မရှင်သန် နိုင်ခဲ့လို့ လို့ ပြောကြတယ်။
သိပ္ပံ မှာ ဖွင့်ဆိုတယ်။ – “ဖြစ်ခဲ့တာတွေ အားလုံး” နဲ့ “ဖြစ်နေတာတွေ အားလုံး” ဟာ – တစ်ခုတည်း က ပုံပြောင်း သွားရုံ သက်သက်။ ဘယ်ဟာ မှ မတိုး လာ သလို၊ ဘယ်ဟာမှ မလျော့ သွားဘူး (လို့ ဆိုတယ်)။ လိုရင်းက – လူ တစ်ယောက် (ဝါ) အရာ တစ်ခု အသက်ရှူရုံမျှလေး က – အဆုံးမဲ့ ခြေရာပေါင်း များစွာ ထားသွား ခဲ့နိုင်တယ်။ ဒါနဲ့များ – ငါ၊ သူတစ်ပါး ခွဲခြားဆဲ၊ သူ့ဥစ္စာ၊ ငါ့ ဟာ သိမ်းပိုက် ယူနေကြဆဲ။ ငါမှ ငါ၊ သူမှ သူ – မာန်မာန တက်ကြဆဲ။
အတွင်းကို ဝင်တဲ့ ခြေလှမ်း ဟာ အပြင်ကို လျောက်ခဲ့တဲ့ ခြေထောက်နဲ့သာ လျောက်လှမ်း ရတာ ဖြစ် ပါတယ်။
“The Universe does not know extinction, only transformation.”
လောက ဟာ အသွင်ပြောင်းရုံ က လွဲရင် အပိုင်းအခြား နဲ့ ကွဲပြားဖြစ်တည် မနေဘူး။ လှိုင်း တစ်လုံးချင်း စီဟာ ပင်လယ်က ကင်းလွတ်ပြီး မဖြစ်ဘူး။ “သူ့ လှိုင်းက ကြီးတယ်” “ငါ့ လှိုင်းက ကြီးတယ်” အဲ့လိုနဲ့ ပြောရင်း ဆိုရင်း ပင်လယ် ထဲ ငုပ်လျိုး ပျောက်ကွယ် သွားကြတယ်။ ဒါ့ကြောင့် အပေါ်ယံ မှာ မာန်တက် နေတဲ့ လှိုင်းကြက်ခွပ် ဟာ တခဏ သာ ခံတယ် မဟုတ်လား။
…………………..
“Becomes the Ocean” Essay 3Photo from “Vertical Here-Now.” ZAYA မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment