တောင်တရုတ်ပင်လယ်တွင် စစ်ပြင်ဆင်ခြင်းမရှိဟု တရုတ်ဆို

Tuesday, 29 May 2012 00:52

တောင်တရုတ်ပင်လယ်တွင်း ငါးဖမ်းထွက်လာသော ဖိလစ်ပိုင် ငါးဖမ်းစက်လှေတစ်စင်း။
ဖိလစ်ပိုင်နှင့် တရုတ် ငါးဖမ်းသမားများသည် တောင်တရုတ် ပင်လယ် စကာဘိုရို စည်းတိမ်ငယ် အနီးတစ်ဝိုက်ရှိ ဖမ်းစရာငါးပေါများ သော စားကျက်ကို နှစ်ပေါင်းများစွာ ငြိမ်းချမ်းစွာ မျှဝေအသုံးပြုခဲ့ကြသည်။
သို့သော် ယခုအခါတွင် ခြိမ်းခြောက်မှု များ၊ ဒုက္ခပေးနှောင့်ယှက်မှုများနှင့် ပူပန်ရမှုများက ပင်လယ်တွင်း ရဲဘော် ရဲဘက်စိတ်ဓာတ် ထားရှိမှုကို အစားဝင် ယူနေသည်ဟု သိရသည်။
ဖိလစ်ပိုင်ကမ်းခြေမြို့ မာဆင်လော့မှ ကီလိုမီတာ ၂၃၀ ခန့်ဝေးသော စကာဘို ရိုစည်းတိမ်တွင် ဖိလစ်ပိုင် တံငါသည်များသည် ၎င်းတို့ ကျွမ်းကျင်သော ငါးဖမ်း လုပ်ငန်းကို လုပ်နေဆဲအချိန်တွင် ရိုင်ဖယ် သေနတ်များ ဝှေ့ယမ်းကာ
တရုတ်ရေတပ်စစ်သည်များက ရော်ဘာ လှေများဖြင့် ၎င်းတို့အား ခြိမ်းခြောက် နေသည်ဟု ၎င်းတို့ကပြောသည်။
"သူတို့က ကျုပ်တို့ငါးဖမ်းလှေတွေ နောက်ကိုလိုက်ဖို့ စက်တပ် ရော်ဘာလှေ တွေလွှတ်လိုက်တယ်။ ဒီလှေတွေက ကျုပ်တို့ငါးဖမ်းလှေ တွေကို ၀ိုင်းထားကြတယ်။ ခြိမ်းခြောက်တာမျိုးတော့မလုပ် ပေမယ့် အန္တရာယ်ရှိနေကြတယ်။ တစ်ခါ တစ်ရံ ကျုပ်တို့လှေတွေကို တိုက်မိလု နီးပါးဖြစ်တယ်။ ကျုပ်တို့ လှေနံရံက သစ်သားဗောတန်းနှင့် ထိလုနီးအထိ တရုတ်ရော်ဘာလှေတွေက ချဉ်းကပ်လာ တယ်"ဟု ငါးဖမ်းလှေစက်ပြင် အသက် ၄၀ အရွယ်ရှိ ဂလန်ဗယ်လီက အေအက်ဖ် ပီသတင်းဌာနသို့ ပြောသည်။
ထိုစည်းတိမ်သည် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း စီးပွားရေးဇုန်အတွင်းရှိ၍ ယင်းနိုင်ငံပိုင်နက် တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု ဖိလစ်ပိုင်ကဆိုသည်။
တောင်တရုတ်ပင်လယ် တစ်ခုလုံး နီးပါးသည် သမိုင်းအခြေခံသော ၎င်း၏ပိုင်နက်ဖြစ်ကြောင်း တရုတ်က တောင်းဆိုသည်။ ၎င်းနေရာသည် ရေနံ နှင့် ဓာတ်ငွေ့ပေါကြွယ်ဝပြီး ငါးဖမ်း လုပ်ငန်းအတွက် စာကျက်ကောင်း ဖြစ်သည်ဟု သိရသည်။
ဆိုးရွားသောရာသီချိန်၌ ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်နှင့် တရုတ် (တိုင်ပေ) မှ ငါးဖမ်းသင်္ဘောများသည် အဆိုပါ စည်းတိမ်သို့ လာရောက်ခိုလှုံကြသည်။
ငါးဖမ်းသမားအချင်းချင်း ကူညီလေ့ ရှိကြသည်ဟု ဗယ်လီကပြောသည်။
တရုတ် ငါးဖမ်းသမားများသည် ဖိလစ်ပိုင်ဥပဒေအရ ထိန်းသိမ်းထား သော ပင်လယ်လိပ်များ၊ သန္တာကျောက်များနှင့် ခုံးကောင်ကြီး များကို ဖမ်းဆီး သွားလေ့ရှိသည်ဟု မာဆင်လော့မှ ဒေသခံများက ဆိုသည်။
ဧပြီလ ၈ ရက်နေ့က တရုတ်ငါးဖမ်း သမားများသည် ယင်းပင်လယ်ထွက် မျိုးစိတ်များယူသည်ဟု ဖိလစ်ပိုင် အာဏာ ပိုင်များက စွပ်စွဲကာ ဖမ်းဆီးရန် ကြိုးပမ်းမှုကို တရုတ်စောင့်ကြည့် သင်္ဘောနှစ်စင်း က ၀င်ရောက်တားဆီးခဲ့ရာ သံတမန် ရေးရာ အငြင်းပွား မှုဖြစ်ခဲ့သည်။
တရုတ်နိုင်ငံသည် လိပ်ခဲတည်းလည်း အခြေအနေကို အဆုံးသတ်ရန် တိုက်ခိုက် ရေးကို ပြင်ဆင်လျက်ရှိသည်ဟု နိုင်ငံပိုင် မီဒီယာတွင် သတိပေးမှုများရှိသော် လည်း တရုတ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာနက စစ်ပွဲအတွက် ပြင်ဆင်ထားခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
မေလ ၁၁ ရက်နေ့၌ ဖိလစ်ပိုင်ရှိ တရုတ်သံရုံး အပြင်ဘက်တွင် ဆန္ဒပြသူ ၃၀၀ ခန့်သည် ပေကျင်း၏ ဗိုလ်ကျမှုကို လူသိရှင်ကြား စွပ်စွဲ ပြောဆိုရန် ဆန္ဒပြ ကြသည်။
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းရှင်များအား ဖိလစ်ပိုင်သို့ ခရီးစဉ်များကို ရပ်ဆိုင်းထားရန် တရုတ်အာဏာပိုင် များက ယခုသီတင်းပတ်၌ အမိန့်ပေး ထားသည်။
ဧပြီလ ၈ ရက် အငြင်းပွားမှုဖြစ်ပြီး တစ်လအကြာ၌ ဖိလစ်ပိုင်မှ တရုတ်နိုင်ငံသို့ တင်ပို့သော ငှက်ပျောသီးများတွင် ပိုးမွှားများပါရှိသည် ဟုဆိုပြီး ပိုတင်းကျပ်သော ဆောင်ရွက်မှုများ ရှိလာသည်။
ထို့ကြောင့် တရုတ်ဆိပ်ကမ်းများတွင် တန်ပေါင်း များစွာသော ဖိလစ်ပိုင် ငှက်ပျောသီး များ ပုပ်ကုန်၍ ထိုလုပ်ငန်းတွင် အကြီး အကျယ် ထိခိုက်မှုများရှိခဲ့ကြောင်း ဖိလစ်ပိုင်၏ စိုက်ပျိုးရေးဗျူရို ဒါရိုက်တာ ကလာရီတို ဘာရွန်ကပြောသည်။
တရုတ်သည် အဆိုပါတင်းကျပ်မှု မျိုးကို ဖိလစ်ပိုင်မှတင်ပို့သော နာနတ်သီးများနှင့် သင်္ဘောသီးများတွင်ပါ ချဲ့ထွင်အသုံးပြုလာ ခဲ့သည်။
မူရင်း

No comments: