| Thursday, 17 May 2012 12:42 | 
![]() 
အမေရိကန်သမ္မတ
 ဘာရက်ခ်အိုဘားမားသည် အမေရိကန် အစိုးရမှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် 
နိုင်ငံရေးနှင့် စီးပွားရေးအရပိတ်ဆို့မှု ဆန်ရှင်များအား ၁ နှစ် 
ဆက်လက်ထားရှိသွားရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။  
ယင်းအနေဖြင့်
 မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် အစိုးရအုပ်ချုပ်မှုပိုင်း 
ဆိုင်ရာများတွင် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်မှာ မှန်သော်လည်း 
မြန်မာ့နိုင်ငံရေးသည် အကူးအပြောင်းကာလတွင်သာ ရှိနေသေးသည်ဟု သတိပေး 
ပြောကြားခဲ့ကြောင်းလည်း သိရှိရသည်။  
မစ္စတာအိုဘားမားသည်
 ယင်း၏ဆုံးဖြတ်ချက်အား အမေရိကန်၊ ဥရောပနှင့် အာရှမှ နိုင်ငံရေးနှင့် 
စီးပွားရေး ခေါင်းဆောင်များက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် 
ဆန်ရှင်များအား ရုတ်သိမ်းသွားရန် တိုက်တွန်းနေသည့်ကြားက 
ချမှတ်ခဲ့ခြင်းဖြစ်သည်။  
သမ္မတက “မြန်မာနိုင်ငံဟာ
 အရေးကြီးတဲ့ ခြေလှမ်းတွေ လှမ်းနေတယ်ပါတယ်။ ဒါပေမယ့် 
နိုင်ငံရေးပိုင်းအရတော့ အကူးအပြောင်းကာလမှာပဲ ရှိနေပါသေးတယ်။ ကျွန်တော့တို့
 အနေနဲ့ ကျန်ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ 
 အစိုးရအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအပေါ်မှာ စိုးရိမ်းမှုတွေ 
ဆက်လက်ရှိနေပါသေးတယ်။” ဟု ပြောကြားသွားခဲ့သည်။  
“ဒီအချက်တွေအပေါ်
 အခြေံခံပြီး ကျွန်တော့အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ 
ဆန်ရှင်တွေကို ၁ နှစ် ဆက်လက်ထားရှိသွားဖို့ ဆုံးဖြန်လိုက်ပါတယ်။” ဟု 
ကွန်ဂရက်စ်သို့ ပေးပို့ခဲ့သည့်စာ၌ “Burma” ဟု အသုံးပြုကာ 
ပြောကြားသွားခဲ့သည်။  
ထိုနည်းတူ
 ယခုဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် 
ဝါရှင်တန်ဒီစီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်နှင့် 
မတွေ့ဆုံမီတွင်ဖြစ်သည်။ 
 | 
