အောင်ပါစေကြောင်း အောင်စေကြောင်း


ရေကြည်တပေါက်ရဖို့ ကျနော့်ကြည့်ပါ
သြော်....ခလေးရယ် မင်းရဲ့ဆုတောင်းပြည့်ပါစေ
မိုး- မိုးရွာပါစေ....တဲ့။
မန္တလေးမြို့က လာတလှည့် မကြာမကြာပျက်တဲ့
မန္တလေးမြို့သူ/သားတွေရဲ့ စကား ငါ့နားနဲ့ကြား
ဟော....အခု တစ်နိုင်ငံလုံးကိုကူးစက်သွားပြီ
မီး- မီးလာပါစေ....ဗျာ။
အဲဒီလိုပဲ
မဟာရန်ကုန်မြို့ရဲ့ အလုပ်စက်ရုံတွေမှာ
ဝမ်းတထွာအရေး အခက်ပွေနေတဲ့
အလုပ်သမားတွေက
လုပ်အားခတိုးမြှင့်ရေး....ဒို့- အရေး...တဲ့။
ဟော....ဒီမှာ
ထွန်တုံးနဲ့နွား အိမ်နဘေးမှာထားပြီး
လယ်ယာမြေအသိမ်းခံရတဲ့ တောင်သူဦးကြီးတွေက
အသိမ်းခံလယ်ယာမြေပြန်ရရှိရေး....ဒို့- အရေး။
ဟော....ဟိုမှာ
မိုးပေါ်ကိုခုန်တက်နေတဲ့ ကုန်န်ဈေးနှုန်း
ပြန်မကျလို့ ဒေါပွ အိမ်ရှင်မတွေ....ကဲ
ကုန်ဈေးနှုန်းကျဆင်းရေး....ဒို့- အရေး။
ဟောဒီမှာ....ဗျို့
ဒုက္ခတွေလှိုင်လှိုင်ဝေတဲ့
နယ်စပ်စစ်ပြေးဒုက္ခသည်တွေ ကျေးရွာတွေကိုစွန့်ခွါ
ဘေးကွာဖို့အရေး
ပြည်တွင်းစစ်ရပ်စဲရေး....ဒို့- အရေး။
ဟိုအရေး ဒီအရေး ငါတွေးတွေးပြီး အိပ့်လို့မပျော်
ကဲ...အခုဘယ်လိုလုပ်မလဲ
အရေးတော်ပုံ အထွေထွေအကြပ်အတည်း
အောင်ပါစေကြောင်း....အောင်စေကြောင်း
ကျနော် အခါခါဆုတောင်းပေးလိုက်မယ်။
( ကိုဗလိုင် )