မျှော်လင့်ခြင်း ဥတုဗေဒ

မျှော်လင့်ခြင်း ဥတုဗေဒ
တဖြတ်ဖြတ်လှုပ်ခပ်
လေပြေညှင်းလဲဖြစ်နိုင်သလို
နာဂစ်လိုလဲ လာတတ်တယ် ။    

နေသာသလို နေဆာလို့  အပူလှိုင်းကြွ
မီးများလဲ လောင်တတ်တယ် ။   

မိုးဖွဲလို့ အေးမြ ပျော်ချိန်မှမရ
ခဏအတွင်းမှာ လမ်းပျက်အိမ်လျွှမ်း
ထစ်ချုန်းမိုးလို ခြောက်လိမ့်မယ် ။

ကဲပါ
မျှော်လင့်ခြင်းဥတုဗေဒ
လှုပ်ခပ်နေတဲ့ မှင်ရုပ်ထိုး
မနေ့ က အကြောင်းများ
ဆူနာမီလို မလာခင်
ကြိုတင်အချက်တွေပြ
ကိုယ်ခံအားကောင်းဖို့ တော့ လိုတယ်လေ ။       
ခါးတမာ