တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံမှာ ဆန္ဒပြအလုပ်သမများကို စက်ရုံတာဝန်ရှိသူတို့ က ကိုယ်ထိလက်ရောက်စော်ကား



ရန်ကုန်တိုင်းလှိုင်သာယာ စက်မှုဇုံန် ၁မှာရှိတဲ့ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံမှာ ဆန္ဒပြအလုပ်သမများကို စက်ရုံတာဝန်ရှိသူတို့ က ကိုယ်ထိလက်ရောက်စော်ကားမှုဖြစ်ခဲ့ပါတယ်
။ ဖြစ်ပုံမှာ အလုပ်သမ မအေးမြက ပစ္စည်းပုံးတွေကို အပြင်သို့ သယ်ခွင့်မပြုနိုင်ကြောင်းပြောတဲ့အခါမှာ ဂိတ်စောင့် မောင်နိုင်ဆိုသူထွက်လာပြီး မိန်းကလေးများစားသောက်နေတဲ့ ထမင်းဝိုင်းကို တက်နင်းသွားပါတယ် ။ ပြီးနောက် ကျော်ဇင်ထက် ဆိုသူက ဇာပုံးတပုံးကို ထမ်းပြီး ထွက်လာတော့ မသဲမာဖြူက တားပါတယ် ။ အဲဒီ့မှာ ကျော်ဇင်ထက်က မသဲမာဖြူရဲ့ ရင်ဘတ်ကို မိုက်ရိုင်းစွာ ဆုတ်ကိုင်လိုက်ပါတယ် ။ သူတို့ နှစ်ဦး သတ်ပုတ်နပန်းလုံး တာကို အလုပ်သမများက ဝိုင်းဆွဲနေစဉ်မှာ မောင်နိုင် ကမသဲမာဖြူရဲ့ဆံပင်ကို လက်နဲ့ ရစ်ဆွဲပြီး ပါးကိုရိုက်ပါတယ် ။ မပြည့်စုံမွှေးက မလုပ်ရန်ပြောဆိုသောအခါ သူမရဲ့ရင်ဘတ်ကို ခြေထောက်နဲ့ စောင့်ကန်ပါတယ် ။ နောက်ပြီး မအေးမြရဲ့ အင်္ဂျီံ ကို ခါးမှ သိုင်းပြီး ရင်ဘတ်ထိရောက်အောင်စုတ်ဖြဲပြစ်ပါတယ် ။ အလုပ်သမလေးခများမြေကြီးပေါ်သို့  ပက်လက်လဲကြသွားရှာပါတယ် ။ ထိုသို့  မိုက်ရိုင်း ရိုင်းပြစွာ အလုပ်သမများအပေါ် လက်ရောက်စော်ကားမှုကို လှိုင်သာယာ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့  DVB သတင်းဌာနမှ ရေးသားဖေါ်ပြထားပါတယ် ။


ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: