ပြန်လာဖို့အရေး မတွေးမိသေးပါ

သမ္မတ၏ ပြည်ပရောက်မြန်မာနိုင်ငံသားတွေပြန်လာဖို့ခေါ်ယူခြင်းကိစ္စနဲ့ပတ်သက်ပြီး ကျနော့်အမြင်သုံးသပ်ချက်

ကိုယ့်နိုင်ငံ ကိုယ့်မွေးရပ် ကိုယ်ကြီးပြင်းခဲ့တဲ့  ကိုယ့်ဌါနေကိုမပြန်ချင်သူဘယ်ရှိကြပါ့မလဲ၊ အကြောင်းအမျိုးမျိုးကြောင့်  မပြန်ချင်သူ
တွေတောင်မှ   တခါတခေါက်တော့ ပြန်ချင်တဲ့စိတ် တိတ်တခိုးတော့ရှိကြမှာ အမှန်ပါ။ ဒါကြောင့် ပြန်လာချင်တဲ့စိတ်ရင်ထဲအပြည့်ရှ
ကြပေမယ့်၊ အခုချိန်မှာပြန်လာဖို့အရေး  ဘာကြောင့်မတွေးသေးတာကို  သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်များသိစေရန် ရေးသား
လိုက်ရပါသည်။
ပြည်ပမှာရောက်ရှိနေတဲ့   မြန်မာနိုင်ငံသားတွေပြန်လာဖို့ကိစ္စနဲ့ပတ်သက်ပြီး  သမ္မတဦးသိန်းစိန်မှ ပြန်လည်ခေါ်ယူခြင်းနှင့်ပတ်သက်
ပြီး  နှုတ်ပါးစပ်နဲ့ ကတိခံဝန်တွေရေးထိုးခိုင်းပြီး ပြန်လာဖို့ခေါ်ယုံနဲ့ မဖြစ်နိုင်သေးသလို၊ လက်ရှိနိုင်ငံရေးအခြေအနေအရ    ပြန်လာဖို့
ဆိုတာ   ဘယ်လိုမှမဖြစ်နိုင်သေးပါ။ ဘာကြောင့်   ပြန်လာဖို့မဖြစ်နိုင်သေးတယ်ဆိုတာကတော့၊          သမ္မတ ပြန်လာဖို့ ခေါ်ယူတာ
ပြည်ပမှာရောက်ရှိနေတဲ့ လူတန်းစာနှစ်မျိုးကိုရွှေးချယ်ပြီးခေါ်ယူတာလို့    ယေဘူရအားဖြင့် သုံးသပ်လို့ရပါတယ်။  ပြည်ပမှာရောက်
ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ လူတန်းစားအလွှာ ၄ မျိုး ၄ တန်းစားရှိတယ်ဆိုတာ သမ္မတကို ဦးစွာပထမသိစေလိုပါတယ်။
အဲဒီလူတန်စား ၄ မျိုးထဲမှာ ပထမလူတန်းစားက  အလုပ်သမားလူတန်းစားနှင့် ငွေကြေးအရင်းနှီးများရှိ၍ ပြည်ပမှာအလုပ်- လုပ်ကိုင်
နေကြတဲ့ စီးပွါးရေးလုပ်ငန်းရှင်လူတန်းစား၊  ဒုတိယလူတန်းစားကတတ်သိပညာရှင်လူတန်းစား၊ တတိယလူတန်းစားက နိုင်ငံရေးနှင့်
စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်ထွက်ပြေးလာကြတဲ့ နယ်စပ်ဒေသအသီးသီးရှိ camp ထဲမှာနေထိုင်နေကြရတဲ့ ဒုက္ခသည်လူတန်းစား၊ စတုထ္တလူတန်းစားကတော့ ၁၉၉၆- ၂၀၀၇- ၁၉၈၈ ခုနှစ်  နိုင်ငံရေးအရ နယ်စပ်ဒေသသို့ထွက်ခွါရောက်ရှိလာကြပြီး၊ ယ္ခုအခါ  နိုင်ငံ
တကာသို့ ရောက်ရှိနေကြတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ လူငယ်၊ ပြည်သူ့စစ်သည်များနှင့်   ၈၈ မျိုးဆက်များအစရှိတဲ့     လူတန်း
စားများနှင့် ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိခဲ့ကြတဲ့    နိုင်ငံရေးသမားများဆိုတဲ့ လူတန်းစား ၄ မျိုးရှိပါတယ်။   အဲဒီလူတန်း
စား ၄ မျိုးနှင့်ပတ်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကို ၄ ပိုင်းခွဲခြားပြီး ကျနော့်အမြင်ကို သုံးသပ်တင်ပြလိုပါသည်။
 
၁- အလုပ်သမားလူတန်စားနှင့် စီးပွါးရေးလုပ်ငန်းရှင်လူတန်းစား ။   ။
ပြည်ပသို့ ရောက်ရှိနေကြသည့် အလုပ်သမားလူတန်းစားများထဲတွင် ပြည်ပတွင်လာရောက်အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားလူ
တန်းစားနှစ်မျိုးရှိပါသည်။ ၁- မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ မှားယွင်းတဲ့ စီမန်ခန့်ခွဲ အုပ်ချုပ်မှုစနစ်ကြောင့်   စားဝတ်နေရေးအခက်
ခဲဖြစ်မှုကြောင့်လည်းကောင်း၊    အလုပ်အကိုင်ရှားပါးမှုအတွက်ကြောင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံတွင်   တနေ့လုပ်၍   တနေ့မ
စားနိုင်သည့်    အခြေအနေဆိုးကြောင့်သော်လည်းကောင်း၊ လုပ်အားခလအပြည့်အဝမခံစားရ၍   သော်လည်းကောင်း    စတဲ့အခြေခံ
အလုပ်သမားများရှိကြသလို၊ ငွေကြေးအရင်းနှီးများရှိကြ၍ ပြည်ပတွင်   စီးပွါးရေးလုပ်ငန်းများလုပ်ကိုင်ကြသည့် အလုပ်သမားလူတန်း
စားနှစ်မျိုးရှိပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်ပတွင်လာရောက်အလုပ်လုပ်ကိုင်ကြတဲ့     အခြေခံအလုပ်သမားတွေဟာ အခက်ခဲ
မျိုးစုံတို့ကို ရင်ဆိုင်ခဲ့ကြရပြီး၊ ပြည်ပမှာ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ အခြေခံအလုပ်သမားများဖြစ်ကြပါတယ်။ တချိန်အရင်က အခက်ခဲမျိုးစုံတို့ကို ရင်ဆိုင်ခဲ့ကြရတဲ့  အခြေခံအလုပ်သမားလူတန်းစားတွေဟာ အခုဆိုရင် အများအားဖြင့်    တနေ့လုပ်၍ တနေ့စား
သောက်နိုင်ရုံမက အပိုငွေတွေကိုစုစောင်းကာ အခက်ခဲရောက်နေကြတဲ့ ပြည်တွင်းက မိသားစုနှင့် ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်း
တွေကို ထောက်ပံမှုများပြုနိုင်ကြသူများဖြစ်တယ်လို့ ယေဘူယျအားဖြင့် တွက်ချက်ခန့်မှန်းလို့ရပါတယ်။အဲဒီအခြေခံအလုပ်သမားတွေ
ဟာ  အထိုက်အလျှောက်လည်းသုံးဖြုန်းနိုင်ကြပြီး၊ လူတော်တော်များများမှာ လက်ကိုင်ဖုန်းတွေကိုစီ ကိုင်နိုင်ကြတာကို တွေ့ရှိရပါတယ်။
ဒါ့အပြင် အလုပ်သမားတွေရဲ့ အခွင့်အရေးများကိုလည်း ယ္ခုအခါတွင် အထိုက်အလျှောက်ရရှိထားသူများလည်းဖြစ်ကြပါတယ်။ ကံဆိုးတဲ့ အခြေခံအလုပ်သမားအနည်းအကျဉ်းလောက်သာ အခုချိန်ခါမှာ လူကူးသန်းရောင်ဝယ်မှုကြောင့်  အလုပ်ရုံတွေမှာ   လောင်ပိတ်ခြင်းခံ
ထားရပြီး လုပ်အားခတွေကို အပြည့်အဝမခံစားကြရပဲ၊ အထုထောင်းတွေနဲ့ ညှင်းပမ်းနှိပ့်စက်မှုတွေကိုခံနေရတယ်ဆိုတာ မီဒီယာက
တဆင့် ကြားသိနေရပါတယ်။ ထိုသို့ ပြည်ပတွင် အကြောင်းအမျိုးမျိုးနှင့် လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ အခြေခံအလုပ်သ
မားတွေဟာ၊ တရုတ်နယ်စပ်၊ အန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ အစရှိတဲ့နိုင်ငံတွေမှာ မြန်မာနိုင်ငံက အခြေခံအလုပ်သမားတွေ
ဟာ သန်းနဲ့ချီပြီရှိကြပါတယ်။ ထို- အခြေခံအလုပ်သမားများကို ပြန်လာကြဖို့ဖိတ်ခေါ်တာဟာ သမ္မတအနေနဲ့ ဒီလူတွေကို မြန်မာနိုင်
ငံမှာ အလုပ်အကိုင်ရှာဖွေပေးနိုင်လို့လား ?  ( ဒါမှမဟုတ် ) နိုင်ငံရေးအကျိုးအမြတ်ရရှိဖို့အတွက်     လူကြားကောင်းအောင်ပြန်လာ
ဖို့ခေါ်ဆိုသလားဆိုတာကို မေးရပါလိမ့်မယ်။ သေချာတာတခုက လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ သန်းနဲ့ချီပြီး  ပြည်ပ
မှာ အကြောင်းအမျိုးမျိုးကြောင့်    လာရောက်အလုပ်- လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို    ပြည်တွင်းမှာ   အလုပ်အကိုင်ပေးဖို့
ဆိုတာ လုံးဝမဖြစ်နိုင်သေးပါ။ လက်ရှိ- ပြည်တွင်းမှာရရှိနေတဲ့ အခြေခံအလုပ်သမားတွေရဲ့ လစာနဲ့ဆိုရင် ပြန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်
သေးပါ။ ကျနော့်အနေနဲ့ သမ္မတနဲ့ အစိုးရအဖွဲ့အား အကြံပြုလိုသည်မှာ ပြည်တွင်းမှာရှိနေတဲ့ အခြေခံအလုပ်သမားတွေရဲ့ လစာများကို ကုန်ဈေးနှုန်း လူနေမှုစရိတ်နဲ့ အညီ အခြေခံအလုပ်သမားများရဲ့လစာတွေကို အရင်တိုးမြှင့်သတ်မှတ်ပေးဖို့ ဦးစားပေးအစီစဉ်အနေနဲ့
ပထမလုပ်ပေးစေလိုပါတယ်။ ကိုယ့်နိုင်ငံအတွင်းက အခြေခံအလုပ်သမားများရဲ့ လစာကို တိုးမြှင့်မသတ်မှတ်နိုင်ပေးပဲနဲ့     ပြည်ပက အခြေခံအလုပ်သမားတွေ ပြန်လာဖို့ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ပြန်လာသူကို ဒုက္ခပေးသလိုမျိုးသက်ရောက်နေပါတယ်။ ကိုယ့်နိုင်ငံကို ဒီလူတွေ တကယ်ပြန်လာလို့ရပြီးလားဆိုတဲ့ အခြေအနေကိုလည်း အရင်သုံးသပ်စေလိုပါတယ်။ ဒါကြောင့်   နိုင်ငံရေးအကျိုးအမြတ်
ရရှိစေဖို့ တခုတည်းနဲ့တော့ လူကြားကောင်းအောင်တော့ ပြန်လာပါလို့တော့ မခေါ်လိုက်ပါနဲ့၊ ကိုယ်လည်းအလုပ်အကိုင်မပေးနိုင်ပဲ ဒုက္ခပေးဖို့ သက်သက်ဆိုရင်တော့ ပြန်လာဖို့ ပြန်လာဖို့ဆိုပြီး မခေါ်လိုက်ပါနဲ့ဦးလို့ အခြေခံအလုပ်သမားနဲ့ပတ်သက်ပြီး ပြောပါရစေ။ ဒါကြောင့် အခြေခံအလုပ်သမားတွေရဲ့ ဘဝ မြန်မာနိုင်ငံကိုပြန်လာတဲ့အခါ အလုပ်အကိုင်ရရှိဖို့နဲ့ သူတို့ရဲ့ဘဝ အေးအေးချမ်းချမ်းနေနိုင်
ဖို့ကို ဦးစွာစီစဉ်ဆောင်ရွက်ပြီးမှသာ ပြန်လာဖို့အတွက်ခေါ်ယူစေလိုပါတယ်။ မည်သူတစ်ဦးတစ်ယောက်မှ ကိုယ့်နိုင်ငံကထွက်ခွါပြီး၊ တိုင်းတပါးမှာ ဒုက္ခအခက်ခဲတွေကိုရင်ဆိုင်ကာ လာရောက်အလုပ်မလုပ်ကိုင်စေချင်ကြပါ။ ကိုယ့်နိုင်ငံကောင်းလျှင် ကိုယ့်ဌါနေမှာပဲ မိစားစုတွေ ဥမကွဲသိုက်မပျက်ပဲ အေးအတူ ပူအမျှ အေးအေးလူလူလုပ်ကိုင်စားသောက်ချင်သူတွေဆိုတာ သမ္မတကိုသိစေအပ်ပါတယ်။
သည်နေရာမှာ ကျနော့်အနေနဲ့ ငွေကြေးအရင်းနှီးများရှိသူတွေပြည်ပမှာ စီးပွါးရေးအရ ရင်းနှီးမြှပ်နှံပြီး လာရောက်အလုပ်လုပ်ကိုသူတွေ
အကြောင်း   အကျယ်တဝင့်ချဲ့ပြီးမရေးသားလိုတော့ပါ၊ ထိုသူတွေက    စီးပွါးရေးအမြင်တွေရှိပြီးသားသူများဖြစ်ကြတဲ့အတွက်ကြောင့်
ပြန်ခြင်း- မပြန်ခြင်းအပေါ် သူတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ကြမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျနော်ကတော့ အခက်ခဲရှိနေ
သူတွေလောက်ကိုသာ အကျယ်တဝင့်ရေးသားရန်လိုအပ်မည်ဟုထင်မြင်မိပါသည်။
 
တတ်သိပညာရှင်လူတန်းစား ။  ။
ပြည်ပမှာ အကြောင်းအမျိုးမျုးကြောင့်   လာရောက်အလုပ်လုပ်ကိုကြတဲ့တတ်သိပညာရှင်များသည်၊ နိုင်ငံခြားကိုအထင်ကြီး၍သော်
လည်းကောင်း၊  လုပ်အားခလစာကောင်း၍သော်လည်းကောင်း၊  ပြည်တွင်းမှာ တတ်သိပညာရှင်တွေရဲ့     အခန်းကဏ္ဍတွေကို ဖိနှိပ့် ထား၍သော်လည်းကောင်း၊  ပြည်တွင်းမှာ   လုပ်အားခလစာနည်း၍ သော်လည်ကောင်း၊  လူမှန်နေရာမှန်မရ၍  သော်လည်းကောင်း  အကြောင်းအမျိုးမျုးကြောင့်    ပြည်ပမှာ လာရောက်အလုပ်ကိုင်ကြတဲ့သူများဖြစ်ကြပါသည်။ ထိုသူများသည်လည်း   ကိုယ့်နိုင်ငံရဲ့ စီမန်ခန့်ခွဲမှုအုပ်ချုပ်မှုစနစ်ကောင်းလျှင် ဘယ်သူမှ ကိုယ့်နိုင်ငံနဲ့ မိသားစုတွေကိုခွဲခွါပြီး     လာရောက်အလုပ်- လုပ်ကိုင်ခြင်းကို မပြု
လိုကြပါ။ မိမိနိုင်ငံကောင်းနေလျှင်    မိမိတတ်ရှိထားတဲ့    အတတ်ပညာတွေနှင့်    မိမိတိုင်းပြည်ကို အကျိုးပြုချင်သူများသာဖြစ်ကြ
ပါတယ်။ ပြည်ပမှာ လစာကောင်းကောင်းရရှိထား၍ အနေချောင်ပြီး အခွင့်ထူးခံ- အခွင့်ထူးစံ လူတန်းစားမဟုတ်ဟု ကျနော်အနေနဲ့
ယူဆပါသည်။ ((( မှတ်ချက်။ ။ အခွင့်ထူးခံ- အခွင့်ထူးစံ လူတန်းစားများတွေလည်း ပါကောင်းပါနိုင်ပါသည် ))) ဒါပေမယ့် တိုင်းပြည်ပြန်
လည်တည်ထောင်ဖို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကြမည့် တတ်သိပညာရှင်များလည်းရှိကြပါသည်။  တိုင်းပြည်ပြန်လည်တည်
ထောင်စဲကာလမှာ အသိပညာရှင်- အတတ်ပညာရှင်တွေရဲ့   အခန်းကဏ္ဍဟာလည်း   သည်နေရာမှာအရေးပါအရာရောက်ပါသည်။
ဘာပဲဖြစ်ဖြစ် တိုင်းပြည်ပြန်လည်တည်ဆောက်တဲ့အခါ နိုင်ငံသားတိုင်းက အုတ်တစ်ချပ်- သဲတစ်ပွင့် တိုင်းပြည်ရဲ့တာဝန်ကို ကျရာ
ကဏ္ဍကနေ မိမိနိုင်ရာတာဝန်တွေကိုယူကြဖို့ အမှန်တကယ်လိုအပ်ပါသည်။ ဒါကြောင့်     ထိုသူတွေပြန်လာကြဖို့အတွက် ဘဝအာ
မခံချက်ရှိတဲ့ လုပ်ငန်းတွေကို    ဖန်တီးထားဖို့လိုပါတယ်၊ ပြန်လာဖို့သာကမ်းလှမ်းပြီး ထိုသူတွေရဲ့ ဘဝတွေကို အထိုက်အလျှောက်
အာမခံချက်ရှိတဲ့ အလုပ်အကိုင်တွေကို ရှာဖွေပေးနိုင်မှသာ ပြန်လာဖို့အတွက်   ကမ်းလှမ်းသင့်ပါသည်။ ထိုသူတွေအတွက်    အလုပ်
အကိုင်တွေကို မဖန်တီးပေးနိုင်ပဲ  ပြန်လာဖို့ နှုတ်ပါးစပ်က ခေါ်ယုံနေလို့ကတော့ မည်သူကမှ ပြန်ဖို့စဉ်းစားသေးမည်မဟုတ်ဟု ကျနော့်အနေနဲ့ ယူဆမိပါတယ်။ သမ္မတကို ကျနော့်အနေနဲ့ သည်နေမှာ အနည်းငယ်အကြံပြုလိုသည်မှာ မိမိတိုင်းပြည်ထဲ
မှာရှိတဲ့ ပြည်သူတွေရဲ့ လူမှု့ဘဝ အထိုက်အလျှောက်ဖူလုံမှုရှိလာအောင် အရင်ကြိုးစားပြီးမှသာ ပြည်ပမှာရှိနေတဲ့ တတ်သိပာရှင်တွေနဲ့ အလုပ်သမားတွေကို ဖိတ်ခေါ်ကမ်းလှမ်းပါလို့ အကြံပြုစေလိုပါတယ်။
 
ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးဒုက္ခည်နှင့် နိုင်ငံရေးသမားများ ။  ။
စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပဋိပက္ခကြီးမားလာမှုကြောင့် နယ်စပ်ဒေသအသီးသီးမှာနေထိုင်နေကြရတဲ့ ဒုက္ခသည်များဟာ၊ တချို့ဆိုရင်
နှစ်ပေါင်းကြမြေ့စွာနေထိုင်လာခဲ့ကြရတဲ့ ဒုက္ခသည်များရှိသလို၊ ပူပူနွေးနွေး စစ်ဘေးကြောင့်တိမ်းရှောင်လာခဲ့ကြရတဲ့ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်တွေလည်းရှိကြပါတယ်။ ဒီလူတွေကို  ပြည်တွင်းမှာ ပြန်လည်နေရာချထားပေးဖို့နဲ့    ပြည်တွင်းကိုပြန်လာဖို့ဆိုတာ
လက်ရှိနိုင်ငံရေးအခင်းအကျင်းပေါ်မှာ တည်နေပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိပဲ ပြန်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်သေးပါ၊
စစ်ဘေးဒုက္ခသည်တွေ မိမိဌါနေကိုပြန်လာဖို့ဆိုတာ     ပြည်တွင်းစစ်ကို ရပ်ဆိုင်းပေးရပါ့မယ်။ တပ်မတော်အနေနဲ့ ပြည်တွင်းစစ်ကို မရပ်ဆိုင်းပေးမချင်း၊ နယ်စပ်ဒေသစခန်းအသီးသီးမှာရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ   မိမိတို့ဌါနေကိုပြန်ဖို့ဆိုတာ မည်သူ
ကမျှ တွေးထားကြမည်မထင်ပါ၊ မည်သူကမျှ မိမိနေထိုင်ခဲ့သည့်ကျေးရွာတွေကိုစွန့်ခွါခဲ့ကြပြီး    ဒုက္ခသည်စခန်းမှာ ဒုက္ခမျိုးစုံတွေကို ခါးစီးခံပြီး ဒုက္ခသည်စခန်းမှာမနေလိုကြပါ၊ တတိယနိုင်ငံတွေက လက်ခံရင် တတိယနိုင်ငံသို့ ထွက်ခွါလိုသူများသာဖြစ်သည်။ ဒါမဟုတ် ကိုယ့်နိုင်ငံအေးချမ်းမည်ဆိုပါက မိမိနိုင်ငံတွင်သာ ကောင်ရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်ချင်သူတွေဖြစ်ကြသည်။ အကြောင်း
အမျိုးကြောင့် နယ်စပ်စခန်းတွေမှာ ရောက်ရှိနေသူများကို ပြန်လည်လက်ခံမည်ဆိုလျှင်၊ ပြည်တွင်းစစ်ကို ရပ်ဆိုင်းပေးပြီး စစ်မှန်တဲ့
တွေ့ဆုံဆွေးနွေးမှုတွေကို တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးပြီးမှသာ တိုင်းရင်းသားခေါင်းဆောင်တွေက ပြန်လာဖို့အတွက်
မီးစိမ်းပြလျှင် ထိုသူများအနေနဲ့ မိမိဌါနေကိုပြန်လာကြမည်ဖြစ်သည်။ ထိုသို့မဟုတ်ပဲ ပြန်လာဖို့ဆိုတာ မဖြစ်နိုင်သေးဟု   ကျနော့်
အနေနဲ့ ယုံကြည်မိပါသည်။ 
ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံရေးနှင့် ပတ်သက်သည့် နိုင်ငံရေးသမားများလူတန်းစား ။   ။
ကျနော်တို့ ပြည်ပမှာရောက်ရှိနေကြတဲ့ တော်လှန်ရေး၊ နိုင်ငံရေးနှင့် ဆက်နွယ်ပက်သက်နေသည့် လူတန်းစားများမှာ....ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူ၊ တပ်မတော်သားများနှင့် ၈၈ မျိုးဆက်များဖြစ်ကြသည်။ သမ္မတအနေနဲ့ မြန်မာပြည်ကို ပြန်လာဖို့ ၁၂. ၅. ၂၀၁၂ နေ့တွင် ဒုတိယအကြိမ်မြောက်ဖိတ်ခေါ်ကမ်းလှမ်းမှုမှာ      နိုင်ငံရေးသမားများဆို၍ သီးသန့်မပါဝင်သေးပေ။  မြန်မာနိုင်ငံပြု
ပြင်ပြောင်းလဲရေး( သို့ ) အသွင်ကူးပြောင်းစကာလမှာ အမိနိုင်ငံဖွံ့တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြည်ပရောက် တတ်သိပညာရှင်တွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ လူ့စွမ်းအားအရင်းမြစ် လိုအပ်နေတဲ့အတွက်ကြောင့် အလုပ်သမားတွေပြန်လာဖို့အတွက်  ၁၂. ၅. ၂၀၁၂ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ထပ်မံခေါ်ယူခဲ့ပြန်ပါတယ်။ နိုင်ငံရေးသမားများကို တရားဝင်ခေါ်ဆိုခြင်းမပြုသေးပါ။ သို့ပါသော်လည်း ၁၇. ၈. ၂၀၁၁ ရပ်နေ့- နေ့စွဲပါ ထုတ်ပြန်ထားတဲ့ ကတိခံဝန်ချက်မှာ....နိုင်ငံရေးသမားများကို ခေါ်ယူခြင်းမရှိသေးသော်လည်း၊ ကတိခံ
ဝန်ချက်များရဲ့ စာပါအကြောင်းရာများက နိုင်ငံရေးသမားများနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု ကျနော်အနေနဲ့ သုံးသပ်မိပါသည်။
ကတိခံဝန်ချက်ရဲ့ စာပါအကြောင်းအရာများကား.......။
( က ) နိုင်ငံတော်အား အကြည်ညိုပျက်စေသည့်အပြုအမူနှင့် ပြောဆိုမှုများကိုရှောင်ကျဉ်ရန်။
( ခ )   နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုကိုထိခိုက်စေမည့် လုပ်ဆောင်မှု၊
         လှုံဆော်ပြောဆိုမှု၊ ရေးသားဖြန့်ဝေမှုမပြုရန်။
( ဂ )  တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းမပြုရန်။
( ဃ ) အဖျက်အမှောက်လုပ်ရပ်များ ရှောင်ရှားရန်။
( င )  နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိ၍ ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ရန်ဆိုကာ
အဖအမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ အသိသက်သေများအမည်နဲ့ လက်မှတ်နှင့်အတူ ဝန်ခံကတိပြုသူအမည်နှင့် လက်မှတ်ရေးထိုးရမှာဖြစ်ပြီး၊
ထို- ခံဝန်ကတိပြုချက်ပါစာပိုဒ်များသည် နိုင်ငံရေးသမားများအား  တိုက်ရိုက်ရေးသားထားသောစာပုဒ်များဖြစ်နေပါသည်။ အကယ်၍ ပြည်ပမှာရောက်ရှိနေကြတဲ့ တတ်သိပညာရှင်၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့   အလုပ်သမားများအား ခေါ်ဆိုလျှင်၊ ယခုလို ခံဝန်ကတိရေးသားရန်လိုအပ်မည်မထင်ပါ။ ကျနော့်အနေနဲ့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်များအား အလေးနက်ထား၍  သိစေ
လိုသည်မှာ ကျနော်တို့ပြည်ပတွင်ရောက်ရှိနေကြသည့်  နိုင်ငံရေးသမားများသည်အဖျက်အမှောက်လုပ်ငန်းများကိုလုပ်ကိုင်နေသူများ
မဟုတ်၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် လှုံဆော်မှုနှင့် ရေးသားဖြန့်ဝေခြင်း  လုပ်သူများ
လည်းမဟုတ်ပါ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းနေသူများသာဖြစ်ပါသည်၊   နိုင်ငံတော်
အကြည်အညိုပျက်စေမည့် ဂုဏ်သိက္ခာကျမည့်လုပ်ရပ်တွေလည်းလုပ်မည်မဟုတ်ပါ။ ကောင်းမွန်စွာပြဌါန်းထားတဲ့   ဥပဒေဘောင်
အတွင်း လွတ်လွတ်လပ်လပ် အေးချမ်းစွာနေထိုင်လိုသူများသာဖြစ်ကြောင်းကို အလေးနက်ထား၍ သိစေအပ်ပါသည်။ ဒီနေရာမှာ အပုဒ် (ဂ) ပါစာအကြောင်းအရာအရ တရားမဝင်အဖွဲ့အစည်းတွေကို မဆက်သွယ်ရဆိုတာ...တရားမဝင်အဖွဲ့စည်းဆိုတာ ဘယ်လိုအဖွဲ့
စည်းမျိုးကိုဆိုလိုတာကို မရှင်းလင်းပါ၊ တချိန်က တရားမဝင်အဖွဲ့အစည်းဆိုတာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ABSDF အဖွဲ့အစည်းကို နိုင်ငံတော်အာဏာအား မတရားသိမ်းဆီးထားတဲ့ ( နအဖ ) မှခေါ်ဆိုခြင်းဖြစ်ပါတယ်။ အခုအခါမှာ ထိုတရား
မဝင်အဖွဲ့အစည်းနဲ့ ဆက်သွယ်ခြင်မပြုရ အပုဒ် ( ဂ ) မှာဆိုထားသော်လည်း အခုချိန်ုအခါ အစိုးရကိုယ်တိုင် တရားမဝင်အဖွဲ့များနှင့် ဆက်သွယ်ပြီး အပစ်ခတ်ရပ်စဲရေးတွေ လုပ်နေပါပြီး။ ဗကသတို့ မြေသြဇာတို့၊ Generation Wave တို့ဆိုတာလည်းမြေပေါ်အဖွဲ့
အစည်းတွေဖြစ်ကုန်ကြပါပြီး၊ တရားမဝင်အဖွဲ့နဲ့ ဆက်နွယ်သူကိုဖမ်းချင်ရင် သမ္မတကိုယ်တိုင်ဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို သမ္မတကိုတိုင်ဖမ်းမိန့်ထုတ်ပြီး ဖမ်းဆီးအရေးယူကာ  ကိုယ့်ကိုကိုယ်ပြန်ဖမ်းချင်ရင် ပြန်ဖမ်းလို့ရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ ((( နောက်တခုက နိုင်ငံတော်တည်မငြိမ်ရေးနဲ့ တရားဥပဒေမစိုးမိုးရေးကို ဘယ်သူဘယ်ဝါတွေကဦးဆောင်ပြီးလုပ်နေတာလည်းဆိုတာ သမ္မတသိပါတယ် ))) 
ဒါကြောင့် ဒီ- ခံဝန်ကတိကို သမ္မတအနေနဲ့ မိမိအစိုးရအဖွဲ့ထဲမှာရှိနေတဲ့ ဂဏန်းသွား- သွားနေတဲ့ သက်ဆိုင်သူတွေကို လက်မှတ်ရေး
ထိုးခိုင်းရမှာဖြစ်ပါတယ်၊ ဒီခံဝန်ကတိပြုချက်ဟာ ကျနော်တို့တတွေနဲ့ မသက်ဆိုင်ပါဘူး။ ကျနော်တို့တတွေမှာ တိုင်းပြည်နဲ့ လူမျိုး
ကောင်းစားစေချင်တဲ့ ဆန္ဒကောင်းများသာရှိကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုး မကောင်းစားချင်တဲ့စိတ် စိုးစင်းမျှမရှိကြပါ၊ တိုင်းပြည်နဲ့ လူမျိုး မကောင်းစားစေချင်တဲ့ စိတ်ရှိသူတွေဟာ ဘယ်သူတွေလည်းဆိုတာ မပြောလည်း သိမည်ထင်ပါသည်။
ဒါကြောင့် ကျနော့်အနေနဲ့ သမ္မတဦးသိန်းစိန်အား အလေးအနက်ထား၍သိစေလိုသည်မှာ...သမ္မတတို့အစိုးရအဖွဲ့ထဲမှာလည်း ပြုပြင်
ပြောင်းလဲရေးကို လုပ်လိုသူတွေနဲ့ ပြုပြင်ပြောင်းလဲရေးကိုမလုပ်လိုပဲ ဒရွတ်တိုက်သွားနေသူများရှိနေသလို၊ ကျနော်တို့ပြည်ပမှာရောက်
ရှိနေကြတဲ့နိုင်ငံရေးသမားတွေမှာလည်း  ဖောက်ပြန်တဲ့လူတန်းစားတွေရှိနေသလို၊ နိုင်ငံနဲ့ ပြည်သူအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိအဖို့အတွက် ယနေ့တိုင် ရိုးရိုးသားသားနဲ့ နိုင်ငံရေးလုပ်နေကြတဲ့   နိုင်ငံရေးသမားတွေရှိကြပါတယ်။ အခုချိန်ခါမှာ   ပြည်တွင်းကိုပြန်ဝင်သွားကြသူများနှင့်    ပြန်ဝင်ရန်တာစူနေသူများဟာ   အထူးသဖြင့်      လက်ရှိပြည်တွင်းနိုင်ငံရေး
ပြုပြင်ပြောင်လဲလာမှုကြောင့် ပြည်ပမှာဂွင်ရိုက်ရန် ဂွင်မရှိတော့၍ ပြည်တွင်းမှာ ဂွင်ပြန်ရိုက်ရန် ကြံရွယ်နေသူများက- များကြပါတယ်၊ အရိုးစိတ်ခံနဲ့ ပြည်တွင်းကိုပြန်ဝင်သွားသူနဲ့ ပြန်ဝင်ဖို့ဆိုတာ အခုချိန်ခါမှာ ခပ်ရှားရှားပဲဆိုရမှာပဲ၊ တကယ့် နိုင်ငံရေးကို ရိုးရိုးသားသား လုပ်ကိုင်နေသူများကတော့ နိုင်ငံအကျိုးထမ်းရွက်ရန် ပြန်ချင်စိတ်ရှိကြပေမယ့် ပြန်လာဖို့အရေး လောလောဆယ်တော့မတွေးမိသေးပါ။
သမ္မတအနေနဲ့ ရင်ထဲက စိတ်ရင်းစေတနာမှန်နဲ့ အကြောင်းအမျိုးမျိုးကြောင့်        ပြည်ပမှာရောက်ရှိနေကြတ နိုင်ငံရေးသမားတွေနဲ့
မြန်မာနိုင်ငံသားတွေကိုခေါ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲစရာရှိတာတွေကို ပထမအရင်ဦးစားပေးပြုပြင်ပြောင်းလဲပြီးမှသာ၊
နှုတ်စကားနဲ့ ကတိခံဝန်ချက်ထိုးခိုင်းပြီး  ပြန်လာဖို့ခေါ်ဆိုမျိုးခြင်းမဟုတ်ပဲ၊ ပြည်ပမှာရောက်ရှိနေကြတဲ့      မြန်မာနိုင်ငံသားများနှင့်
နိုင်ငံရေးအရပြည်ပကိုရောက်ရှိနေကြတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီး- ချုပ်နှောင်- စုံစမ်းစစ်ဆေးမေးမြန်းခြင်း လုံးဝမပြုလုပ်ပါ
ဘူးဆိုတဲ့ အာမခံချက်ရှိတဲ့ ထုတ်ပြန်ကြေညာချက် ( သို့မဟုတ် ) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတကာနဲ့ တစ်နိုင်ငံလုံးရှိ
ပြည်သူများသိအောင် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များတွင် တရားဝင်ထုတ်ပြန်ကြေညာမှု့ပြုကာ ဂုဏ်သိက္ခာရှိစွာဖြင့် မိဘမောင်နှမ- ညီအကိုများ      လာရောက်ကြိုဆိုနိုင်ရန်အတွက်    ကြိုဆိုရေးစခန်းတွေဖွင့်ပြီး    မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အုတ်တစ်ချပ်သဲတစ်ပွင့်   နိုင်ရာတာဝန်များကို ပြန်လည်ထမ်းရွက်ကြရန်     ပြန်လာကြပါလို့ ခေါ်ယူသင့်ကြောင်း ကျနော်အမြင်ကို သုံးသပ်ရေးသားတင်ပြလိုက်ရပါသည်။
( ကိုဗလိုင် )