ခင်ဗျားတို့ စိုက်ထားတဲ့ ပန်းအိုးထဲကမြေတောင် အစိုးရ က ပိုင်တယ် - ဆိုပဲ ။



မ ဆ လ ၊ န ၀ တ ၊ န အ ဖ ဟော ခု ကြံ့ဖွတ် အဲလေ ကြံ့ဖွံ့ ဆိုတဲ့ အာဏာပိုင် အာဏာရှင် အစိုးရတွေ လက်ထက်အဆက်ဆက်မှာ ပြည်သူကို ပြန်လည်ဖြည့်စည်းပေးတယ် ဆိုတာ ထက် ပြည်သူ့ဆီက ယူတာသာများတာပဲ။ န ၀ တ တက်စ က အောင်ဆန်းမြို့သစ်တို့ အင်းစီန် တို့ မြောက်ဥက္ကလာတို့ လိုနေရာတွေမှာ ရပ်ကွက်ထိ ဆင်းလာပြီး တိုင်းမှုးတွေ အစည်းဝေးလုပ်ရင်းပြောခဲ့တယ်။ -ခင်ဗျားတို့ စိုက်ထားတဲ့ ပန်းအိုးထဲကမြေတောင် အစိုးရ က ပိုင်တယ် -ဆိုပဲ ။
တိုင်းပြည်မှာ ခုချိန်ထိကို အာဏာရှင်တွေရယ် သူ့နဲ့ စားခွက်တူ ပုလင်းတူ ဗူးဆို့ တွေဖြစ်တဲ့ ၀ိသမ လောဘ စီးပွါးရေးသမားတွေထားစရာမရှီအောင်ချမ်းသာနေကြပေမယ့် သာမန်ပြည်သူတွေရဲ့
နေ့စဉ် စားဝတ်နေရေး ရုန်းကန်မှုတွေကတော့ သူတို့တတွေရဲ့ ငါ နဲ့ ငါ့အဆွေအမျိုး စီးပွါးဖက်ချမ်းသာရင်ဘာမှ ဂရုမစိုက်ဘူးဆိုတဲ့ မတရားစီးပွါးရှာ ညစ်ပတ် ယူတ်မာမှုတွေကနေ အလွတ်မရုန်းနိုင်ကြသေးပါဘူး။

စားသလောက်မ၀ တဲ့ ၀ိသမလောဘသမားတွေရယ် အာဏာကိုလက်မလွှတ်နိုင်လောက်အောင် စွဲလမ်း ကြောက်လန့်လွန်းတဲ့အာဏာရှင်တွေကြောင့်ပဲ ဖွတ်သထက် ညစ်နေတုန်းဖြစ်ရတာတော့ သာမန်လက်လုပ်လက်စားပြည်သူတွေနဲ့ လခစား ၀န်ထမ်းတွေပါ။(ဒီနေရာမှာ ကုမ်ပဏီဝန်ထမ်းရော အစိုးရဌါနတွေမှာ လစာနဲတဲ့ အောက်တန်းစာရေး စာရေးကြီး စတဲ့ အရာရှိမဟုတ်တဲ့ ခပ်တုံးတူံး ၀န်ထမ်းတချို့လည်းပါသပေါ့လ။ တချို့တော့လည်း အရာရှိမဟုတ်ပေမယ့် လုပ်စားတတ်တော့ တော်တော်သုံးနိုင်သရှင့်။ ဒါက စကားကြုံလို့ပြောခြင်းပါ။)

ဒီအစိုးရဟာ လူတွေကို ငွေကြေးချို့တဲ့တာထက် ကို စိတ်ဓါတ်တွေပျက်စီးချွတ်ယွင်းအောင်လုပ်တယ်။ အကြောက်တရားနဲ့ အမြဲတန်းကြောက်နေအောင်လုပ်တယ်။ လုပ်ခဲ့တယ်။ ခုထိလည်း ပါးစပ်က ဘုရား ဘုရား နဲ့ လက်က လုပ်ချင်တာလုပ်နေတုန်းပဲလေ။
ကျွန်မတို့ က အပြောကောင်းရုံနဲ့တော့ မယုံကြည်ဖို့ လိုတယ်လေ။ 
 
ခုထိ ပြည်သူတွေကို လိမ်လည် လှည့်ဖြားနေတုန်း ၊ ပြည်သူတွေအပေါ် ပြောချင်ရာပြော လုပ်ချင်တာလုပ်နေတုန်းဆိုတာ လူအများသိနေကြပါတယ်။ အထင်ရှားဆုံးကတော့ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာပါပဲ။

မနေ့က အထိ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေဆဲပါ။
လူတွေ ကိုယ့်အိမ်ကိုယ့်ယာ တွေ ပစ်ပြီး စစ်ရှောင်စခန်းတွေ ဖွှုင့် တဲ တွေ ထိုးပြီးနေကြရတယ်။ လက်နက်နဲ့ပဲ သေမလား ရောဂါကြောင့်ပဲသေမလား အစာငတ်လို့ပဲသေမလားဆိုတဲ့ သောကတွေနဲ့ စိုးရိမ်မှုတွေနဲ့ အသက်ရှင်ဖို့ အကြောက်တရားကို ရင်ဝယ်ပိုက်ပြီး နေကြရတဲ့ လူတွေဟာ ကျွန်မတို့နဲ့ မြေထဲ နေ တရေထဲသောက်လို့ သူတို့အမြဲပဲ ညစဉ်ညတိုင်း ရေဒီယို ရုပ်မြင်သံကြားတွေမှာ ကချင်တိုင်းရင်းသားအဆိုတော်တွေကို သီချင်းဆိုခိုင်းပြီးဝါဒဖြန့် ခံ နေရတဲ့ တိုင်းရင်းသားတွေပါ။ ဒီလို တွေ ဆိုပြ ၀ါဒဖြန့်ပြီး တကယ့်အဖြစ်မှန်မတော့ စစ်ရှောင်နေရတဲ့ အချိန်တွေမှာ မိသားစုအတူနေလို့မရဘူးတဲ့ အမျိုးသားသပ်သပ် ကလေးတွေနဲ့အမျိုးသမီးတွေက သက်သက် နေကြရ။ အစားအသောက်အလုံအလောက်မရှိ ဆေးဝါး ပြုစုရေး မလောက်မငှ နဲ့ ပညာသင်ကြားရေး ဘယ့်နှယ်တွေးရပါ့ ဆိုတဲ့ အခြေအနေတွေကို မြင်နေရဲ့နဲ့ သမတ ရဲ့ အပစ်ရပ်အမိန့် အာဏာမတည်လို့ ဒုက္ခတွေများနေကြရတာလည်း အမြင်ပဲမို့လား။

အခုလက်ရှိအစိုးရဟာ တကယ်ပဲ ပြောင်းလဲချင်ပါတယ်ဆိုရင် ပြောင်းလဲပါ့မယ်ဆိုရင်
သူတို့ အရင့်အရင်ကလို့ငါ့စကားနွားရ လုပ်တာတွေ ပြည်သူကို မထေမဲ့မြင်လုပ်တာတွေ လိမ်တာတွေ မတရားလုပ်တာတွေ အကုန်ပြုပြင်ရပါလိမ့်မယ်။ဒါပေမယ့် ခုထိ ဒီအခြေအနေထိအောင် မမြင်ရသေးပါဘူး။ ဒါဟာ တကယ့်စေတနာနဲ့ ပြောင်းလဲအောင်လုပ်တဲ့လုပ်ရပ်မရှီသေးလို့
ပဲဖြစ်ပါလိမ့်မယ်။ တကယ်ပဲ စံနစ်တွေပြောင်းလဲစေချင်သလား တကယ့် စံနစ်အတိုင်းအလုပ်လုပ်ပါ။ ခုန ပြောသလို တကယ်ငြိမ်းချမ်းစေချင်သလား ။ခု ချက်ခြင်း ငြိမ်းချမ်းချင်သလား ခုချက်ခြင်း အပစ်ရပ်ပါ တိုက်ပွဲတွေကိုရပ်ပစ်ပါ။ ပြီးမှာ လိုလားချက်တွေ လိုအပ်ချက်တွေ ကို ဆွေးနွေးကြပါ။ ဒါဟာ ဘာမှ ခဲယဉ်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပမေယ့် ခက်နေတာက သူတို့ အစိုးရကိုယ်တိုင်က ဒါတွေ အပြောနဲ့ပဲ ပြောချင်နေတာ။ တကယ့်လက်တွေ့ဘာမှ မလုပ်တော့ ဘာမှ ဖြစ်မလာသေးဘူး ။ဘာမှ ဖြစ်မလာနိုင်ဘူး။

သမတကြီးဟာ သဘောထားပျော့ပြောင်းပါတယ် ။ပြုပြင်ပြောင်းလဲေ၇းသမးပါဆို
ရင် လက်ရှိ အာဏာနဲ့လုပ်ပိုင်ခွှုင်ကို အသုံးမချနိုင်လောက်အောင် ရုပ်သေးရုပ်ဖြစ်နေသလားလို့ထင်စရာပါပဲ။

ကြည်ကြည်လွင်
ရန်ကုန်မြို့။