ဖန်တီးရှင်တို့  ပိုလိမ်တယ်ဆိုဘဲ
တီထွင်ဖန်တီးနိုင်စွမ်း အားနည်းသောသူများနှင့် နှိုင်းယှဉ်ပါက တီထွင်ဖန်တီးနိုင်သော ဦးနှောက်ရှိသူများသည် ပိုလိမ်တတ်ကြကြောင်း လေ့လာမှုတစ်ခုက ဖော်ထုတ်ခဲ့သည်။ နဂိုကတည်းက တွေးခေါ်နိုင်စွမ်းရှိခြင်းသည် သူတို့၏ ပြုမူပုံများအား လိုသလိုပုံသွင်းနိုင်စွမ်း ရှိခြင်းကြောင့် ဤကဲ့သို့ပြုမူခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ ဟားဗတ်နှင့် ဂျုစ်တက္ကသိုလ်တို့မှ လေ့လာသူများက တီထွင်ဖန်တီးတတ်သော ဦးနှောက်ရှိသူများသည် မရိုးသားမှုများပြုလုပ်ရန် အခြေအနေများနှင့် ကြုံလာပါက လိမ်လည်ခြင်းရှိ၊ မရှိ ဆုံးဖြတ်နိုင်ရန် လေ့လာမှုပေါင်း ငါးခုကို ပြုလုပ်ခဲ့သည်။ ဤတွေ့ရှိချက်များအား Journal of Personality and Social Psychology တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
''တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားတာဟာ လူတွေရဲ့ခက်ခဲတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်စွမ်း မြင့်မားစေပါတယ် ဒါပေမဲ့ တီထွင်ဖန်တီးတတ်တဲ့ သူတွေဟာပြဿနာတွေ၊ အခက်အခဲတွေကို အဖြေရှာတဲ့နေရာမှာ ကျင့်ဝတ်နဲ့ မညီတဲ့နည်းလမ်းတွေကို ကျင့်သုံးတတ်ကြပါတယ်''ဟုဦးဆောင်သုတေသနပြုသူ ဖရန်ဆက်ဆကာဂီနာက ရှင်းပြပါသည်။ လေ့လာခြင်းခံရသူများ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဥာဏ်စွမ်းရည်တို့ကို စမ်းသပ်လေ့လာခဲ့ပြီး ၎င်းစွမ်းရည်များအား ပြသနိုင်ပါက ငွေအနည်းငယ်ပေးသည်။ လေ့လာမှုတိုင်းတွင် မသမာမှုများ ပြုလုပ်၍ အခွင့်အရေးယူနိုင်ပါက ငွေပိုမိုရနိုင်သည့်ကိစ္စများ ထည့်သွင်းထားသည်။ လိမ်လည်ရန် အခွင့်အလမ်းများကိုလည်း လေ့လာသူများက တမင်တကာ ဖန်တီးထည့်သွင်းထားကြပြီး လေ့လာမှုတွင် ပါဝင်သူများက မသိရှိကြပေ။လေ့လာမှုအရ ပို၍ တီထွင်ဖန်တီးနိုင်သော ဦးနှောက်ရှိသူများက ပိုမိုလိမ်လည်တတ်ကြသော်လည်း ဥာဏ်ရည်မြင့်မားခြင်းနှင့် မရိုးမသားပြုမူခြင်းမှာမူ ဆက်စပ်မှုမရှိကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် ဥာဏ်ကောင်းသော်လည်း တီထွင်ဖန်တီးနိုင်စွမ်း နည်းပါးသောသူများသည် လိမ်လည်မှုနည်းပါးကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment