ဘဝမှာ အဲ- ဒီနေ့ အဲ- ဒီရက်ကို
လက်ချိုးရေတွက် စောင့်မျှော်ခဲ့တာ ကြာခဲ့ပြီပေါ့..။
အခုတော့ စောင့်ရကျိုးနပ်သလို
ခင်ဗျားတို့မပါပဲ ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းလို့ ဘယ်လိုရပါ့..။
ပြောပြချင်သည် ရင်တွင်းစကား
လူလူချင်း ဖမ်းဆီး နှိပ့်စက်သတ်ဖြတ်ခြင်း
အမြဲထာဝရ ကင်းဝေးကြပါစေ..။
ဘဝမှာ ငတ်မွတ်နေတဲ့ လူ့အခွင့်အရေး
ဘဝမှာ ဖြစ်ချင်တဲ့ ဒီမိုကရေစီအရေး
ဘဝမှာ လိုလားတဲ့ မျှတတဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး
ဘဝမှာ ချစ်မြတ်နိုးတဲ့ အမျိုးသားရေးစိတ်ဓါတ်
ဘဝမှာ အမြဲတစေရှိရမယ့် တိုင်းရင်းသားသွေးစည်ညီညွှတ်ရေး
ဘဝမှာ တောင်းတခဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး
ဘဝမှာ မျှတမှုရှိတဲ့ အုပ်ချုပ်မှုစနစ် ထွန်းကားရေး
ဘဝမှာ လွတ်လွတ်လပ်လပ်ရှိတဲ့ လွတ်လပ်စွာပြောရေးဆိုခွင့်ရရှိေ ရး
ဒါတွေဟာ....ပေးဆပ်သူတွေရဲ့ ပြင်းပြင်းပြပြ ဆန္ဒအမှန်တွေပါပဲ..။
ငါ့- တိုင်းပြည် ငါ့- ပြည်သူ
ဒီလူတွေကိုချစ်တဲ့ စိတ်အစဉ်ကို
ဘယ်လိုရိုက်ချိုးချိုး ဘယ်လိုရိုက်ဖျက်ဖျက်
ဘယ်တော့မှမပျက်ဘူးဆိုတာ....အဲဒါ ယုံ။
အနှစ်တစ်ရာမက အနှစ်တစ်ထောင်ကျလည်း
ငါ၏ တိုင်းပြည် ငါ၏ ပြည်သူတွေလွတ်မြောက်ဖို့
ဘယ်လိုပဲတား ဆီးဆီး
ဘယ်လောက်ပဲ နှိပ့်စက်ကလူ နိုင်ကျင့်မင်းမူလည်း
ငါသည် မတုန်လှုပ်.....
ငါသည် ငါ၏ ယုံကြည်ချက်
ငါ၏ ခံယူချက် ငါ၏ ဦးတည်ချက်တွေတို့ကို
မြဲလျှက်ဆုပ်ကိုင် မယိုင်မလဲ ပန်းတိုင်ဆီသို့ ရှေ့ရှုမြဲ..။
ပျော်တာပေါ့ အမေရယ်
ယုံကြည်ချက်ကြောင့် ယုံကြည်သူတွေ လွတ်လာတဲ့
အဲဒီနေ့ အဲဒီရက်မှာ ကျနော်ပျော်တယ်....အမေရယ်။
အခုဆို ပီတိတွေကူးစက်
ဝမ်းသာလွန်းလို့ မျက်ရည်စို့စို့နဲ့ ကျနော်လေ
မြတ်ဘုရားထံရှေ့
နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံလွတ်မြောက်လာဖို့
တောင်းဆုတွေဝေ တောင်းဆုတွေချွေနေလျှက်ပါ....အိုမိခင်။
( အမေ့သား ) ဒိန်းမတ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။။။။။
ယုံကြည်ချက် ခံယူချက်ကြောင့် လွတ်မြောက်လာတဲ့
နိုင်ငံရေးအကျဉ်းသားများကို ဤကဗျာဖြင့် လှိုက်လှဲစွာ ကြိုဆိုဂုဏ်ပြုအပ်ပါသည်။
ကိုဗလိုင် ( ဒိန်းမတ် )
No comments:
Post a Comment