ရဲဘော်ဂျာကြီး။
မကဒတ-တပ်ဦးအဖွဲ့ဝင်။ --၁၂-၁ -၂၀၁၂
(မေး)ဘယ်လိုကမ်းလှမ်းတယ်ဆိုတာကိုရှင်းပြပေးပါခင်ဗျ။
(ဖြေ)။--ဟုတ်ကဲ့-ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးအောင် သောင်းနှင့် ဒုတိယ အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်တို့က နေပြီးတော့မှ ငြိမ်းချမ်းရေး ဆွေးနွေး၇န် အတွက်ရင်းနှီး ခင်မင်စွာနဲ့ ဖိတ်ခေါ် အပ်ပါတယ်ဆိုပြီး ကျနော်တို့ဆီကို စာတစ်စောင်ေ၇ာက်လာပါတယ်။
အဲဒီစာတစ်စောင်နဲ့ပါတ်သက်ပြီးသူတို့ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ကအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ် အေးချမ်းသာယာရေး ကောင်စီဥက္ကဌစောခင်စိုးက နေပြီးတော့မှ အဖွဲ့ကိုယ်စား လက်မှတ်ထိုးပြီးတော့မှ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။
အဓိကပြော တဲ့အကြောင်းအရာကတော့ငြိမ်းချမ်းရေး ဖော်ဆောင်ဘို့အတွက် ငြိမ်းချမ်းရေးဆွေး နွေးပွဲမှာ တန်းတူရည်တူ ဆွေးနွေးနိုင်ရန် သဘောထား ချမှတ်ခြင်းနှင့်တွေ့ဆုံဆွေးနွေးနိုင်မယ့်ရက်ကိုပြန်ကြားပေးဘို့ဖိတ်ခေါ်တာဖြစ်ပါတယ်။
မေး။ ။ABSDFခေါင်းဆောင်ပိုင်းအနေနဲ့အခုလိုကမ်းလှမ်းလာတဲ့အပေါ်မှာဘယ်လိုတုံ့ပြန်ဘို့စဉ်းစားထာပါလဲ။
ဖြေ။ ။ABSDFဗဟိုကော်မီတီအနေနဲ့ယခုလိုပြည်ထောင်စု အဆင်ြ့ငိမ်းချမ်းရေး ကမ်းလှမ်းလာမှုကိုကျနော်တို့အဖွဲ့အနေနဲ့ကြို ဆိုတယ်။
အထူးသဖြင့်ကျနော်တို့အဖွဲ့အစည်းဟာ-ကျနော်တို့နိုင်ငံမှာဒီမို ကရေစီနှင့် လူ့အခွင့်အရေး ထွန်းကားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သည့်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက်နိုင်ငံရေး အတွက် တန်းတူ ရည်တူဆွေးနွေးရေးတွေကိုရှိနိုင်ဘို့အတွက်အစဉ်တစိုက်တောင်းဆိုတိုက်ပွဲဝင်ခဲ့တာဖြစ်တယ်။
ဒါပေမယ့်ဒီကြိုးပမ်းဆောင်ရွက်မှုတွေဟာကျနော်တို့(၁)ဖွဲ့တည်းနဲ့လုံလောက်နိုင်မှုမ၇ှိဘူး။
ဒီဆွေးနွေး မှုတွေဟာနိုင်ငံရေးအရသက်ဝင်ရမယ်။
ငြိမ်းချမ်းရေးအတွက် ဖော်ဆောင်တဲ့နေရာမှာသက်ဆိုင်တဲ့တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း တွေပါအားလုံး ပါဝင်နိုင်တဲ့အခင်အကျင်း လိုအပ်တယ်။
သို့သော်လည်းပဲပဏာမ အနေနဲ့တွေ့ဆုံဆွေးနွေးမှုတွေကိုကျနော်တို့အနေနဲ့ကြိုဆို တယ်။
စနစ်တကျတုံ့ပြန်နိုင်ဘို့အတွက်ဗဟိုကော်မီတီထဲမှာ လိုက်နာရမယ်မူတွေ၊ ကျနော်တို့ဆွဲကိုင် ထားရမယ်မူတွေ၊ အပြုသဘော ဆိုင်ရာဆွဲကိုင်ထားရမယ့်မူတွေကိုဆွေးနွေးနေဆဲဖြစ်ပါတယ်။
မေး။ ။အကျဉ်းထောင်တွေထဲမှာABSDF၇ဲဘော်တွေဖမ်းဆီးခံထားရတာတွေရှိပါတယ်။
အဲဒီအချက်တွေကိုထည့်သွင်းစဉ်းစားတာတွေ၇ှိလား။
ဖြေ။ ။--ကျနော်တို့သေသေချာချာကိုထည့်သွင်းစဉ်းစားရမယ့်အချက်တွေပါ။
ငြိမ်းချမ်းရေးကမ်းလှမ်းချက်အပေါ်မှာဆွေးနွေးတဲ့ အပေါ်မှာတတိုင်းပြည်လုံးဆိုင်ကိစ္စတွေ ဆွေးနွေးကြမှာဖြစ်သလို တဆက်တည်းမှာလည်း ကျနော်တို့အဖွဲ့အစည်းဆိုင်ရာ ကိစ္စတွေ လည်းစဉ်းစားရမယ်လို့ ကျနော်တို့ မြင်ပါတယ်။
အထူးသဖြင့်ကတော့ကျနော်တို့အဖွဲ့အစည်းအပေါ်မှာမတရား အသင်အဖြစ် ကြေညာထားတဲ့ ကိစ္စတွေ၇ှိတယ်။
နောက်တခုကတော့ကျနော်တို့ရဲဘော်တွေဟာနှစ် ရှည်ထောင်ဒါဏ်နဲ့ ဗမာပြည် ထောင်တွေထဲမှာ အကြောင်း အမျိုးမျိုး ကျပြီးတော့ မတရား ဖမ်းဆီခံထား ၇တဲ့သူတွေ၊ ABSDFတပ်ဖွဲ့ဝင်တွေ ၇ှိပါတယ်။
ဒီလူတွေဟာနိုင်ငံရေးယုံကြည်ချက်ကြောင့်ပဲအကျဉ်းကျထားတာဖြစ်တယ်။
သူတို့လွတ်မြောက်ရေးအတွက်တပြိုင်တည်းအဖြေရှာ၇လိမ့်မည်လို့ထင်တယ်။
မေး။။။။ဘယ်လိုအခြေအနေမျိုးမှာABSDFအနေနဲ့အပစ်အခတ်ရပ်ဆဲဘို့၇ှိပါသလဲ။
ဖြေ။ ။--ကျနော်တို့လိုချင်တဲ့နိုင်ငံရေးအခင်အကျဉ်းကိုရောက်ဘို့ဆိုတာ အများကြီး လိုအပ်သေးတယ်လို့ ထင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဒါဟာ- အာဏာရယူထားတဲ့အစိုးရဘက်က ဖြစ်ပေါ်လာမယ် နိုင်ငံရေးပြသာနာတွေကိုဖြေ၇ှင်းပြီး တော့အားလုံး တွေ့ဆုံနိုင်တဲ့ အခင်းအကျင်းကို ယုံကြည်အောင် ဖန်းတီးပေးမလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။
RFA အသံလွှင့်ဌာနနှင့် မကဒတဥက္ကဌ ရဲဘော်သံခဲငြိမ်းချမ်းရေး စကားပြောဘို့ ကမ်းလှမ်းသည်ဆိုသည့် ကိစ္စ- အင်တာဗျူး အများ ဖတ်ရှု နိုင်စေရန် အား ဟစ်တိုင်သို့  ပူးတွဲ ပေးပို့ပါသည်။
မှတ်တမ်းရေးသူ။
ရဲဘော်ဂျာကြီး။
မကဒတ-တပ်ဦးအဖွဲ့ဝင်။
ABSDF
ရက်စွဲ-ဇာန်န၀ါရီလ(၁၅)ရက်။
ဓါတ်ပုံများကို ယာဟိုးဆာ့ခ်ျမှ ကူးယူဖော်ပြပါသည်။(ဟစ်တိုင်)
No comments:
Post a Comment