နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု စတင်

အီတလီ လွှတ်တော် အမတ် မစ္စတာ ဂျိုးဆက်
ကျန်ရှိနေသေးတဲ့ မလွတ်မြောက် နိုင်သေးသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး
လွတ်မြောက် နိုင်ရေးအတွက် အားလုံး စုပေါင်းပါဝင်သည့် လှုပ်ရှားမှုကို ဒီကနေ့ ဒီဇင်ဘာလ ၈ရက်နေ့ မနက် ပိုင်းက ရန်ကုန်မြို့ မှာ စတင် လိုက်ပါတယ်။
ကနဦးအနေနဲ့ တာမွေမြို့ နယ်အတွင်းရှိ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်ပေါင်း ၁၅ စု တို့ရဲ့ အိမ်တွေကို စိတ်ဓာတ်ရေးရာ အရ သွားရောက် အားပေး
ကူညီမှုတွေ လုပ်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထွန်းကြည်က ပြောပါတယ်။ ဇန်န၀ါရီလ ၃ ရက် လွတ်ငြိမ်း ချမ်းသာခွင့် ကြေငြာချက် ထုတ်ပြန်
အပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာခြင်း မရှိသည့် အတွက် ကျန်နေသူများ လွတ်မြောက်ရေး အတွက် ယခုကဲ့သို့ လှုပ်ရှားမှုတွေကို စတင်ခဲ့တာ
လို့ သိပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ဟောင်းများက စတင် စေ့ဆော်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ ၂၀၀၇ ဗကသ ကျောင်းသားများ၊ မျိုးဆက်သစ် လူငယ်များ
အစည်းအရုံး( GW)၊ အလုပ်သမား၊ လယ်သမား ကွန်ယက်အဖွဲ့များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ယက်၊ နိုင်ငံရေး အကျဉ်းသား မိသားစုများ ကူညီ
စောင့်ရှောက်ရေး အဖွဲ့ စတဲ့အဖွဲ့ ပေါင်းစုံ ကွန်ယက်ပေါင်းစုံ အပါအ၀င် စိတ်ပါဝင်စားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်ခဲ့ပြီး ဒီကနေ့ သွားအားပေးတဲ့ လူဦးရေ
ကတော့ ၃၀ လောက် ရှိတယ်တယ်လို့ သိရပါတယ်။ ဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသူ မမီမီလွင်ကတော့ အခု လှုပ်ရှားမှုကို ဧရာဝတီ
မြစ်ဆုံ စီမံကိန်း လှုပ်ရှားမှုကဲ့သို့ပင် အလွှာအသီးသီးမှ လူပုဂ္ဂိုလ်များ၊ စာပေ အနုပညာရှင်များ၊ လူတန်းစား အားလုံးပါဝင်သည့် တနိုင်ငံလုံး အတိုင်းအတာ
အထိ ကျယ်ပြန့်သည် လှုပ်ရှားမှု အဖြစ် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင်များကို အားပေးသည့် လှုပ်ရှားမှုအပြင်
အခြား ဝတ်ပြု ဆုတောင်းပွဲ များကို ကိုမင်းကိုနိုင် ပုံပါသည့် တီရှပ်များ ဝတ်ဆင်ကာ လုပ်ဆောင်သွားရန် ရှိကြောင်း ပြောပါတယ်။
အီတလီနိုင်ငံက လာရောက်လေ့လာတဲ့ လွှတ်တော်အမတ် မစ္စတာ ဂျိုးဆက်မလ်ပလီ နဲ့ လည်း မဟန်နီဦး၏ အိမ်တွင် တွေ့ဆုံစဉ် ကိုမင်းကိုနိုင် ပုံပါသော
တီရှပ်ကို လက်ဆောင် ပေးခဲ့သဖြင့် မစ္စတာ ဂျိုးဆက်က အထူး ကျေနပ်အားရ ကျေးဇူးတင်ကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားမှုကို အီတလီ
နိုင်ငံတွင် ပိုမို လုပ်ဆောင်သွားဖို့ ပြောခဲ့ပါတယ်။ ယခုကဲ့သို အလားတူ လှုပ်ရှားမှုတွေကို ၂၀၀၇ တွင် အဖမ်းဆီးမခံရမီက ကိုမင်းကိုနိုင် ဦးဆောင်ပြီး အခြား
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ဦးဆောင်ပြီး လုပ်ခဲ့ပါသေးတယ်။ အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှု (White Sunday Campaign)၊ ပြည်သူတို့ ရဲ့
ရင်ဖွင့်သံ (Open Heart Campaign) စတာ တွေဟာ ပြည်သူတွေကြားမှာ ပြန့်နှံ့ ခဲ့ဖူးပါတယ်။
ဒီကနေ့ လှုပ်ရှားမှုကို အာဏာပိုင်တွေ ဘက်က တစုံတရာ နှောက်ယှက်ခဲ့တာ မရှိပေမယ့် အချို့နိုင်ငံရေး အကျဉ်းသား မိသားစု အိမ်တွေကိုတော့ ယူနီဖောင်း
ဝတ်နဲ့ ရဲများ၊ အခြား အရာရှိများက သွားရောက် မေးမြန်းမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

No comments: