ခင်မမမျိုး
နိဒါန်း
(၁၉၉၉) ခုနှစ်မှာ ယူကေနိုင်ငံ
နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ထုတ်ဝေတဲ့ အစီရင်ခံစာထဲမှာ လူသားတယောက်
ရှင်သန်ရပ်တည်မှုအတွက် Human Capital, Social Capital, Natural Capital, Physical
Capital နဲ့ Financial Capital စပြီး အရင်းအနှီး (၅) မျိုး လိုအပ်ကြောင်း
ရေးသားဖော်ပြထားပါတယ်။ ဒီအရင်းအနှီးတွေ တိုးပွားလာဖို့အတွက် ပညာရေးဟာ ပဓာနကျပါတယ်။
ပညာရေးကြောင့် စွမ်းရည်၊ ဗဟုသုတနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားလာပြီး
Human Capital ကို တိုးတက်စေပါတယ်။ Human Capital တိုးတက်လာခြင်းဖြင့် လူ့ဘဝ
ရှင်သန်ရပ်တည်ရေးအတွက် အခြားအရင်းအနှီးများကိုပါ အကောင်းဆုံး အသုံးပြုနိုင်စွမ်း
တိုးမြင့်လာစေပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးနိုင်ပါတယ်။
ပညာရေးနှင့်
ဖွံ့ဖြိုးတိုးတက်ရေး
ပညာရေးအဆင့် မြင့်မားမှုနဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဟာ ဆက်စပ်နေပါတယ်။ သို့ပေမယ့် ပညာရေးအဆင့်
မြင့်မားလာတဲ့အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာ လား၊ စီးပွားရေး
ဖွံ့ဖြိုးလာတဲ့အတွက် ပညာရေးအဆင့် မြင့်မားလာတာလားဆိုတာနဲ့ ပတ်သက်ပြီးတော့
ပညာရှင်တွေက ဆွေးနွေးငြင်းခုန်နေကြဆဲပါပဲ။ Human Capital Theory ကို ကိုင်စွဲထားသူများကတော့
ပညာရေးဟာ ထုတ်လုပ်မှု မြင့်မားရေးအတွက် လိုအပ်တဲ့ စွမ်းရည်တွေကို
ဖန်တီးပေးနိုင်ကြောင်း၊ ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုဟာ
ကုန်ကျစရိတ်များတယ်ဆိုပေမယ့်၊ အကျိုးကျေးဇူးဖြစ်ထွန်းမှုတွေ အမြောက်အမြား
ရှိလာနိုင်ကြောင်း ထောက်ပြရေးသားကြပါတယ်။
ကမ္ဘာတ၀ှမ်းမှာရှိတဲ့
လူ့အဖွဲ့အစည်းတော်တော်များများ မှာ လုပ်ခလစာနဲ့ ပညာရေးအဆင့်တွေက တိုက်ရိုက်
ဆက်နွယ်မှု ရှိတယ်လို့ ပညာရှင်များက လေ့လာတွေ့ရှိထားကြပါတယ်။ အလုပ်ရှင်
တော်တော်များများက ကျွမ်းကျင်မှုနဲ့ ထုတ်လုပ်မှုအဆင့်မြင့်မားရေးအတွ က်
လုပ်သားများရဲ့ ပညာရေး အဆင့်မြင့်မားမှုကို သွင်ပြင်လက္ခဏာတရပ်
တိုင်းတာသတ်မှတ်လေ့ရှိကြပါတယ်။ နောက်တချက် ကတော့ ပညာရည်မြင့်မားမှုဟာ ဘ၀ကို
စတင်တည်ဆောက်ချိန်မှာတင် အကျိုးပြုတာမဟုတ်ပဲ၊ ဘ၀အနာဂတ် တည်ငြိမ်သာယာရေးကိုပါ
ဖြစ်ထွန်းနိုင်စေပါတယ်။
လူအများက ဒီလိုဆက်စပ်မှုတွေကို
လက်ခံထားကြပေမယ့် Human Capital Theory ကို ဝေဖန်ကြတဲ့ ‘Correspondence Theorists’
(Bowles, Gintis စသူတွေ) ကတော့ ပညာရေးကို အလုပ်ရှင်တွေ တန်ဖိုးထားတာက cognitive
skills တွေကြောင့် မဟုတ်ပဲ၊ ပညာရေးအဆင့်ကွဲပြားမှုပေါ်မူတည်ြ ပီး
အလုပ်တာဝန်ခွဲမှုဆိုင်ရာ occupational hierarchy ကို သတ်မှတ်နိုင်တဲ့
non-cognitive traits တွေကြောင့်လို့ သုံးသပ်ကြပါတယ်။ ဒါကြောင့် ပညာရေးဟာ
လူ့အဖွဲ့အစည်းအတွင်းမှာ social hierarchies ပုံသဏ္ဍာန်သစ်တွေ
ထပ်မံတည်ဆောက်လိုက်တာဖြစ်တယ်လို့  သူတို့က ယူဆပါတယ်။ ‘screening’ theorists
ဖြစ်တဲ့ Wiles, Whitehead စသူတွေကတော့ ပညာရေးဟာ ရွေးချယ်မှုဖြစ်စဉ်လို့
သုံးသပ်ကြပါတယ်။ ကျောင်းသင်ပညာရေးဟာ ဥာဏ်ပညာမြင့်မားသူတွေကို ရွေးချယ်ပြီး၊
စွမ်းရည် မြင့်မားလာအောင် ရွေးချယ်လေ့ကျင့်ပေးခြင်းလို့ ယူဆကြပါတယ်။
ပညာရေးနှင့်
ဆင်းရဲနွမ်းပါးမှု
Human Capital Theory နဲ့
Correspondence Theory ကို လက်ခံသူတွေ က ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ
မူဝါဒတွေကို သီးခြားရေးဆွဲ အကြံပြုထားကြပါတယ်။ Human Capital Theorists တွေက
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးမူ ၀ါဒတွေထဲမှာ ဆင်းရဲနွမ်းပါးတဲ့
အိမ်ထောင်စုဝင်များရဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုအရည်အချင်းတွေ မြင့်မားလာရေးကို
ထည့်သွင်းသင့်တယ်လို့ ယူဆကြပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ရေရှည်မှာ မြို့ပြနဲ့
ကျေးလက်ဒေသ စီးပွားရေး အဆောက်အအုံကို အကျိုးကျေးဇူးသက်ရောက်စေနိုင် မယ်လို့
ဆိုကြပါတယ်။ Correspondence Theory ကို လက်ခံသူများကလဲ လုပ်ငန်းခွင်မှာရှိတဲ့
လုပ်သားများရဲ့ ပညာရေးနဲ့ စွမ်းရည်တွေ မြင့်မားလာအောင် ပြုလုပ်သင့်ကြောင်း
အကြံပြုထားကြပါတယ်။
ပညာရေးကို
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နည်းလမ်းတခုအဖြစ် သတ်မှတ်ထားတဲ့ Human Capital
Theory သဘောတရားများကိုကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ
ချဉ်းကပ်သဘော တရားများမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့
ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးနဲ့ အခြား အရင်းအမြစ်များစွာကို ကမ္ဘာ့ဘဏ်က
ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိက
စိန်ခေါ်တဲ့ပြဿနာတရပ်ကတော့ equity မရှိတဲ့ ပြဿနာ တရပ်ပဲဖြစ်ပါတယ်။
ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွ က် မူဝါဒများ ရေးဆွဲရာမှာ လူ့အဖွဲ့အစည်း
အတွင်းမှာ ရှိနေတဲ့ disadvantaged groups ထဲမှာ ရှိနေတဲ့ ဆင်းရဲနွမ်းပါးသူများ၊
စစ်ဘေးဒုက္ခသည်များ၊ လမ်းပေါ်ရောက်နေသော ကလေးသူငယ်များနဲ့ မိမိတို့ဘာသာ ၀မ်းစာရှာဖွေ
စားသောက်နေရသော ကလေးသူငယ်များ၊ အမျိုးသမီးများရဲ့ အရေးကို ထည့်သွင်းစဉ်းစားဖို့
လိုအပ်လှပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ လေ့လာချက်များအရ
ပညာရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတော် အသုံးစရိတ် တော်တော်များများဟာ တန်းတူညီမျှမှု
မရှိပဲ ဖြစ်နေပြီး၊ ထူးချွန်ထက်မြက်လာဖို့ အလားအလာရှိတဲ့ ကျောင်းသား
တော်တော်များများဟာ မိဘရဲ့ စီးပွားရေးအဆင်မပြေမှု၊ အခွင့်အလမ်းနည်းပါးမှု၊
လုံလောက်သော သတင်းအချက်အလက်များ မရရှိမှု စတဲ့ အကြောင်းတရားတွေကြောင့်
တိုးတက်မှုတွေ နှောင့်နှေးနေကြရကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့်
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အတွက် ပညာရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ
ပြုလုပ်ဖို့ လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြပြီး
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို ဦးတည်တဲ့ ပညာရေးဆိုင်ရာ မူဝါဒများနဲ့
framework များကိုလဲ ဖော်ထုတ်ခဲ့ကြပါတယ်။
Education
decentralization
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို
ဦးတည်တဲ့ ပညာရေးဆိုင်ရာ framework များစွာအနက် Education decentralization ကို
နိုင်ငံတော်တော်များများမှာ အသုံးပြုလာကြပါတယ်။ Rondinelli (1981) ဆိုသူက
decentralization ဆိုတာ စီမံကိန်းများရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းနဲ့
လုပ်ငန်းဆောင်တာ များကို စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို
အစိုးရအဆင့်ကနေ အဖွဲ့အစည်းအဆင့်၊ အေဂျင်စီ အဆင့်များကို တာဝန်ခွဲဝေပေးခြင်းလို့
အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် decentralised state
apparatus တခုရဲ့ လုပ်ပိုင်ခွင့်တွေ တိုးမြင့်လာပြီး၊ သက်ဆိုင်ရာဒေသအလိုက်
လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို ပိုမိုဖြည့်ဆည်းပေးနိုင်တယ်လို့
သုံးသပ်ကြပါတယ်။
ဒီလိုလွှဲပြောင်းပေးနိုင်တဲ့
လုပ်ပိုင်ခွင့်ပါဝါတွေထဲမှာ နိုင်ငံရေးပါဝါ၊ အုပ်ချုပ်ရေးပါဝါနဲ့ ဘဏ္ဍာရေး
စီမံခန့်ခွဲမှုပါဝါတွေ ပါဝင်နိုင်ပါတယ်။ Martinussen (1997) ဆိုသူက
decentralization အမျိုးအစားလေးမျိုး ခွဲခြားဖော်ပြခဲ့ပါတယ်။ ပထမအမျိုးအစားကတော့
အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းတာဝန်တွေကို ၀န်ကြီးဌာန
တခုချင်းစီအလိုက် ဒေသဆိုင်ရာ ယူနစ်တွေကို တာဝန်လွှဲပေးတဲ့ Deconcentration
အမျိုးအစား ဖြစ်ပါတယ်။ ဒုတိယအမျိုးအစားကတော့ semiautonomous government agencies
တွေကို သက်ဆိုင်ရာကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ငန်းဖော်ဆောင်မှုတာဝန်များ
ခွဲဝေလွှဲပြောင်းပေးတဲ့ Delegation အမျိုးအစား ဖြစ်ပါတယ်။ တတိယအမျိုးအစားကတော့
လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို ဒေသဆိုင်ရာ အစိုးရတွေကို လွှဲပြောင်းပေးထားတဲ့
Devolution အမျိုးအစား ဖြစ်ပါတယ်။ စတုတ္ထအမျိုးအစားကတော့ လုပ်ငန်းတာဝန်အချို့ကို
Privatisation လုပ်ခြင်းပဲ ဖြစ်ပါတယ်။
ဒီလိုတွေ လုပ်ခြင်းအားဖြင့်
decentralization ဟာ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုသဏ္ဍာန် (structures) နဲ့ ဖြစ်စဉ်
(processes) တွေကို အသွင်ပြောင်းပေးနိုင်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှု
သဏ္ဍာန်ကို ဆင်းရဲနွမ်းပါးသူများအား ကိုယ်စားပြုသော ဖြစ်တည်မှုသဏ္ဍာန်များ
တည်ဆောက်ခြင်း၊ ဒေသတဦးချင်းစီရဲ့ လိုအပ်ချက်ကို ကူညီဖြည့်ဆည်းပေးနိုင်သော
အဖွဲ့အစည်းများ ပေါ်ထွန်းလာခြင်း၊ privatisation ရဲ့ အကျိုးကျေးဇူးဖြစ်တဲ့
ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် လုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်
ဖော်ဆောင်နိုင်လာခြင်း စတာတွေနဲ့ အသွင်ပြောင်းနိုင်ပါတယ်။
ဖြစ်စဉ်တွေကိုတော့
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မူဝါဒများချမှတ်ရာမှာ ဒေသဆိုင်ရာ သတင်းအချက်အလက်များ
ထည့်သွင်းအသုံးပြုနိုင်ခြင်း၊ ဆင်းရဲနွမ်းပါးသူ များနဲ့ မူဝါဒ ချမှတ်သူများအကြား
ဆက်သွယ်မှု တိုးမြင့်လာစေခြင်း၊ မူဝါဒများ ရေးဆွဲရာမှာ ပါဝင်မှုဖြစ်စဉ်များ
(participatory processes) များ တိုးမြင့်လာစေခြင်း၊ တာဝန်ခံမှု (accountability)
နှင့် ပွင့်လင်းမြင်သာမှု (transparency) များ ပိုမိုရှိလာခြင်း စတာတွေနဲ့
အသွင်ပြောင်းနိုင်ပါတယ်။
သို့ပေမယ့် decentralization ဟာ
ဆင်းရဲနွမ်းပါးသူများဘက်မှ ချဉ်းကပ်ရပ်တည်ခြင်း (pro-poor approach) အနေနဲ့တော့
သူ့ဘာသူအသွင်ပြောင်းသွားနိုင်ြ ခင်းမရှိပါဘူး။ ဒီလိုအသွင်ပြောင်းလာအောင်
စနစ်တကျ စီမံချက်များ ရေးဆွဲပြီး၊ အကောင်အထည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ Education
Decentralization နဲ့ သက်ဆိုင်တဲ့ pro-poor conditions တွေကို ပညာရှင်များက
လေ့လာဖော်ထုတ်ခဲ့ကြရမှာ ဗဟိုနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများအကြားက ဆက်ဆံရေး
(central-local relations) နဲ့ local mechanisms များက အဓိကကျပါတယ်။
Central-local relations ဆိုရာမှာ
ဗဟိုအစိုးရအနေနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို political commitment
တခုအနေနဲ့ သတ်မှတ်ပြီး၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပရိုက်ဗိတ် အဖွဲ့အစည်းတွေကို
လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေ ခွဲဝေပြဌာန်းပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ
ဒေသဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပြဌာန်းခွင့်နဲ့ တာဝန်ခံမှုအကြားကို
ချိန်ခွင်ညှိပြီး၊ စီမံချက်များ ချမှတ်လုပ်ဆောင်နိုင်တဲ့ ဘဏ္ဍာရေးအရင်းအမြစ်
အသုံးချနိုင်ခွင့်ပါဝါ ရှိဖို့ လိုအပ်ပါတယ်။
ဗဟိုအစိုးရအနေနဲ့
အုပ်ချုပ်ရေးယူနစ်များအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ြ ခင်း၊ နိုင်ငံတော်က
ချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီခြင်း စတာတွေကို စောင့်ကြပ်ကြည့်ရှုပြီး
လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဘဏ္ဍာရေးအရင်းအမြစ်
ခွဲဝေသုံးစွဲမှုဆိုင်ရာ မသမာမှုများနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများကို ပါဝါရှိတဲ့
ရေပေါ်ဆီလူတန်းစားများက စွက်ဖက် ချုပ်ကိုင်မှုများ ဖြစ်ပွားလာခြင်း မရှိအောင်လဲ
ဗဟိုအစိုးရက စောင့်ကြပ်ကြည့်ရှု ထိန်းသိမ်း ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့
privatization ကို အကောင်အထည်ဖော်ဆောင်ရာမှာလဲ အကျိုး အမြတ်ကိုပဲ ကြည့်တဲ့
လုပ်ငန်းများကို ဦးစားပေးခြင်း မဟုတ်ပဲ pro-poor approach လုပ်ငန်းများကို
ဦးစားပေးဖို့ လိုအပ်ပါတယ်။
Local mechanisms တွေမှာတော့
ကိုယ်စားပြုဒီမိုကရေစီ (representative democracy)နဲ့ အခြား participatory
democracy စနစ်ကို အကောင်အထည်ဖော်ပြီး၊ မူဝါဒချမှတ်မှုများနဲ့ တာဝန်ခံမှု၊
ပွင့်လင်းမြင်သာမှုတွေကို ဆင်းရဲနွမ်းပါးသူများက ကိုယ်စားပြုနိုင်တဲ့ Voice
mechanism ၊ ဒေသဆိုင်ရာနိုင်ငံရေးနဲ့ လှုပ်ရှားဆောင်ရွက်မှုများဆိုင် ရာ
သတင်းအချက်အလက်များ ပံ့ပိုးပေးတဲ့ Information mechanism နဲ့
ဆင်းရဲနွမ်းပါးသူများမှ ပရိုက်ဗိတ်နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့
ပံ့ပိုးကူညီမှုကို ယူဆောင်ခြင်းဆိုင်ရာ Exit mechanism များကို ဖော်ထုတ်ပေးဖို့
လိုပါတယ်။
နိဂုံး
ဘောဂဗေဒပညာရှင် Amartya Sen က
ဆင်းရဲနွမ်းပါးမှုဆိုတာ လူ့အဖွဲ့အစည်းတခု ထိရောက်စွာ ရှင်သန်လည်ပတ်ရေးအတွက်
စွမ်းရည် (capability) လျော့နည်းခြင်းလို့ ဆိုခဲ့ပါတယ်။ ဒီလိုစွမ်းရည်
လျော့နည်းရခြင်းမှာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေး ခြင်းကလဲ
အရေးပါတဲ့ အကြောင်းတရား ဖြစ်တာကြောင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာအောင်
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ြ ခင်းအားဖြင့် လူတဦးချင်းစီရဲ့ human capital
တိုးမြင့်လာပြီး၊ ဆင်းရဲနွမ်းပါးမှု ကို လျှော့ချပေးနိုင်ပါကြောင်း
ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၁၂၊ ၅၊ ၂၀၁၂)
ရည်ညွှန်းကိုးကား
Crook, Richard C. & Alan
Sturla Sverrisson (2001). “Decentralisation and poverty alleviation in
developing countries: a comparative analysis or, is West Bengal unique?” IDS
Working Paper 130, Brighton: Institute of Development Studies.
Gemmel, N. (1996). Evaluating the
impacts of human capital stocks and accumulation on economic growth: some new
evidence. Oxford Bulletin of Economics and Statistics, 58(1), 9-28.
Hanushek, E. A., & Wößmann,
L. (2007). The role of school improvement in economic development. NBER Working
Paper 12832. Cambridge, Mass.: National Bureau of Economic Research.
Krueger, A., & Lindahl, M.
(2001). Education for growth: Why and for whom? Journal of Economic Literature,
39, 1101-36.
Martinussen, John (1997) Society,
State and Market: A Guide to Competing Theories of Development, chapter 15, Zed
Books, London
Rondinelli, D.A. (1981)
“Government Decentralization in Comparative Perspective: Theory and Practice in
Developing Countries”, International Review of Administrative Sciences, Vol.
47: 22-42.
Sen, A. (2001). Development as
freedom. Oxford: Oxford University Press.
World Bank (2001)
“Decentralisation and governance: does decentralisation improve public service
delivery?” PREM notes, June 2001, Number 55