af Ko Baloi den 1. december 2012 kl. 13:45 ·
၁- ယနေ့- ဖြစ်ပေါ်ရင်ဆိုင်ဖြေရှင်းနေရသည့် မြန်မာနိုင်ငံ၏ အထွေထွေအကြပ်အတည်းများထဲတွင် ရေတိုစီးပွါးရေးရင်းနှီးမြှပ်နှံမှုများသည်
လည်း တခုအပါအဝင်ဖြစ်လာသည်။ နှစ်ပေါင်းများစွာ စစ်အာဏာရှင်များအုပ်စိုးစဉ်လက် ထက်၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး- စစ်ရေးပဋိပ
က္ခကြီးကြီးမားမားရှိနေတာကိုသိပါ လျှက်နှင့်
ရေတိုအကျိုးစီးပွါးရေးတမျက်နှာ ကိုသာကြည့်ပြီး
စီးပွါးရေးလာရောက်ရင်းနှီးမြှပ် နှံမှုများ မဆင်
မချင်လုပ်ခဲ့မိတဲ့အတွက် လက်ပတောင်တောင်ကြေးနီစီမံကိန်း သည်လည်း
ယနေ့ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စတရပ်ဖြစ်လာပါသည်။
ဒါဟာ...စစ်အာဏာရှင်စနစ်ဆိုးအုပ် ချုပ်ခဲ့သည့်
နောက်ဆက်တွဲဆိုးကျိုးများဖြစ် သည်။
ရေတိုအကျိုးစီးပွါးရေးရင်းနှီြး မှပ်နှံမှုပိုင်းဆိုင်ရာတွင်
ဘာအာမခံချက်မရှိပေ....ဘာအာမခံချ က်မှ မရှိသည့်အတွက် ရေတိုအကျိုးစီးပွါးရေးဟုခေါ်တွင် သည်။ ရေရှည်အကျိုးစီးပွါးရေးမူဝါဒပို င်းဆိုင်
များရာတွင် အာမခံချက်အပြည့်ရှိသည်။
ရေရှည်အကျိုးစီးပွါးရေးလုပ်ကို င်လိုသူများသည်၊
၎င်းတို့စီးပွါးရေးရင်းနှီးမြှပ်နှံမှုပြုလုပ်မည့် နိုင်ငံတွင်
နိုင်ငံရေးတည်ငြိမ်မှုရှိမရှိ အရင်ဦးစွာလေ့လာသုံးသပ်ပြီးမှသာ
စီးပွါးရေးရင်းနှီးမြှပ်နှံမှု ပြုလုပ်သင့်/ မသင့်ကို ဆုံးဖြတ်ကြပါသည်။
ရေတို
အကျိုးစီးပွါးရေးသမားများသည် ဘာအချက်ကိုမှမလေ့လာမသုံးသပ်တော့ ပဲ ကိုယ်ကျိုးကိုသာကြည့်ခြင်းဖြစ် သည့်အတွက် ထိုမှဖြစ်
ပေါ်လာသောအကျိုးကျေးဇူးရလဒ်များ ကို ၎င်းးတို့သာခံစား- စံစားကြရပါသည်...ထိုဖြစ်ပေါ်လာေ သာ အကျိုးကျေးဇူးရလဒ်ကို ပြည်သူ
အများမခံစားရချေ။
၁၉၈၈ ခုနှစ်နောက်ပိုင်း တရားမဝင် အာဏာသိမ်း ( နဝတ ) ( နအဖ ) စစ်အုပ်စုကို နိုင်ငံတကာက အကူအညီမပေးဖို့နဲ့ စီးပွါးရေးရင်းနှီး
မြှပ်နှံသူများတွေကိုလည်း ရေတိုအကျိုးစီးပွါးရေးမျက်နှာကိုသာမကြည့်ပဲ၊ ရေရှည်အကျိုးစီးပွါးရေးကိုကြည့် ကာ ရင်းနှီးမြှပ်နှံမှုများလုပ်
ကြဖို့ အာဆီယံနိုင်ငံတွေနှင့်
စစ်အစိုးရအားထောက်ခံကူညီနေသောနိုင်ငံများ၊
ရင်နှီးမြှပ်နှံမှုလုပ်လိုသူများ ကို ပွင့်ပွင့်လင်းလင်း ကျနော်
တို့ပြည်တွင်း- ပြည်ပရှိ ဒီမိုကရေစီအင်အားစုများမှ
သက်ဆိုင်ရာနိုင်ငံများနှင့် ရင်းနှီးမြှပ်နှံသူတွေအပေါ်
အကြိမ်ကြိမ်အသိပေးကာ၊ ကျနော်
တို့ရဲ့ ဆန္ဒမှန်များနဲ့ သဘောထားမှန်တွေကို ပြည်သူများကိုယ်စား အဖွဲ့အစည်းအနေနဲ့ အကြိမ်ပေါင်းများစွာတောင်းဆိုဆန္ဒပြကာ
ထုတ်ဖော်ထားပြီးဖြစ်ပါတယ်။ တချိန်က ကျနော်တို့ရဲ့ အဲဒီတောင်းဆိုမှုတွေကိုမျက်ကွယ်ြ ပု- လက်လီရှုခဲ့သည့်အတွက် နောက်ဆက်တွဲ
ဖြစ်ပေါ်လာတဲ့ ပြဿနာများကို ဒီမိုကရေစီစနစ်သို့ ရောက်ရှိသွားခဲ့သည့်အခါတွင်လည်း ကောင်း၊ ကနေ့- အပေးအယူလုပ်နေတဲ့ ဒီမို
ကရေစီအသွင်ကူးပြောင်းကာစ အချိန်ခါစပ်ကြားတွင်လည်းကောင်း ၎င်းတို့ရဲ့ စည်းလွတ်- ဝါးလွတ်၊ စည်းမရှိ- ကမ်းမရှိတဲ့ ဖက်စပ်
ရင်းနှီးမြှပ်နှံမှုပိုင်းဆိုင် ရာလုပ်ငန်းတွေဟာ တနေ့မဟုတ်တနေ့ တနည်းမဟုတ်တနည်း မလွဲမသွေရင်ဆိုင်ဖြေရှင်းပေး ရမည့် ကိစ္စရပ်
များဖြစ်လာပါသည်။
အခုဆိုရင် မြန်မာနိုင်ငံကို နေဝင်း၊ စောမောင်၊ ခင်ညွှန့်၊
သန်းရွှေနိုင်ငံဟုထင်ခဲ့ပြီး ရေတိုအကျိုးစီးပွါးရေးရင်းနှီး လုပ်ကိုင်ခဲ့သော
တရုတ်ကွန်မြူနစ်အစိုးရသည် မြစ်ဧရာ
ကိစ္စနှင့်ပတ်သက်ပြီး လွမ်းတသသနဲ့ ဆွေးဆွေးမြ့မြေ့ဖြစ်နေသေးစဲကာ လမှာ အခု-လက်ပတောင်းတောင်ကြေးနီစီမံ ကိန်းကိစ္စထပ်
ဆင့်ပေါ်ပေါက်လာတဲ့အခါ နေမထိထိုင်မရဖြစ်ကာ မထိမ်းနိုင်သိမ်းမရဖြစ်ပြီး
ဒေါသကြီးကြီးများပေါက်ကွဲကာ.... .တရုတ်ကွန်မြူနစ်အစိုးရ၏
သဘောထားကိုထင်ဟတ်စေသော အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေတဲ့ ဂလိုဘယ်တိုင်းသတင်းစာတွင်
တရုတ်ကုမဏ္ဍီအကျိုးစီးပွါးရေး
အတွက် တရုတ်နိုင်ငံရဲ့ သြဇာကိုအသုံးပြုဖို့လိုအပ်ကြော င်း အတိအလင်းထုတ်ဖော်ပြောကြားလာပါ တယ်။ ဒါဟာဘာကိုပြသလိုက်သလဲ
ဆိုရင် လက်ပတောင်းတောင်ကြေနီစီမံကိန်ြး ကီးရပ်တန့်သွားလျှင် တရုတ်အစိုးရရဲ့ အကျိုးစီးပွါးရေးကို များစွာထိခိုက်စေတာကို ပြသ
လိုက်ခြင်းပင်ဖြစ်သည်။ ဒီနေရာမှာ လက်ရှိအစိုးရသည်
ရေတိုအကျိုးစီးပွါးရေးရင်းနှီြး မှပ်သူများနှင့် ဖက်စပ်လုပ်ကိုင်သူများ၏
မျက်နှာကို ကြည့်နေစရာမလိုပါ။ ထိုသူများ၏ အကျိုးစီးပွါးရေးများကိုလည်း
အကာကွယ်ပေးစရာမလိုပေ...နိုင်ငံေ တ်ာနှင့် ပြည်သူ့အများ၏ အကျိုး
စီးပွါးရေးကိုသာ အကာကွယ်ပေးရမည်ဖြစ်သည်။
စီးပွါးရေးရင်းနှီးမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း-
ဥပဒေများကိုဖောက်ဖျက်ပြီး၊ ရေတိုအကျိုးစီးပွါးရေးကိုသာ ဦးစားပေးလျှင်
ဘယ်လိုရင်းနှီး
မြှပ်နှံမှုများမှ ရေရှည်အာမခံချက်မရှိပေ။ တချိန်မဟုတ် တချိန်ကြရင်
ရေတိုရင်းနှီးမြှပ်နှံမှု ကိစ္စရပ်များကို အာဏာရှင်အစိုးရမှလွဲပြီး
ဘယ်အစိုးရတက်တက် ၎င်းကိစ္စရပ်များကို ကိုင်သွယ်ဖြေရှင်းပေးကြရမည်ဖြစ် သည်။
ဒါကြောင့် နိုင်ငံရေးမတည်ငြိမ်သေးတဲ့ နိုင်ငံတွေမှာ
ရေတိုအကျိုးစီးပွါးရေးကိုမလုပ် ကြဖို့ ကျနော်တို့တတွေတောင်းဆိုဆန္ဒပြ ကန့်ကွက်ရခြင်းဖြစ်သည်။
ဘယ်သူသေသေ- ငါမသေရင်ပြီးကော၊ ဘယ်သူတွေ ဒုက္ခရောက်ရောက် ငါကြီးပွါးချမ်းသာရင်ပြီးရောဆို ပြီး မတရားသောနည်းလမ်းများ
ဖြင့် စီးပွါးရေးလောဘရမက်ကြီးခဲ့သော ရေတိုအကျိုးစီးပွါးရေးသမားများ သည် တနေ့နေ့ တချိန်တွင် ၎င်းတို့ရဲ့ စီးပွါးရေးရင်းနှီးမှုများကို ပြန်
လည်ရုပ်သိမ်းပေးရမည့်အပြင်- နယ်မြေခံများက အချက်ကျကျနစ်နာခဲ့မှုများကို တရားစွဲဆိုလျှင် မြောက်များစွာသော ဒဏ်ငွေများကို
လည်းပေးဆောင်ကြရမည်ဖြစ်သည်။
၂- ယနေ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာ လတွင် ယ္ခင်ကပြုလုပ်ခဲ့ကြတဲ့ လုပ်ရပ်မှားတွေကြောင့်၊ ယ္ခင်က မှားယွင်းခဲ့သည့် အုပ်ချုပ်မှု
စနစ်ဆိုးကြောင့် နောက်ဆက်တွဲဆိုးကျိုးပြဿများကို အခုဆိုလက်တွေ့ကျကျပြန်လည်ကိုင် သွယ်ဖြေရှင်းနေကြရပြီးဖြစ်သည်။ စနစ်တ
ခုကနေ စနစ်တခုကိုလွတ်လွတ်ကျွတ်ကျွတ်ကူးပြောင်းသွားတဲ့နိုင်ငံတွေတောင် မှာတောင် ဖြေရှင်းလို့မပြီးသေးတဲ့၊ ဖြေရှင်းလို့မရသေး
တဲ့ နောက်ဆက်တွဲ ပြဿနာ ကိစ္စရပ်များကျန်ရှိနေပါသေးသည်။
အာဏာရှင်အောက်ကလည်းလုံးလုံးလျှားလျှားမကျွတ်လွတ်သေး၊
ဒီမိုကရေစီနိုင်ငံတော်အဖြစ်လည်း အသွင်မမည်သေး ဟိုမရောက်-
သည်မရောက်ဖြစ်နေသည့် အသွင်ကူးပြောင်းခါစသာရှိသေးသော မြန်မာနိုင်ငံတွင် ဖြေရှင်းရန်ခက်ခဲသည့်ပြဿနာများ
သောင်းခြောက်ထောင်မက ကျန်ရှိနေသည်ကို နိုင်ငံရေးဦးဆောင်နေသူများမှ သိရှိထားကြဖို့လိုပါသည်။
ဒါကြောင့်အခုရော- နောင်ကောဖြေရှင်းပေးရမည့် ရေတိုအကျိုးစီးပွါးရေး၏ နောက်ဆက်တွဲပြဿ
နာများကို၊ နောင်မှဖြေရှင်းကိုင်သွယ်မည့်အစား အခုကတည်းက ပြတ်ပြတ်သားသား မြစ်ဧရာကိစ္စလို ကိုင်သွယ်ဖြေရှင်းပေးသင့်ကြောင်း လက်ရှိအစိုးရကို အကြံပြုရေးသားတင်ပြလိုက်ရပါသည်။
( ကိုဗလိုင် )
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment