တောင်းပန်ခြင်း နှင့်လူကျင့်ဝတ်
အမေရိကန် နိင်ငံမှာ ကလေးတွေကို ၄ နှစ်လောက်မှာမူကြိုကိုပို့ ကြတယ်။
ကျနော်တို့ မြန်မာဒုက္ခသည်ကလေးတွေကိုလဲပို့ ကြရတာပေါ့။
ကလေးတွေကိုမူကြိုပို့ စဉ်ကလာက ၁ နှစ်လောက်ကြာတယ်။
ဒီကာလမှာကလေးဘ၀အတွက်အရေးကြီးကာလကြီးဖြစ်တယ်လို
့ပညာရေးသုတေသီတွေကယူဆတဲ့အတွက် အရေးကြီးတဲ့စကားကြီး နှစ်ခွန်းကို
ပဲနေစဉ်သင်ပေးနေတာတွေ့ ရပါတယ်။
ဒီစကားကြီးနှစ်ခွန်းကတော့
၁။ ကျေးဇူးတင်တယ်။ ( Thank You )
၂။ ၀မ်းနည်းပါတယ်။ (I am Sorry ) ဆိုတဲ့စကား နှစ်လုံးပဲဖြစ်တယ်။
ကျနော်ရဲဘော်နေရိန်ကျော်ဟာ သူသမီး ပုလဲ ကို ကျောင်းသွားပို့ တယ်။ ကလေးက
သူအတွက် ကစားစရာ၊အစား ၊ လက်ဆောင်ဘာပဲရရ ကျနော်တို့ ကို Thanks You ba Ba
လို့ ပြောတယ်။ သူက အမှားတခုခုလုပ်မိသွားတဲ့အခါမှာ I am sorry လို
့လာပြောပါတယ်။
ဒီလိုသင်ကြားပေးနေတာဟာ နော်ဝေးမှာလဲအလားတူပဲလို့ ပြောပါတယ်။ ကျနော်ရဲ
ဘော် တဦးဖြစ်တဲ့ ကိုဇော်ကြီးက
နော်ဝေးရောက်တော့သူကလေးကိုကျောင်းကိုခေါ်သွားတဲ့အခါမှာ
ကလေးတွေဟာ ကျောင်းခန်းထဲမှာ ဆောကြတယ်။ တယောက်နဲ့တယောက် ဆယ်သွယ်မှု (
Communication) တွေလုပ်ကြတဲ့အခါမှာ တယောက်ကိုတယောက်
အကြောင်းကြီးငယ်ပေါ်လာတဲ့အခါမှာ ကျေးဇူးတင်တယ်၊ ၀မ်းနည်ပါတယ်။ ပြောကြဖို့ 
ဝန်မလေးကြဘူးလို့ ဆိုတယ်။
ထိုင်းနိင်ငံမှာလဲအလားတူပဲလို့ သိရတယ်။ ကိုထောကြီးက ကျနော်တို
့အေဘီအက်စ်ဒီအက်ဖ်ကရဲဘော်တဦးပါ။ သူက မအေးအေးမာဦးစီးတဲ့ စောကျောင်းက
မိဘမဲ့ကလေးတွေကို ကျောင်းပို့ ကျောင်းကြို တာဝန်ယူရသူဖြစ်ပါတယ်။
မြန်မာနိင်ငံကလာပြီး အလုပ်လုပ်ကြတဲ့ မိန်းကလေးတချို့ ဟာ
ထိုင်းနိင်ငံမှာအလုပ်လာလုပ်ရင်း ကလေးရကြတယ်။ ကလေးတွေကိုစွန်
့ပြစ်သွားကြတယ်။ ဒီလိုစွန့် ပြစ်သွားတာက နှစ် ရာဂဏန်းရှိပါတယ်။ ဒီကလေးတွေ
ကို အေဘီရဲဘော်တွေလိုက်လံ ကောက်ယူပြီးမွေးမြူကြရတယ်။တချို့ 
တော်တော်တောင်ကြီး (Teenage ) လာကြပါပြီ။ သူတို့ ထဲက
သိပ်ငယ်တဲ့ကလေးတွေကို ထိုင်းမူကြိုကို ပို့ ပေးပါတယ်။
ထိုင်းမူကြိုကျောင်းကလည်း စကားကြီးနှစ်ခွန်းကိုပဲသင်ပေးတာပါ။
ထိုင်းလိုတော့ ခေါခွန်းခပ် ( ကျေးဇူးတင်ပါတယ် ) ။ ၀မ်းနည်းပါတယ် (ခေါတို
့ခပ်) လို့ သင်ပေးပြန်ပါတယ်။
လူမျိုးတွေထဲမှာဂျပန်တွေစိတ်ဓါတ်ပြင်းထန်တာကို
တကမ္ဘာလုံးကအသိမှတ်ပြုထားပါတယ်။
ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ဟာ ဘ၀မှာ
အရှက်ရစရာအဖြစ်ကိုကြုံရတဲ့အခါမှာကိုယ်ကိုဗိုက်ကိုခွဲပြီး
သတ်သေလိုက်တယ်ဆိုတာ တကမ္ဘာလုံးအသိမှတ်ပြုရတဲ့အထိဖြစ်တာကိုး။
ဒါပေမဲ့ ဂျပန်တွေဟာ အမှားကိုလုပ်မိတဲ့အခါမှာ တောင်းပန်
ကြတာကိုတော့လူသိနည်းလှပါတယ်။တောင်းပန်ခြင်းကို သူတို
့ယျဉ်ကျေးမှုမှာကိုထည့်သွင်းထားတယ် ။ တခါက တိုကျိုကစားသောက်ဆိုင်တခုမှာ
ကျနော်နဲ့ ကျနော်မိတ်ဆွေဂျပန် တွေနဲ့  စားနေတုံး မှာ ဂျပန်စာပွဲထိုးက
ဟင်းလာအချမှ တိုက်မိပြီး ကျနော်ကုတ်အကျီလက်ကို ဟင်းပေသွားတယ်။
မများလှပါ။ စားပွဲထိုးက တောင်းပန်ပါတော့တယ်။
တအောင့်ကြာတော့မန်နေဂျာပါရောက်လာပြီး
သေသေချာချာခါးကိုကုန်းပြီးတောင်းပန်ပါတယ်။
အကျီကိုအလျောပေးပါမယ်ဆိုတဲ့အကြောင်း
အခြောက်လျောလုပ်ပေးပါမယ်ဆိုတဲ့အကြောင်း ကမ်းလှမ်းပါတယ်။
ဘာမှမများလှတဲ့အတွက်စိတ်မပူဖို့  သူတို့ ကိုကျနော်ကကျနော်က
ပြန်လည်နှစ်သိမ့်ခဲ့ပါတယ်။
ကျနော်နဲ့ အတူပါလာတဲ့မိတ်ဆွေရှင်းပြတာကတော့သူတို့ ဂျပန်တွေဟာ
အမှားကျူးလွန်သူကမြေမှာပျဝပ်ပြီး တောင်းပန်ပြီဆိုရင် ခံရသူဖက်ကလဲ
ကျေနပ်ပေးရကြောင်းကိုပြောပြပါတယ်။
ဒါဆိုရင် ကျနော်တို့ မြန်မာပြည်မှာရော ။
ကျနော်တို့ ငယ်ငယ်ကတည်းက ကျေးဇူးတင်ပါတယ်နဲ့ ဆော်ရီးကိုမသင်ခဲ့ကြရပါဘူး။
သင်ရိုးညွန်းတန်းအဖြစ်နဲ့ ကျနော်တို့  မသင်ခဲ့ရဘူး။ လူအဖွဲ့ စည်းရဲ့ 
လူမှုဥပဒေသအရကျနော်တို့ တတ်လာတာ။
ငယ်ငယ်ကတည်းကသင်တာမဟုတ်တဲ့အတွက်ယျဉ်ကျေးမှုတခုလိုမစွဲခဲ့ကြဘူးပေါ့။
ဒီတော့ ကျနော်တို့ ဟာ ကျေးဇူးတင်ပါတယ်ပြောဖို့ ဝန်လေးသူတွေဖြစ်လာတယ်။
အမှားလုပ်မိတဲ့အခါမှာ ၀မ်းနည်းပါတယ်။ ဆောရီးလို့ ပြောရမှာကို
အာစေးထည့်ထားသလိုဖြစ်လာတယ် ။
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို ဘာသာတရားတခုလိုတော့ကျနော်တို
့လုပ်ထားပါတယ်။
ဒါကတော့ မိဘ၊ဆရာသမားအတွက်သီးသန့် သုံးဖို့ လောက်ပဲထားပြီး
သာမန်လူမှုဆက်ဆံရေးမှာ သူငယ်ချင်းအပေါင်းသင်းတွေကြားမှာသိပ်ပြီး
အလေးဂရုတော့မရှိလှပါဘူး။ ဆော်ရီးကတော့ ရှိကိုမရှိသလောက်ပါပဲ။
ကိုယ်ရဲ့ အပြုအမူတခုခုအတွက်
တဖက်သားကိုဆောရီးပြောတာကိုကလေးတွေကစပြီးသင်ကြားတာတော့မရှိခဲ့ပါဘူး။
ဒီစကားလေးတခွန်းက ပြသနာတော်တော်များများကို ဖြေရှင်းနိင်စွမ်းရှိပေမဲ့
ပြောရမှာကို ၀န်လေးနေကြပါတယ်။
သမတ နစ်ဆင်ဟာဝါးတားဂိတ် ( Watergate Scandal)
အရေးအခင်းကြောင့်အမှားကိုဝံခံခဲ့တယ်။ တောင်းပန်ပြီးပြီးထွက်ပေးခဲ့တယ်။
သမတကလင်တန်ကတော့သူရဲ့ မောနီကာလူဝင်စကီးပြသနာမှာ သက်ဆိုင်သူတွေ နဲ့ 
ပြည်သူတွေကို ဆောရီးပြောခဲ့ရတယ်။ ဒီလိုပြောပြီး ၀ံခံရဲခဲ့တဲ့သတ္တိကတော့
ငယ်စဉ်ကသူတို့ ကို သင်ကြားပေးလိုက်တဲ့ ဆောရီးပြောရဲတဲ့ ပညာရေး ရဲ
့ရလဒ်လို့ပြောလို့ ရတယ်။
၁၉ ၈၉ ခုနှစ်၊ အေဘီအက်စ်ဒီအက်ဖ်မှာကျနော်တာဝန်ယူရစဉ်က
ဘိတ်ထားဝယ်ဖက်ရှိတဲ့တပ်ရင်းများကို
စစ်ဆေးဖို့ကျနော်ရောက်သွားခဲ့ပါတယ်။ ရောက်ရောက်ခြင်းဆောက်နဲ့ထွင်းသလို
မှားယွင်းပြစ်ခတ်မှု ( Friendly Fire)တခု ဖြစ်ခဲ့တယ်။
ကျနော်မရောက်ခင်တညမှာ ကင်းတာဝန်ယူရတဲ့ကျနော်တို့ ရဲဘော်က ရန်သူမှတ်ပြီး
ပြစ်လိုက်ရာ ၁၆ နှစ်ခန့်  ကရင်မလေးတဦးဖြစ်နေပါတယ်။ ညဖက်မှာ
မိုးကလဲသည်းနေတာတကြောင်း၊ရန်သူတက်မယ်သတင်းထွက်နေတာတကြောင်းကြောင့်
ကင်းကျရဲဘော်အတွက် ဆုံးဖြတ်တာမှားကာပြစ်ခတ်လိုက်ခြင်းဖြစ်ပါတယ်။
သူကသတိပေးတယ်။ ကရင်မလေးကစကားနားမလည်တော့ပြန်ထွက်ပြေးတယ်။
သူကပြစ်လိုက်မိရာကရင်မလေးသေသွားပါတယ်။ ကရင်မလေးရဲ့ မိဘတွေကို
ကျနော်ကိုယ်တိုင်သွားပြီးတောင်းပန်ရပါတော့တယ်။ အသုဘအခန်းနားကို
ကျနော်တို့ တာဝန်ယူလုပ်ပေးရပါတယ်။ လျောကြေးပေးခဲ့ရတယ်။ သူမိဘတွေက
အလောင်းနဘေးမှာကရင်လိုပြောပြီး ငိုကြွေးနေတဲ့ ဖြစ်ရပ်က အတောကြေကွဲစရာပါ။
အရွယ်ကောင်းလေးမှာဆုံးသွားတဲ့အတွက်မိဘတွေအနေနဲ့ ကျနော်တို့ ကို
ခွင့်လွတ်နိင်ဖို့ ခက်ခဲမယ်ဆိုတာကျနော်ခံစားမိပါတယ်။
(တော်လှန်ရေးတလျောက်မှာအဖိတ်အစင်ရှိခဲ့ကြပါတယ်။ ။သတိထားကြတဲ့ကြားက
မဟာမိတ်အချင်းအချင်းမှားယွင်းပြစ်ခတ်မှု (Friendly Fire)တွေ ဆယ်ခါထက်မနည်း
တွေဖြစ်ခဲ့ကြပါတယ်။ အသက်ဆုံးရှုံးမှုတွေရှိခဲ့တယ်။ မဟာမိတ်တွေကိုကျနော်တို
့ဖက်ကတောင်းပန်မှုများ၊ သူတို့ ကျတော်တို့ ကိုတောင်းပန်မှုများရှိခဲ့တယ်။
)
လက်ပဒေါင်းတောင်မှာလယ်သမားတွေဒုက္ခရောက်နေတယ်။ သံဃာတွေက
မနေနိင်တော့ပဲဝင်ရပ်တည်လာရတယ်။ ဒါကို ဦးသိန်းစိန်အစိုးရ က
မီးလောင်ဗုံးနဲ့ပြစ်ပြီး ဖြိုခွင်းတယ်။ ဘယ်သူအမိန့် ပေးသလဲ။
ဘာမှားသွားသလဲ။
အစိုးရစိုတာ အာဏာများများလိုခြင်ရင်၊ တာဝန်ခံမှုများများလည်းလုပ်ရပါတယ်။
ဦးသိန်းစိန် အစိုးရအောက်ခြေ၀န်ထမ်းတွေ တာဝန်မကျေပြွန်မှုဖြစ်ခဲ့ရင်
အရေးယူရမယ်။
သံဃာတွေကို တောင်းပန်ရမှာဖြစ်ပါတယ်။ ဒါဟာယျဉ်ကျေးတဲ့ လူအဖွဲ့ စည်းရဲ
့ဥပဒေသပဲ။
တောင်းပန်ရဲတာလဲ လူတယောက်ရဲ့ ကျင့်ဝတ်ကောင်းတခုပါပဲ။
ကျနော်ရန်ကုန်ရောက်တုန်းမှာ မြန်မာ့ပညာရေး ပြောင်းလဲဖို
့ပညာရေးသုတေသီတွေဖြစ်တဲ့ ဒေါက်တာသိန်း
လွင်၊ မသူသူမာတို
့နဲ့ကျနော်ဆွေးနွေးဖြစ်ပါတယ်။ ဒီတခါထပ်တွေ့ ရင် မူကြိုကလေးဘ၀ကစပြီး
ကျေးဇူးတင်ပါနဲ့ ဝမ်းနည်းပါတယ်ပြောတတ်အောင် စတင်ပြောင်းလဲဖို
့လိုကြောင်းသူတို့ ကို ကျနော်အကြံပြုမယ်။ ဒီကလေးတွေဟာ တချိန်မှာ
နိင်ငံတော်သမတဖြစ်လာမှမဟုတ်လား။ ကျင့်ဝတ်ကောင်းတဲ့သမတတွေကျနော်တို့ 
အနာဂတ်မြန်မာပြည်အတွက်မွေးထုတ်ရမယ်။
မိုးသီးဇွန်
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment