ကချင်ပြည်နယ်ငြိမ်းချမ်းရေးအတွက် ၈၈ မျိုးဆက်တွေ တောင်းဆို

 2012-12-31
ကချင်ပြည်နယ်မှာ အခုရက်ပိုင်းတွေအတွင်း ကေအိုင်အေ နဲ့ မြန်မာအစိုးရ တပ်တွေအကြား တိုက်ပွဲတွေ အရှိန်ပြင်းထန် လာတဲ့အတွက် နှစ်ဖက်တပ်တွေအကြား တိုက်ခိုက်မှုတွေရပ်စဲပေးဖို့ ၊ ငြိမ်းချမ်းရေးအတွက် ညှိနှုင်းဆွေးနွေးဖို့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ဒီဇင်ဘာလ ၃၁ရက်နေ့ ဒီကနေ့မှာ သတင်းစာရှင်း လင်းပွဲ တစ်ရပ်ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။

RFA
၂၀၁၂ ခုနှစ် ဇွန်လ ၄ ရက်က လှိုင်သာယာ၊ ကနောင်ခန်းမတွင်ပြုလုပ်သော ဆန္ဒပြ အလုပ်သမားများအရေးကိစ္စ ဆွေးနွေးပွဲ၌ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး စကားပြောကြားနေစဉ်။
ဒီသတင်းစာ ရှင်းလင်းပွဲကို သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းမှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ကချင်ပြည်နယ် လိုင်ဇာ ၊ လဂျားယန် အစရှိတဲ့ ဒေသဖက်မှာ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စစ်ပြေးဒုက္ခသည်တွေ ပိုများလာမှာကို စိုးရိမ်ကြောင်း နဲ့ ဒေသခံ  ပြည်သူတွေအကြားစိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေကြောင်း၊ အစိုးရတပ်က ဖြစ်စေ ၊ ကေအိုင်အေ ဘက်က ဖြစ်စေ ထိခိုက်ကျဆုံးမှုတွေဟာ ပြည်ထောင်စုရဲ့ ဆုံးရှုံးမှုပင်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ေMကညာချက်မှာ ဖေါ်ပြထားပါတယ်။
တိုက်ပွဲအရှိန်မြင့်တက်နေမှုတွေဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ အမျိုးသား ပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်တွေကို ထိခိုက်စေကြောင်း ၊ မိမိတို့အနေနဲ့ အပစ်ခတ် ရပ်စဲရေး ၊ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေ အထမြောက် အောင်မြင်ဖို့ရန်အတွက် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း  ဒီကနေ့ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပါဝင်ပါတယ်။
ဒါ့အပြင် ကိုမြအေး ၊ကိုထွန်းမြင့်အောင် ၊ မစမ်းစမ်းမော် ၊မမီမီလွင် အစရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေအနေနဲ့   ကချင်ပြည်နယ် လိုင်ဇာနဲ့ မိုင်ဂျာယန်ဒေသတွေ က ဒုက္ခသည်စခန်းတွေကို အလှုငွေနဲ့ အ၀တ်ထည်တွေ မနက်ဖြန်မှာ သွားရောက်လှုဒါန်းမှာ ဖြစ်တဲ့အပြင်၊  ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: