ကြောင်း သိရှိရသည်။
 
 မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးစတင်ရန် ယ-ရက် ကို ဒီဇင်ဘာလ(၂၈) 
သတ်မှတ်ခဲ့သည့်အတိုင်း မနက် (၆)နာရီမှစတင်ကာ ဒေါ့ဖုန်းယန်မှ 
လက်နက်ကြီးဖြင့် မိနစ်ခြား ပစ်ခတ်ခဲ့သည်။ ၉ နာရီအချိန်မှစတင်ကာ SOKO G-4 
Super Galeb (၄)စီးကို (၂)စီးတွဲ၍ လဂျားယန်၊ Hpun Pyen Bum တို့ကို ၁၀ 
နာရီခွဲအထိ လာရောက်ပစ်ခတ်ခဲ့သည်။ ဂျက် G-4 Super Galeb နှင့် 
တိုက်ခိုက်ရာတွင် တရုတ်နိုင်ငံနယ်နိမိတ် ကျော်လွန် ပျံသန်းလှည့်ပတ်ခဲ့သည်။ 
G-4 Super Galeb နှင့်အတူ Mi-24 စစ်ရဟတ်ယာဉ်(၂)စီးလည်း ပါဝင်ကူညီ 
တိုက်ခိုက်ခဲ့သည်။
 
 မြန်မာ့တပ်မတော်အရာရှိများသည် 
ရွှေလီဆွေးနွေးပွဲ၌ တင်ပြရာတွင် စစ်ဆင်ရေးကို ဒီ-၂၈ သတ်မှတ်ထား ကြောင်း၊ 
အိမ်နီးချင်းနိုင်ငံက အနည်းငယ် မျက်စိမှိတ်၊ နားပိတ်ထားစေလိုကြောင်း၊ 
နယ်စပ်ကျော်လွန် ၀င်ရောက်မှုရှိပါက နားလည်ခွင့်ပြုပေးစေလိုကြောင်း၊ ပစ်မှတ်မှားယွင်းကျရောက်ပါကလည်း
 အရပ်သားများ ထိခိုက်ပါက မိမိအစိုးရက စိတ်ကျေနပ်မှုအတိုင်းအတာအထိ 
တာဝန်ယူသွားမည်ဖြစ်ကြောင်း တောင်းဆိုခဲ့ ကြောင်း သိရှိရသည်။ 
တရုတ်စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များမှာ လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ကြောင်း သိရှိရသည်။
 
 ( photo - Dep. Commander Soe Win's Visit to China )
Face book မှ 
 
No comments:
Post a Comment