ရှင်းရဲရဲ့လား ?

လက်ပံတောင်းတောင်အကြမ်းဖက်မှုနဲ့ပတ်သက်လို့အကြမ်းဖက်မှုမှာပါဝင်သူတွေကို ဖော်ထုတ်အရေးယူ နိုင်ခြင်းမရှိဘူးဆိုရင် ခေါင်းဆောင်ကြီးတွေပါဝင်ပတ်သက်နေတယ်လို့ ယူဆမှာဖြစ်ကြောင်း ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ ၃၆ လမ်း အလယ် ဘလောက်က မြန်မာသတင်းများကွန်ယက်ရုံးခန်းမှာ လက်ပံတောင်းတောင် သပိတ်အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ အခုလိုပြောဆိုသွားတာပါ။တဆက်တည်းမှာလည်း အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေကို ဖော်ထုတ်အရေးယူပေးရေ ၊ လက်ပံတောင်းတောင် အကြမ်းဖက်မှု နဲ့ပတ်သက်ပြီး သံဃာတော်များ ဆန္ဒထုတ်ဖော်ရာမှာ ဝန်းရံပါဝင်ခဲ့သူတွေကို ချွင်းချက်မရှိ အမြန်ဆုံးပြ န်လွှတ်ပေးရေနဲ့ စုံစမ်းစီစစ်ရေး ကော်မတီကို စောင့်ကြည့်သွားမယ်ဆိုတဲ့ အချက် ၃ ချက်ပါ သဘောထား ကြေငြာချက် တစ်စောင်ကိုလည်း ထုတ်ပြန်သွားခဲ့ပါတယ်။





ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: