“တပ်မတော်က ပြည်သူ့ အတွက်လား ? အဲဒီလူကြီးတွေအတွက်လား ?”

 
 (စစ်ထောက်လှမ်းရေး ဟောင်း ဦးအောင်လင်းထွဋ်)
ဦးပိုင်ကုမ္မဏီတွေနဲ့ ပက်သက်ပြီးတော့ သူတို့  ၁၉၉၀ ခုနှစ်လောက်က
စပြီးတော့မှ အမှန်တကယ် ရည်ရွယ်ချက်ကတော့ တပ်မတော်ရဲ့ မိသားစုတွေ
သက်သာချောင်ချိရေးနဲ့  တပ်မတော်သားဟောင်းတွေရဲ့ မိသားစုတွေ
သက်သာချောင်ချိရေးဆိုတာကို ရည်ရွယ်ပြီး ဒီလို ဖွဲ့ ခဲ့တာပါ။
ဒါပေမယ့် နောက်ပိုင်းမှာ ဦးပိုင်ရဲ့ ရည်ရွယ်ချက်တွေကို ပျောက်ပြီးတော့မှ
နိုင်ငံတစ်နိုင်ငံလုံးရဲ့ စီးပွားရေးကိုပါ ထိန်းချုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေ
အနေအထားမျိုးရှိလာတယ်။ အထူးသဖြင့်တော့ ဒီကိစ္စတွေဟာ
၁၉၉၇ ခုနှစ်ပေါ့လေ၊ န၀တ ကနေပြီး နအဖ ကို ပြောင်းတဲ့အချိန် နောက်ပိုင်းမှာ
ဖြစ်လာတဲ့အနေအထားမျိုး ရှိပါတယ်။ အဲဒီအချိန်က စပြီးတော့မှ
မြန်မာနိုင်ငံမှာရှိတဲ့ သတ္တုနဲ့ ပက်သက်ပြီးတော့ ဖားကန့် တို့  မိုးကုတ်တို့ မှာ
တပ်မတော်ရဲ့  ဦးပိုင်ရဲ့  ကွပ်ကဲမှုအောက်ကို ရောက်ခဲ့ပါတယ်။ ပိုပြီး ဆိုးတာက
ဒီ ဂတ်စ် ပေါ့လေ၊ ဂတ်စ် ပိုက်လိုင်းက ရတဲ့ပိုက်ဆံအားလုံးက တပ်မတော်၇ဲ့ 
ဦးပိုင်ကုမ္မဏီကို သွားပြီးတော့မှ၊ ဦးပိုင်ကုမ္မဏီက ခွဲဝေမျှပေးတဲ့ ပိုက်ဆံကိုသာ
နိုင်ငံတော်က ပြည်သူလူထုက ခံစားရတဲ့အနေအထားမျိုးတွေ ရှိခဲ့ပါတယ်။
အဲဒီပိုက်ဆံတွေကိုလည်း တစ်ချိန်က နေပြည်တော်ဆောက်တယ်၊ MIG 29
ဝယ်တယ်၊ နောက် လှိုဏ်ခေါင်းတွေ တူးတယ်၊ နျူကလိယားစီမံကိန်းတွေ
လုပ်တယ်၊ မစ်ဇိုင်းတွေလုပ်တယ်။ ဒီလို စစ်တပ်နဲ့ ပက်သက်ပြီးတော့
ပိုက်ဆံတွေ သုံးတယ်။ ၀ယ်လို့ ရတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့  ကျွန်တော်တို့ 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို တိုက်တယ်။ အဲတော့ အကျိုးမရှိတဲ့
လုပ်ငန်းတွေကို ဦးပိုင်အနေနဲ့  အထောက်အကူပြုတဲ့ အနေအထားတွေ
ဖြစ်ပါတယ်။

ခုလက်ရှိအချိန်အခါမှာတော့ အနေအထားတွေ ပြောင်းလဲလာချင်တဲ့သူတွေ
ရှိလာပြီ ဖြစ်ပါတယ်။ သို့ သော် တစ်ချိန်က စစ်အာဏာရှင်ရဲ့ အမွေဆိုးတွေက
ရှိနေတုန်း ဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ ဦးပိုင်နဲ့ ပက်သက်ပြီးတော့များ တစ်ခုခုဖြစ်လာရင်တော့ စစ်တပ်ထဲမှာလည်း အပေါ်ပိုင်းနဲ့ 
အောက်ပိုင်းဆိုပြီးတော့ နှစ်ပိုင်း ကွဲသွားနိုင်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့
ရဲဘော်ပိုင်း စစ်သည်ပိုင်းက ဦးပိုင်ရဲ့ ခံစားမှုတွေကို မရပါဘူး။ အပေါ်ပိုင်း
လူကြီးပိုင်းတွေပေါ့လေ၊ တပ်ရင်းမှူးအဆင့်လောက်ကနေ
ဗိုလ်ချုပ်ကြီးအဆင့်လောက်အထိဘဲ ဦးပိုင်ရဲ့  ခံစားမှုကို ရပါတယ်။
ဘာဖြစ်လို့ ရလည်းဆိုတဲ့အခါကျတော့ ဦးပိုင်မှာနှစ်စဉ်ပေါ့လေ၊ ၃၀ ရာနှုန်း ဥပမာ ငွေတစ်ရာထည့်ရင် သုံးဆယ်ကျပ်ကို အမြတ် ပြန်ရပါတယ်။
ရဲဘော်က ရာဂဏန်း ထောင်ဂဏန်းလောက်ဘဲ ထည့်နိုင်ပါတယ်။
အရာရှိကြီးတွေက အနည်းဆုံး သိန်း ၂၀ ကနေပြီး အထက်ကို ထည့်တဲ့အခါ
တစ်နှစ် တစ်နှစ်ကို အရာရှိကြီးတွေအနေနဲ့  အမြတ်က သုံးဆယ် ရာခိုင်နှုန်း၊
သုံးဆယ် ရာခိုင်နှုန်းနဲ့  စဉ်းစားကြည့်ရင် သိန်းတစ်ရာထည့်တဲ့သူက
နှစ်စဉ် သိန်းသုံးဆယ် အမြတ်ရနေတဲ့ အနေအထား ရှိပါတယ်။
ရဲဘော်မိသားစုတွေအနေနဲ့ ကတော့ ဘာမှ သိပ် ဟုတ်တိပတ်တိနဲ့ 
ခံစားခွင့်ရတဲ့ အနေအထားမျိုး မရှိပါဘူး။ ရဲဘော်ပိုင်းတွေ စစ်သည်ပိုင်းတွေ
အနေနဲ့ ကတော့ ဦးပိုင် အခု အခြေအနေပြောင်းရင် ထောက်ခံမယ်၊
ဒါပေမယ့် ဗိုလ်ချုပ်ကြီးတွေပိုင်းကတော့ ဆန့် ကျင်ကောင်း
ဆန့် ကျင်ပါလိမ့်မယ်။

အဲဒါတွေကို ဖော်ထုတ်မယ်ဆိုရင်တော့ ဒီ ခရိုနီတွေနဲ့ ပက်သက်ပြီးတော့
ဟိုအရင် ခေါင်းဆောင်ကြီးက စပြီးတော့၊ အခု လက်ပံတောင်းတောင်မှာဘဲ
ကြည့်ပါ။ တရုတ်သံအမတ်က ရှင်းတဲ့အခါမှာ ရတဲ့အကျိုးအမြတ်တွေထဲမှာ
၁၃ ရာနှုန်း ၅၀ ရာနှုန်းတို့ ရှိပါတယ်။ ကျန်တဲ့ ၄၀ ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းက
ပျောက်နေတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။ ဒါတွေက ဘယ်ကိုသွားသလဲ
ဆိုတာ မေးစရာအနေအထားမျိုးတွေ ရှိပါတယ်။ အထူးသဖြင့် ဖားကန့် တို့ 
မိုးကုတ်တို့ မှာ နာမည်ကြီး ခရိုနီတွေကို ပေးပြီးတော့မှ နောက်ကွယ်ကနေ
၃၀ ရာနှုန်း ၄၀ ရာနှုန်း ပေးရမယ်ဆိုပြီး ပါးစပ် ပါဆင်းနိတ် ယူထားတဲ့သူတွေ
အများကြီးရှိပါတယ်။ ဒါတွေကို ပြန်ပြီးတော့ ဖော်ထုတ်မယ်ဆိုရင်တော့
အဲဒီလူတွေကို တရားရုံး ပြန်ပြီးတော့ တင်ရမယ့်အနေအထားမျိုး ရှိပါတယ်။
အဲဒီအခါမှတော့ လက်ရှိ ရှိနေတဲ့ အစိုးရရော တပ်မတော်ရောက အဲဒီ
လူကြီးတွေကို ဘယ်လောက်အကာအကွယ်ပေးမယ်ဆိုတာကတော့
ကျွန်တော်တို့  စောင့်ကြည့်ရမယ်။ အဲဒီ့ အချိန်အခါကျမှ အစိုးရကရော
တပ်မတော်ကရော ပြည်သူလူထုအတွက်လား၊ အဲဒီ လူကြီးတွေအတွက်လား
ဆိုတာကို ပီပီပြင်ပြင် ပေါ်လာပါလိမ့်မယ်။

(ဦးအောင်လင်းထွဋ်)




ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: