ဦးပိုင်ကိုနိုင်အောင်တိုက်ဖို့လိုတယ်၊
 ကိုကိုဦး(တပ်ရင်း-၁၀၂)၊ဒီဇင်ဘာလ(၂၁)ရက်
 လူထုကဦးပိုင်ကိုအပြတ်တိုက်ချင် တယ်၊
 ဖြန်ဖြေနေတဲ့သူတွေကများတယ်၊
 ဘုန်းကြီးတွေကိုတရားဟောနေသူတွေက များနေတယ်၊
 နောက်ပြန်ဆုတ်သွားမယ်ဆိုပြီး 
 လူထုကိုရွှေပြည်အေးတရားဟောနေသူတွေများတယ်၊
 သေချာတာကအဲဒီဖြန်ဖြေပေးနေတဲ့သူေ တွက
 ဦးပိုင်ကိုလူထုပိုင်အောင်မလုပ် ပေးနိုင်တဲ့ကိစ္စပဲ၊
 အဲဒီတော့လုံးဝမှားနေပြီပေါ့၊
 ဦးပိုင်ကိုနိုင်အောင်မတိုက်နို င်ပဲ ရှေ့ကိုဆက်သွားလို့မရနိုင်ဘူး၊
 ဦးပိုင်ဟာအာဏာရှင်တို့ရဲ့ခံကတု တ်ဖြစ်တယ်၊ 
 အာဏာရှင်တို့ရဲ့ဘဏ္ဍာတိုက်ဖြစ်တယ် ၊
 အာဏာရှင်တို့ရဲ့တပ်ဦးဖြစ်တယ်၊
 လူထုတိုက်ပွဲအနိုင်အရှုံးကိုလူထု ကသာဆုံးဖြတ်သင့်ပါတယ်၊
 ဘုန်းကြီးတွေကိုတောင်းပန်ပြီး စစ်ပြေငြိမ်းတယ်ဆိုတာ
 သူတို့အရှုံးပေးတာမဟုတ်ဘူး၊ အနိုင်ပိုင်းတာ၊လူလယ်ကျတာ၊
 လက်သီးနဲ့ထိုးပြီးယောင်ကိုင်းနေ တဲ့သူကိုမဖြစ်မနေတောင်းပန်တာ
 မင်းငါ့ကိုနိုင်သွားတယ်လို့အရှုံးပေးစကားပြောသွားတာမဟုတ်ဘူး၊
 စိတ်ထဲမှာတော့..အင်းငါသနားလို့၊
 ဦးပိုင်ကိုနိုင်အောင်ဘယ်လိုတို က်ကြမလဲ၊
အမြန်ဆုံးဘယ်လိုတားဆီမလဲ၊
 လူထုစီးပွါးလူထုလက်ထဲပြန်ရောက်အောင်ဘယ်လိုလုပ်ကြမလဲ၊
 သေချာတယ်၊ ဒါဟာတစ်ဦးကောင်းတစ်ယောက်ကောင်း
 လုပ်ရမဲ့ကိစ္စမဟုတ်ဘူး၊
 ကြီးငယ်မဟူ စစ်အာဏာရှင်တို့ရဲ့ မတရားစီးပွါးရှာမှု
 မတရားအုပ်ချုပ်မှု မတရားခေါင်းပုံဖြတ်မှုအားလုံးကို ဆန့်ကျင်တာဟာ စစ်မှန်သောလူထုတိုက်ပွဲဖြစ်တယ်၊  တရားသောတိုက်ပွဲဖြစ်တယ်၊
 မှန်ကန်မျှတသောတိုက်ပွဲဖြစ်တယ်၊
 ဒါကိုအမှားလုပ်တယ်လို့ယူဆလျှင် ယူဆသူတွေသာအမှားဖြစ်တယ်၊
 ဧရာဝတီကိုကယ်နိုင်ခဲ့တာဟာ လူထုတိုက်ပွဲကြောင့်ဖြစ်တယ်၊
 လူထုလှုပ်ရှားမှုအရှိန်အဟုန်မြင့် တက်လာမှုကြောင့်ဖြစ်တယ်၊
 ဦးသိန်းစိန်ကြောင့်မဟုတ်သလို ဘယ်ခေါင်းဆောင်ကြီး
 တွေကြောင့်မှလည်းမဟုတ်ဘူး၊ 
 ဒါကြောင့် ဒီကနေ့ပြုပြင်ပြောင်းလဲရေးအခန်း ကဏ္ဍာမှာ
 လူထုတိုက်ပွဲဟာအဓိကဖြစ်တယ်၊ အပြောင်းအလဲအတွက်
 မရှိမဖြစ်လိုအပ်နေတယ်၊
 တော်လှန်ရေးတစ်ခုမှာ
 လူထုတိုက်ပွဲထက်ကြီးကျယ်တာဘာမှမ ရှိဘူး၊
 လူထုတိုက်ပွဲမရှိရင်လူထုခေါင်းေ ဆာင်ဆိုတာမရှိဘူး၊
 အတိုက်အခံခေါင်းဆောင်ဆိုတာမရှိဘူး။ 
 အတိုက်အခံပါတီဆိုတာလည်းရှိမှာမဟုတ်တော့ဘူး၊
 လူထုတိုက်ပွဲမရှိပဲနဲ့ရှင်သန်နိုင်တဲ့အတိုက်အခံအင်အားစု
 လုံးဝမရှိတာနိုင်ဘူး၊ လုံးဝသေချာတယ်၊
 ဒါကိုလက်မခံတဲ့သူ ငါ၏အစွမ်းအစနဲ့သာတိုင်းပြည်ကို
 ကယ်တင်ပါအံ့လို့အထင်ရှိသူသည်ကား  နောက်ပြန်လမ်းလျှောက်နေရင်း
 မိမိဟာရှေ့ ကိုသွားနှင့်နေသည်ဟုအ ထင်ရှိနေသူတွေဖြစ်လတံ့၊
ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။
No comments:
Post a Comment