အကြမ်းနည်းမသုံးဖို့ ဦးတင်ဦးပြော


ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတဲ့သူတွေကို အကြမ်းနည်းနဲ့ ကိုင်တွယ်ဖြေရှင်းနည်းနဲ့ အသုံးမပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။ ရန်ကုန်တိုင်း တာမွေမြို့နယ် ပုဏ္ဏားရပ်ကွက်မှာ ဒီဇင်ဘာလ ၁၅ နေ့ကပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခွဲ ဖွှင့်လှစ်ပွဲမှာ ပြောဆိုသွားတာပါ။ အခမ်းအနားကို မနက် ၉ နာရီကနေ ၁၁ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပြီး အဖွှဲ့ချုပ်အဖွဲ့ဝင် ၁၀၀ လောက်တက်ရောက်လာခဲ့ကြပါတယ်။

ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: