ဘ၀ ဆိုတာ ခဏလေးပါ။

ဘ၀ ဆိုတာ ခဏလေးပါ။

ရေခဲတုံးလေးတွေကို ထိုင်နေတဲ့ လူပုံစံသွန်းထားပြီး လူတကာကြည့်ခွင့်ရအောင် လေဟာပြင်မှာ ဖွင့်ပြခွင့်ရတဲ့ အချိန်က ခဏလေးပါ။

သူ ဒီလို ပြခွင့်ရဖို့ ပြင်ဆင်ခဲ့ရတဲ့ လုပ်ငန်းဆောင်တာ အဆင့်ဆင့် တွေက မနည်းလှပါဘူး။

ဒါပေမယ့်... ဒီအနုပညာသမား ကတော့ ကျေနပ်သွားရှာတယ်။

ဘာလို့လဲ ဆိုတော့... 

သူ့ရဲ့ဒီ Performance ခေါင်းစဉ် ကိုက ဘ၀ ဆိုတာ ခဏလေးပါ၊ တဲ့။

(တခုပြီး တခု အရည်ပျော်ကျသွားတဲ့ အရုပ်လေးတွေကို နှမျော တမ်းတရင်း ထိုင်ကြည့်နေတဲ့ ပရိသတ်တွေရင်ထဲ ဆွေးမြည့်မြည့် ကျန်ခဲ့တယ်။)

No comments: