ကိုယ့်သမ္မတအကြောင်းလေးနည်းနည်းပြောချင်တယ်


“ဆယ်ပြားနဲ့ငါးပြားပေါင်းရင်ဆယ့်ငါးပြားလေ”
ကိုကိုဦး(တပ်ရင်း-၁၀၂)

အီဂျစ်နိုင်ငံမှာ လူတွေလမ်းမပေါ်တက်ပြီးအသေခံဆန္ဒပြခဲ့ကြတယ်၊
သူတို့နိုင်ငံဒီမိုကရေစီရပြီလို့ထင်ခဲ့ကြတယ်၊ အမေရိကန်အပါအ၀င်
နိုင်ငံတကာကနေ စစ်တပ်နဲ့စေ့စပ်ဆွေးနွေးပြီး ဒီမိုကရေစီလမ်းကြောင်း
ကိုလျှောက်ဖို့တွန်းအားပေးတယ်၊ ရွေးကောက်ပွဲနဲ့အပြောင်းအလဲကို
ရယူသွားမယ်ဆိုတဲ့တွက်ကိန်းနဲ့ပေါ့၊ လက်တွေ့ကတခြားစီပဲ၊
လက်ရှိရွေးကောက်ပွဲကနေတက်လာတဲ့အီဂျစ်သမတMohamed Morsi
ဟာ အမေရိကန်နိုင်ငံကနေဒေါက်တာဘွဲ့ရတစ်ယောက်ဖြစ်ပြီးတော့
Muslim Brotherhood ကိုထူထောင်ခဲ့သူခေါင်းဆောင်တစ်ယောက်လည်း
ဖြစ်ခဲ့ပါတယ်၊ သူဟာအာဏာရလာတော့ အစ္စလမ်များကြီးစိုးထားတဲ့
Islamist-led assembly အားကိုနဲ့ ဖွဲ့စည်းပုံအသစ်ကိုရေးဆွဲပြီး
အာဏာရှင်ပုံစံဟောင်းအတိုင်း တစ်စခန်းထလာပြန်တယ်၊ သူ့ရဲ့ဆုံးဖြတ်
ချက်တွေကို လုံးဝထိပါးလို့မရအောင် ဥပဒေဟောင်းတွေကိုအတင်းပယ်ဖျက်ပြီး
အခြေခံဥပဒေကိုလိုသလိုရေးဆွဲပြီး တိုင်းပြည်ကိုအုပ်ချုပ်ဖို့လုပ်နေပါပြီ၊
ကျနော်တို့ဆီက(၂၀၀၈) စစ်တပ်အခြေပြုအခြေခံဥပဒေလို့ပေါ့၊

အိုးဘားမားရဲ့အမေရိကန်ကကျောထောက်နောက်ခံပေးထားတဲ့အတွက်လည်း
သမတမော်စီဟာအာဏာကို သူ့လူတွေလက်ထဲကိုအများကြီးထိုးထည့်ပြီး
အီဂျစ်နိုင်ငံကို အာဏာရှင်နိုင်ငံအဖြစ်မွေးဖွါးပေးလိုက်ပြန်ပြီ၊ဒီအနေအထား
ကိုကြည့်ခြင်းအားဖြင့် အာဏာရှင်နိုင်ငံတွေအပေါ်မှာထားတဲ့အမေရိကန်
ပေါ်လဆီမအောင်မြင်ခဲ့ဘူးဆိုတာသိသာတယ်၊

အမေရိကန်တွေဟာ လက်ယာအာဏာရှင်ကိုအမြဲတန်းအားပေးခဲ့တဲ့သမိုင်း
ကြောင်းတွေရှိခဲ့တယ်၊အာဏာရှင်တွေဟာ သူတို့ကို စစ်အင်အားနဲ့တိုက်ထုတ်ပြစ်မဲ့
သမတရီဂင်၊သမတbushကြောက်သလောက် ခပ်ပျော့ပျော့သမတွေဖြစ်ကြတာ
သမ္မတကာတာသမ္မတကလင်တန်၊ သမ္မတအိုဘားမားတို့ကို လုံးဝမကြောက်ကြပါဘူး၊
သူတို့လက်ထက်မှာ ပိုဆိုးလာပါတယ်၊ လစ်ဗျားမှာသူပုန်တွေထတော့ နိုင်ခြေရှိလို့
သာဝင်တိုက်လိုက်ရတာ၊ အမှန်အိုဘားမားပေါ်လဆီမဟုတ်ဘူး၊ သူ့ကစကားပြော
ကောင်းတော့ စကားပြောနိုင်ငံရေးကိုစိတ်ထက်သန်တယ်၊ စစ်မတိုက်ချင်တဲ့သူ
တစ်ယောက်ပါ၊ သူကခပ်ပျော့ပျော့သမ္မတပဲ၊

ကျနော်တို့မြန်မာ့ပြည်သူတွေကတော့ အိုဘားမားလာသွားတော့ မျှော်လင့်ချက်တွေ
အများကြီးထားကြတာတွေ့လို့ လက်ရှိအီဂျစ်အနေအထားကို သိထားအောင်
မီးမောင်းထိုးပြတာပါ၊ အီဂျစ်မှာလက်ရှိအစိုးရကို လမ်းပေါ်ထွက်ဆန္ဒပြလို့လူတွေ
သေခဲ့တာကို အိုဘားမားအစိုးရကငြိမ်ပြီးနေနေတယ်၊ အခုဘုန်းတော်ကြီးတွေ
မီးလောင်တိုက်အသွင်းခံရတဲ့ကိစ္စမှာလည်းငြိမ်နေတယ်၊ အတူတူပဲ၊
အီဂျစ်လည်း ဒီမိုကရေ ရမလိုလိုနဲ့အလှမ်းဝေးသွားပြန်ပြီ၊
မြန်မာ့နိုင်ငံမှာလည်း ဒီအနေအထားကိုမြင်နေရတယ်၊
စစ်တပ်ကသဘောကောင်းမှရမဲ့ဒီမိုကရေစီဆိုတော့လည်း တင်းပြည့်ကျပ်ပြည့်
ဘယ်တော့မှမဖြစ်နိုင်ဘူး၊(၁၀)ပြားလောက်သူတို့ပေးမှာပေါ့၊ ကိုယ့်ဆီကအတိုက်
အခံခေါင်းဆောင်တွေက ကျနော်ကျမတို့ကတော့အလျှော့ပေးပါပြီ၊ ခြံခတ်ထားတဲ့
လွတ်တော်ထဲမှာ တိုက်ပုံအင်းကျီလေးကျကျနနလေးဝတ်ပြီး ရတာလေးနဲ့ပဲ ကျေနပ်
မယ်ဆိုရင်တော့ အာဏာရှင်တွေကသနားပြီး နောက်ထပ်(၅)ပြားထပ်တိုးပေးလိမ့်မယ်၊
ဒီတော့ ဆယ့်ငါးပြားဒီမိုကရေစီဖြစ်လာမှာပဲလေ၊ လူရွှင်တော်ဆိုနေကြသီချင်းလေးနဲ့
အဆုံးသတ်လိုက်တော့မယ် သူငယ်ချင်းတို့၊
“ဆယ်ပြားနဲ့ငါးပြားပေါင်းရင်ဆယ့်ငါးပြားလေ”

http://www.nowtheendbegins.com/blog/?p=12369
http://www.nowtheendbegins.com/blog/?p=4953
လက်ရှိအီဂျစ်နိုင်ငံအကြောင်းသိချင်ရင်တော့ ဒီလင့်လေးကိုသွားကြည့်ပါ






ပြိုင်တူတွန်းလျှင် ရွှေ့ နိုင်သည် ။

No comments: