မကျေနပ်မှု

by Ko Baloi on Thursday, January 5, 2012 at 4:40pm

( ၆၄ ) နှစ်ပြည့် လွတ်လပ်ရေးနေ့တွင် မြန်မာမာနိုင်ငံလွတ်လပ်ရေးရရှိခဲ့ပေမယ့် မလွတ်လပ်သေးတာကတစ်ကြောင်း- လွတ်ငြိမ်းချမ်း
သာခွင့်ပေးပေမယ့် ထင်ထားသလို နိုင်ငံရေးအကျဉ်းသာများ မလွတ်မြောက်လာတာကတစ်ကြောင်း- ၆၄ နှစ်ပြည့် လွတ်လပ်ရေးနေ့ သမ္မတ၏ သဝဏ်လွှာကို မနှစ်မြို့တာကတစ်ကြောင်း မကျေနပ်မှုများက ရင်ထဲမှာ မွန်းကြပ်လို့ လာခဲ့ရပါတယ်..။

သမ္မတရဲ့ ၆၄ နှစ်ပြည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲမှာ တပ်မတော်အခန်းကဏ္ဍကို အမွန်းတင်ထားခဲ့ပါသည်။ သမ္မတအဆို တပ်မ
တော်သည် နိုင်ငံတော်အား အကြိမ်ကြိမ်ကယ်တင်ခဲ့သည့်အဖွဲ့အစည်းဖြစ်ပြီး - ဒီမိုကရေစီနိုင်ငံတော်ဖြစ်ဖို့ကိုလည်း လမ်းညွှန်ခဲ့သည့်
အဖွဲ့အစည်းဖြစ်သည်ဟု ဆိုထားသည်ကို ကျနော့်အနေနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်..။ မြန်မာ့တပ်မတော်သည်
လွတ်လပ်ရေးတိုက်ပွဲတွင် ဂုဏ်ရောင်ထွန်းပြောင်ခဲ့သော်ငြားလည်း....၁၉၆၂ ခုနှစ် စစ်တပ်မှ နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ပြီး
သည့်နောက်....မြန်မာ့တပ်မတော်သည် ကမ္ဘာ့အလည်တွင် အဖတ်ဆည်၍္မရလောက် အရုပ်ဆိုးအကျဉ်းတန်ခဲ့ရပါသည်။ ဒါ့အပြင် တပ်မ
တော်သည် နိုင်ငံတော်အား ချောက်ထဲမရောက် ရောက်အောင်တွန်းချခဲ့ပြီး....တပ်မတော်ခေါင်းဆောင်များ၏ အာဏာရှင်ဆန်သော လမ်းညွှန်ခဲ့သည့် အုပ်ချုပ်မှုစနစ်ဆိုးကြောင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဆိတ်သုန်းပျောက်ကွယ်သွားခဲ့ရသည်ကို သမ္မတ- ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို အလေးနက်ထားပြီးသိစေလိုပါသည်။
အမှန်တကယ်ဆိုမူ....၆၄ နှစ်ပြည့် လွတ်လပ်ရေးနေ့တွင် အများပြည်သူစိတ်ချမ်းသာစေမည့် အများမျှော်လင့်ထားသလို....အပစ်မဲ့ နိုင်ငံ
ရေးအကျဉ်းသားများကို လွတ်ပေးရမည်ဖြစ်သည်။ အခုလို မစို့မပို့ အကန့်သတ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးခြင်းအားဖြင့် လူတွေရဲ့စိတ်တွင် လိပ်ခဲတင်းတင်းဖြစ်လာက မကျေနပ်မှုတွေဟာ ပေါက်ကွဲမှုတခုဆီကို ဦးတည်ရွေ့လျှားသွားတတ်သည်ကို
လက်ရှိ- အစိုးရအဖွဲ့ဝင်များအားသိစေအပ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတော်ဆီသို့ ချီတက်မည်ဆိုလျှင်....နိုင်ငံရေးအကျဉ်းသားတွေကို အဓိကထားပြီး အရင်ဦးဆုံးလွှတ်ပေးရမည်ဖြစ်သည်။
လက်ရှိ- အစိုးရထဲတွင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရန်ငြင်းဆန်နေသည့် ပြုပြင်ပြောင်းလဲရေးကိုမလိုလားသည့် အုပ်စုနှင့်
ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့အုပ်စုနှစ်စုရှိနေသည်မှာ သေချာနေပါသည်။ သူရရွှေမန်းကလည်း ပြုပြင်ပြောင်းလဲမှုကိုမလိုလားပဲ
အရင်စနစ်ကိုပဲ ခင်သွယ်နေတဲ့အုပ်စုက အင်အားကြီးမားနေတယ်လို့ မီဒီယာကတဆင့် မကြာသေးမှီက ထုတ်ဖော်ပြောကြားဘူးပါတယ်။
ဒါ့အပြင်- ကချင်ဘက်ကိုထိုးစစ်ဆင်နေတာကို ရပ်ဆိုင်းဖို့ သမ္မတ ညွှန်ကြားချက်ကိုလည်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဂရုမစိုက်ပဲ ထိုးစစ်ဆင်နွဲနေခြင်းဟာ...ငြိမ်းချမ်းရေးကို မလိုလားတာကို မီးမောင်းထိုးပြနေခြင်းဖြစ်ပါတယ်...ဒါတွေကို ထောက်ကြည့်ခြင်းအားဖြင့်
လက်ရှိ- အစိုးရထဲမှာ ပြုပြင်ပြောင်းလဲမှုကိုမလိုလားတဲ့ အဖွဲ့နဲ့ ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲနေတာတွေ့ရှိရမှာဖြစ်တယ်။
ဒီနေရာမှာ ကျနော့်အတွေ့အကြုံကို ဥပမာ တခုအနေနဲ့ ထောက်ပြပါ့မယ်..။ ၁၉၈၈ ခုနှစ် ကျနော်တို့တောခိုလာစဉ်တုန်းက ထိုင်းနိုင်ငံ သည် ဒီမိုကရေစီနိုင်ငံလို့ကြွေးကျော်ခဲ့သော်ညားလည်း စစ်တပ်ရဲ့ နိုင်ငံရေးဝင်ရောက်စွတ်ဖက်မှုဟာ ၅၀ ရာခိုင်နှုန်းလောက်ရှိမည်ဟု
ခန့်မှန်းလို့ရနိုင်ပါတယ်။ အဲသည်ကနေတဆင့် ထိုင်းနိုင်ငံဟာ တဖြည်းဖြည်းနဲ့ အတိုက်အခံအင်အားစုနဲ့လူထုအားနဲ့ ပေါင်းစပ်ကာစစ်တပ်
ကြီးစိုးလွှမ်းမိုးမှုကို တိုက်ဖျက်ခဲ့ကြရာ....ဒီမိုကရက်တစ်ပါတီမှ ချွမ်လီပိုင်ဦးဆောင်သည့်လက်ထက်မှ အရပ်သားအစိုးရစစ်စစ်ကို ထိုင်းပြည်သူများက မွေးဖွါးနိုင်ခဲ့သည်။
ချွမ်လီပိုင်အစိုးရတက်ခဲ့သော်ငြားလည်း စစ်ငွေ့စစ်ရိပ်မကင်းသည့် ထိုင်းစစ်တပ်၏အခန်းကဏ္ဍသည် အထိုက်အလျှောက် ကျန်ရှိနေ သေးပါသည်။ ထိုအချိန်တွင် ထိုင်း- မြန်မာနယ်စပ်တွင် မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ အဖွဲ့တို့ ကရင်ဒုက္ခသည်စခန်းများကို မီးရွံ့
ဖျက်ဆီး- လူသတ်ကာ ထင်တိုင်းကြဲပြီး ရမ်းကားနေသည့် ကာလဆိုးဖြစ်သည်။ စစ်တပ်၏ တန်ခိုးအာဏာကြီးထွားမှုရှိလာစေရန်
ပြည်ပရန်ကိုလည်း စနေသည့် မြန်မာစစ်တပ်သည် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ကျူးကျော်ကာ ထိုင်းလူမျိုးများ၏ နေအိမ်များကို မီးရွံ့
ဖျက်ဆီး- လူသတ်- လုယက်ကာ ထိုင်းနိုင်ငံကို ကျူးကျော်ရန်စမှုပြုခဲ့ပါသည်။ ထိုင်းဝန်ကြီးချုပ် ချွမ်လီပိုင်မှ မြန်မာစစ်တပ်၏ ကျူး
ကျော်ရန်စမှုသည် အမျိုးသားလုံးခြုံရေးကို ထိပါးနှောက်ယှက်ပါသည်ဟုဆိုကာ ထိုင်းစစ်တပ်ကို ပစ်မိန့်ပေးခဲ့ပါသည်။ ထိုအချိန်တွင်
ထိုင်းစစ်တပ်ခေါင်းဆောင်များနှင့် မြန်မာစစ်တပ်ခေါင်းဆောင်များ ပနာရနေသည့် ကာလဖြစ်သည်။ ဒါကြောင့် ထိုင်းဝန်ကြီးချုပ်၏ ပစ်မိန့်
ပေးမှုကိုဂရုမစိုက်ပဲ မသိကျိုးကျွန်ပြုခဲ့သည့်အတွက်...ထိုင်းပြည်သူများနဲ့ အတိုက်ခံပါတီအချို့ စစ်တပ်အပေါ် ဒေါသူပုန်ထကာ ကန့်
ကွက်ဆန္ဒပြမှုများ အကြီးအကျယ်ပြုခဲ့သည့်အတွက် စစ်တပ်ရဲ့အခန်းကဏ္ဍ တဖြည်းဖြည်းနဲ့ မေးမိန်ခဲ့ရပါသည်။ ကျနော်ဆိုလိုသည်မှာ
ကနေ့ကာလတွင် အစိုးရအဖွဲ့တွင် ပြုပြင်ပြောင်းလဲမှုကိုမလိုလားတဲ့ အင်အားစုဘယ်လောက် ကြီးမားပါစေ...လူထုအင်အားနဲ့ အတိုက်
အခံအင်အား၊ပြုပြင်ပြောင်းလဲမှုကိုလိုလားတဲ့ အစိုးရအဖွဲ့အစည်းထဲကအင်အားစုတွေ ပေါင်းစပ်ပြီး ဟန်ချက်ညီညီ စုပေါင်းတွန်းလှန်
ကြလျှင်...ပြုပြင်ပြောင်းလဲမှုကို ဘယ်လောက်ပဲငြင်းဆန်- ငြင်းဆန် ဆင်မိုက်ကြီးမှာ ဒူးတုတ်ခံရရှာမှာပါပဲ။
အချုပ်အနေနဲ့ သမ္မတ- ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နှင့်တကွ လက်ရှိ- အစိုးရတစ်ဖွဲ့စည်းလုံးအား တင်ပြလိုသည်မှာ
ပြုပြင်ပြောင်းလဲမှုတွေ တုန့်ဆိုင်းတုန့်ဆိုင်နဲ့ နှေးနှေးကွေးကွေးသွားနေလျှင်....လူအများ၏ မကျေနပ်မှုတွေက ပေါက်ကွဲမှုတခုကို
တာစူလာနိုင်ကြောင်း....ထိုပေါက်ကွဲမှုမှသည် လူထုအုံကြွမှုကို မလွဲဧကန်ကူးပြောင်းဖြစ်လာမည်ဖြစ်ကြောင်း....ထို့ကြောင့်- ပြည်
ထောင်စုနေ့တွင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွတ်ယွင်ချက်မရှိ လွှတ်ပေးဖို့လိုအပ်ကြောင်း အလေးနက်ထား၍ တင်ပြ
တောင်းဆို လိုက်ပါသည်။

No comments: