မမှားဘူးလို့ ထင်တယ် - - -
လန်ဒန် (ရိုက်တာ သတင်းဌာန)။ ကမ္ဘာ့အကျော်ကြားဆုံး လောကဓာတ်ပညာရှင်တဦးကို စိတ်နောက်ကျိအောင်လုပ်တဲ့ စင်္ကြာဝဠာထဲက လျှို့ဝှက်ဆန်းပြားတဲ့ အကြီးဆုံးပဟေဠိတပုဒ်ကတော့ မိန်းမတွေပါပဲ…တဲ့ဗျား။
လောကဓာတ်မဂ္ဂဇင်းသစ် က “အချိန်ကာလ သမိုင်းအကျဉ်း” စာအုပ်ကို ရေးတဲ့ စတက်ဖင်ဟော့ကင်း ကို သူအများဆုံး တွေးတောစဉ်းစားနေတာနဲ့ပတ်သက်ပြီး မေးကြည့်တော့ ခေတ်သစ်ရူပဗေဒပညာရပ်မှာ အရှုပ်ထွေးဆုံး ပြဿနာ တချို့ ကို ဖော်ထုတ်ဖြေဆိုနိုင်ခဲ့လို့ ထင်ရှားကျော်ကြားခဲ့တဲ့ ကိန်းဘရစ်ခ်ျတက္ကသိုလ် ပါမောက္ခကြီး၊ ဖြေလိုက်ပုံက…
“မိန်းမတွေအကြောင်းပါပဲဗျာ၊ သူတို့က လုံးဝနားလည်ဖို့ခက်တယ်၊ လျှို့ဝှက်ဆန်းကျယ်ပြီး ပဟေဠိဆန်လှတယ်ဗျာ” တဲ့။
အိုက်ဇက်နျူတန် တခါက ရယူခဲ့တဲ့ အဆင့်နေရာကနေ မကြာခင်ကမှ အနားယူခဲ့သူဖြစ်တဲ့ ဘီးတပ်ကုလားထိုင်နဲ့ သွား လာနေရတဲ့ ဟော့ကင်းက အသက် ၇၀ မွေးနေ့ပွဲမှာ သူ့ရဲ့ မမှားသင့်တဲ့အမှားဖြစ်တဲ့ အကြီးမားဆုံး အမှားနဲ့ ခေတ်သစ် သိပ္ပံညာအတွက် သူ့မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး မဂ္ဂဇင်းကို ပြောခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ သူ့မွေးနေ့ပွဲကျင်းပဖို့စီစဉ်ထားပြီး ကိန်းဘရစ်ခ်ျတက္ကသိုလ်၊ စင်္ကြာဝဠာပညာရပ် သီဝရီ ဌာန၊ မှာ “စင်္ကြာ ၀ဠာနိုင်ငံတော် (The State of the Universe)” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းတခုလည်း ဖတ်မှာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment