Election Monitoring Network.88 Facebook မှ
ထိုမအူပင်မြို့နယ်နှင့် (၄)မိုင်ခန့် ဝေးကွာသော မလက်တို၊ ထနှီးကျေရွာတွင် ယခု၂နာရီထိုးခံနီးအချိန်ထိ တာဝန်ရှိသူများမှ မည်သို့မျှဆောင်ရွက်ပေးခြင်း မရှိပေးသေးခြင်းအတွက် ကျေးရွာလူထုမှာ လူစုမခွဲကြသေးဘဲ ထိုင်သပိတ်ဆင်နွှဲနေကြပါသည်။ ရွာနီးရှိ ငါးမွေးကန်မှ ယာယီနေထိုင်သူ လုပ်သား(၄၀)မှာ မဲပေးခွင့်ရပြီး အမြဲတမ်းနေထိုင်သူ၄၀၃ယောက်မှာ မဲပေးနိုင်သူ စာရင်တွင် မပါဝင်၍ ရွာသားများ၏ ဒေါသကို ပိုမိုဆွပေးသလိုဖြစ်နေပါသည်။ ကျေးရွာဥက္ကဌမှ မနက်တွင် ဖြေရှင်းပေးမည် ပြောသည့်အခါ ရွာသားများမှ မနက်တွင် မည်သို့မျှ ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ပြောဆိုကာ မနက်လင်းသည့်အချိန်ထိ ထိုင်သပိတ် ဆင်နွှဲတောင်းဆိုမည်ဟု နယ်ခံများမှ သတင်းပေးပို့လာပါသည်။
Election Monitoring Network.88 Facebook မှ
Election Monitoring Network.88 Facebook မှ
နေရာအနှံ့  မအူပင်ပါမကျန် ကြံဖွတ် တို့  ကောက်ကြစ်မှု - - -
မအူပင် ကော်မရှင် မဲစရင်း ကို လုပ်ချင်သလို လုပ်နေခြင်းနှင့် မအူပင်အောင်နိုင်ရေးဖျော်ဖြေပွဲ
ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် မဲစာရင်းတွင်မပါဝင်ခဲ့သော လူပေါင်း ၁၄၀
ကျော်အား ထပ်တိုး၍မရတော့ဟုပြောပြီး ၄င်းရွာအနီး ငါးကန်တူးရန်အခြားဒေသမှ
လာရောက်ကြသူ (၄၁) ဦးကို စာရင်းထဲတွင် ထပ်ထည့်ကြောင်း မလက်တိုရွာ
သားများကပြောပါတယ်။
အဆိုကကိစ္စနဲ့ ဖြေရှင်းဖို့  (၈၈) ကျောင်းသားခေါင်းဆောင် ကိုဇော်ယန်းနှင့် အဖွဲ့ ချုပ်
ပါတီဝင်များနဲ့  မြို့ခံလူတစ်ချို့ မလက်တိုရွာသို့ ယနေ့ည (၁၁း၄၅) ခန့်တွင် ဆိုင်ကယ်
များဖြင့် ထွက်ခွာသွားပါတယ်။
မအူပင်မြို့ပေါ် အမှတ် (၉) ရပ်ကွက်တွင်လည်း မှတ်ပုံတင်မရှိက မဲပေးခွင့်မရှိဟု
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်အောင်မှ ပြောသဖြင့် ထောက်ခံစာရေးပေးရန်
ပြောဆိုရာ မပေးနိုင်ကြောင်းပြောပါတယ်။
ဒါကြောင့် ရပ်ကွက်လူထုမှ စုရုံးပြီး ရပ်ကွက်ရုံးသို့လာရောက်ပြောဆိုကြရာ လူပေါင်း (၁၀၀) ကျော်ခန့်ဖြစ်လာပြီး ကျောင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှတာဝန်ရှိသူများ မှ ညှိနှိုင်းပေးသဖြင့် ထောက်ခံစာများထုတ်ပေးကြောင်း
သိရှိရပါတယ်။
အလားတူ ထနီးကျေးရွာတွင်လည်း ငါးကန်နှင့် စပါးစိုက်သည့် ဒေါ်အုန်းကြည်မှ
ကြံ့ခိုင်ရေးအဖွဲ့အတွက် ရွာသားများအား စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့အား မဲမပေးနိုင်၊ မဲမပေးရဲဖြစ်အောင် နှောက်ယှက် ခြိမ်းခြောက်နေကြောင်းသိရှိရပါတယ်။
ဒေါ်အုန်းကြည်သည် အစိုးရအရာရှိများနှင့် ရင်းနှီးသူဖြစ်ပြီး နေပြည်တော်မှ
မြေကွက်လျှောက်ထားရယူထားကာ မြေဧကရာချီ၍ငှားရမ်းလုပ်ကိုင်ပေးနေသော
သူတစ်ဦးဖြစ်ကြောင်း မအူပင် အဖွဲ့ ချုပ်အောင်နိုင်ရေးအဖွဲ့ မှ သတင်းပေးပို့ ထားပါတယ်။
အဆိုတော် မီးမီးခဲ နှင့် ဒေသခံများ |
မအူပင်အောင်နိုင်ရေးဖျော်ဖြေပွဲ
(၂၉-၃-၂၀၁၂) နေ့တွင် မအူပင်မြို့အမျိုးသားဒီမိုကရေစီ
အနုပညာရှင်များဖြစ်ကြသည့် မီးမီးခဲ၊ ရိန်မိုး၊ ၀ါဝါမေမောင်၊ ဘရိတ်ကီ၊
ပန်ဆုပြည့်ကျော်၊ တိုင်းလင်းအကအဖွဲ့ တို့က လာရောက်ဖျော်ဖြေကြရာ
မြို့ခံနှင့်အနီးကျေးရွာများမှ ကြည့်ရှုအားပေးကြပါတယ်။
(၈၈)ကျောင်းသားအဖွဲ့မှ ကိုဇော်ယန်း၊ မြို့ခံဖြစ်သည့်အဓိကပံ့ပိုးသူ တောင်ထိပ်ပန်းပွင့် စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ချို၊ မြို့ခံဖြစ်သည့် ကိုခင်မောင်ရင် (NLD
အောင်နိုင်ရေးသီချင်းကိုယ်တိုင်
ဖျော်ဖြေရေးကားဖြင့်လှည့်လည်ရာ
Myanmar News Now ( သစ်ထူးလွင်မှ )
အသေးစိတ် သိလိုပါက ၀၉၅၄၁၇၃၃၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် စည်းရုံးရေး
ခရီးစဉ်အဖြစ် ကောမူးမြို့ သို့ ည အိပ် ခရီးစဉ်အဖြစ် ယနေ့(၃၁.၃.၂၀၁၂) ညနေ ၄း၁၅ နာရီ
ခန့် က NLD ရုံးမှကော့မူးမြို့သို့ ထွက်ခွါ သွားသည်။ ယခု ရရှိသော နောက်ဆုံး
သတင်းအရ ရန်ကုန်- ကော့မူးကားလမ်းပေါ်ရှိ ကံဘဲ့ လမ်းဆုံ နှင့် ဘုရားငုတ်တို
လမ်းဆုံတို့တွင် ကြံ့ခိုင်ရေးအဖွဲ့မှ တားဆီး နှောက်ယှက်ရန်ပြင်ဆင်နေသည်
ဟုကြားသိရသည်။ လှိုင်သာယာ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊တောင်ဒဂုံ
စက်မှု ဆိပ်ကမ်း မှ ကြံ့ခိုင်ရေးအဖွဲ့ ၀င်များကို ၁ ဦး လျင် လုပ်အားခ ၁
သိန်းကျပ်ပေးပြီး ခေါ်ယူစောင့်ဆိုင်းနေကြောင်း ကြားသိရသည်။
အသေးစိတ် သိလိုပါက ၀၉၅၄၁၇၃၃၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
အသေးစိတ် သိလိုပါက ၀၉၅၄၁၇၃၃၂ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။
ရွေးကောက်ပွဲနီး အခြေအနေအမှန်ကို တင်ပြထားပါတယ် ။
မိတ်ဆွေများခင်ဗျား....
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်
ပုသိမ် ရွေးကောက်ပွဲဆိုင်ရာသတင်းများ
နေ့လည် - ၂း၀၀
သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းထွန်းသည် ငွေဆောင်မြို့နယ်သို့
သွားရောက်၍ မြို့နယ်တွင်ရှိသူများအား ငွေသုံးသောင်းစီပေးကာ ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းဦးအောင်တင်မြင့်အတွက်
မဲဆွယ်စည်းရုံးပေးခဲ့သည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်သည် ရှောပျာကျေးရွာတွင် လုပ်ငန်းရှင်များအား
ခေါ်ယူတွေ့ဆုံပြီး ပြည်ခိုင်ဖြိုးပါတီကို မဲပေးရင် လုပ်ငန်းတွေ
အဆင်ပြေအောင်လုပ်ပေးမည်။ “အုပ်ချုပ်ခံလူတန်းစားဆိုတာ အုပ်ချုပ်သူတွေနဲ့လည်း
အဆင်ပြေအောင် နေတတ်ရတယ်” လို့ ပြောဆိုသွားခဲ့ကြောင်း သတင်းပေးပို့လာပါသည်။
အစိုးရ၀န်ထမ်းများ မဲဆွယ်စည်းရုံးခွင့်မရှိဆိုသည်ကို
ချိုးဖောက်ခဲ့သည့်သဖြင့် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများမှ မကျေမနပ်ဖြစ်နေကြသည်ဟု
သိရှိရသည်။
နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ် မှကြိုတင်မဲအခြေအနေ..........
ဒက္ခိဏသီရိမြို့နယ်၊ ရပ်ကွက်တစ်ခုတွင် မဲပေးနိုင်သူဦးရေ
ကိုးရာကျော်ရှိသည့်အနက် လက်ရှိမဲစာရင်းပါဝင်သူ ၅၀ ကျော်သာရှိပြီး ကျန်လူဦးရေ
၈၀၀ကျော် ပျောက်ဆုံးနေသည့်အချက်နှင့် ကြိုတင်မဲဆက်စပ်နေနိုင်သည်ဟု သံသယရှိကြောင်း
အမျိုးသားဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ဝင် ဦးညွန့်ဝေကပြောသည်။ ယင်းသို့
စာရင်းပျောက်နေသောရွာသားများ၏ မဲစာရင်းများကို ကြိုတင်မဲအနေဖြင့်
ကောက်ခံသွားမည်အရေးကို ဦးနိုင်ငံလင်းက စိုးရိမ်လျှက်ရှိသည်ဟု ပြောသည်။
ထိုသို့လူစာရင်းများ ပျောက်ဆုံးနေသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒက္ခိဏသီရိမြို့နယ်
ရွေးကောက်ပွဲ ကော်မရှင်သို့ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိပေ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ရွေးကောက်ပွဲကော်မရှင်အား
ပျောက်ဆုံးနေသည့် မဲဆန္ဒရှင်များကိစ္စ မေးမြန်းသောအခါ ၂၀၁၀ ရွေးကောက်ပွဲစာရင်းအရ
ပြုလုပ်ထားခြင်း သာဖြစ်သည်ဟု ဖြေကြားကြောင်း အမျိုးသား ဒီမိုကရေစီ အောင်နိုင်ရေး
အဖွဲ့ဝင် ဦးညွန်ဝေ က ပြန်ပြောပြသည်။
၈၈မျိုးဆက်ကျောင်းသားများရုံးချုပ်၊ သင်္ကန်းကျွန်းမြို့နယ်
(၃၀.၃.၂၀၁၂)ရက်နေ့၊ မနက်ပိုင်းတွင် Election Monitoring
Network မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအား ဂျပန်သတင်းစာ
ယူမီယူရီရှင်ဘွန်းမှ လာရောက်တွေ့ဆုံမေးမြန်းခဲ့သည်။ (၃၀.၃.၂၀၁၂)ရက်နေ့၊
မနက်ပိုင်းတွင် Election Monitoring Network မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုကိုကြီးအား ITV NEWS ASIA BUREAU မှ Asia Producer Lu Bo မှ လာရောက်တွေ့ဆုံမေးမြန်းခဲ့သည်။
(၃၀.၃.၂၀၁၂)ရက်နေ့၊ နေ့လည်(၁)နာရီတွင် Election Monitoring Network အဖွဲ့အား Asean
Secretariat Observer Team မှ ပုဂ္ဂိုလ်များမှ လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
မန္တလေးတိုင်း ကြိုတင်မဲသတင်း(၁)
(၃၀.၃.၂၀၁၂)ရက်နေ့၊
နေ့လည် ၂း၄၁
မန္တလေးတိုင်း၊ သမန်းကုန်းကျေးရွာတွင်
ကြိုတင်မဲလာပေးသူများမှ NLD ပါတီအား မဲပေးခဲ့ရာ ရွေးကောက်ပွဲကော်မရှင်မှ
မဲစာရွက်များအား ဖွင့်ကြည့်ပြီး NLDအတွက်မဲပေးထားသော မဲစာရွက်များကို
လွှတ်ပစ်ခဲ့ကြောင်း သတင်းပေးပို့လာပါသည်။
နောက်ဆက်တွဲ မန္တလေးတိုင်း ကြိုတင်မဲသတင်း(၂)
(၃၀.၃.၂၀၁၂)ရက်နေ့၊
နေ့လည် ၃း၃၆
မန္တလေးတိုင်း၊ သမန်းကုန်းကျေးရွာတွင်
ကြိုတင်မဲလာပေးသူများထဲမှ မျက်စိမမြင်သူအဘိုးအိုတစ်ဦး၏ မဲဆန္ဒစာရွက်အား
ရွေးကောက်ပွဲကော်မရှင်စာရေးဖြစ်သူ(မြို့နယ်အုပ်ချုပ်ရေးမှူးရုံးစားရေးလည်းဖြစ်သူ)ကိုအောင်ဘိုမှ
ကိုယ်စားခြစ်ပေးခဲ့ရပါသည်။ အဘိုးအိုမှ NLD ပါတီအား ပေးကြောင်းပြောဆို၍
NLDပါတီအကွက်ဘေးတွင်ခြစ်ရသော အမှန်ခြစ်ကို ပယ်မဲဖြစ်အောင်
(အတွန့်အတွန့်ရှုပ်ရှက်ခက်ပါနေအောင်) ခြစ်ပေးခဲ့ပါသည်။ ၎င်းမဲဆန္ဒစာရွက်အားလည်း
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(၃)ဦးကိုလည်း လိုက်လံပြသခဲ့ပါသည်။ NLD
စောင့်ကြည့်ရေးကိုယ်စားလှယ်မှ ကြည့်ခွင့်တောင်းရာ ပြသခဲ့ခြင်းမရှိကြောင်း၊
ထိုကိစ္စနှင့်ပါတ်သက်၍ နယ်ခံများနှင့် NLD ပါတီဝင်များက မကျေမနပ်ဖြစ်နေကြကြောင်း
သတင်းပေးပို့လာပါသည်။
၈၈ မျိုးဆက်ရဲဘော်များ
စစ်ကိုင်းတိုင်းယင်းမာပင်မြိုနယ်ကျပ်အုပ်စုဝင်းကုန်းရွာ
29.3.2012
ညနေပိုင်းတွင်မီးလောင်မူဖြစ်ပွားတယ်စုစုပေါင်းရွာမှာအိမ်ခြေ၃၀၀ကျော်လူဦးရေ၁၀၀၀ကျော်ရှိပြီးတရွာလုံးနီးပါမီးလောင်ခံရယ်လို့
သတင်းရတယ်။ အဲဒီရွာသည်
အလောင်းတော်ကသဖတောင်ခြေမှာရှိပြီးတော့လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်။ ပုလဲမြို့က
မီးသတ်ကားတွေသွားရောက်ကူညီပါတယ်မီးလောင်ကြွမ်းတဲချိန်မှာNLDကမဲဆွဲစည်းရုံးရေးဖျော်ဖြေးရေးဖွဲတွေဖျော်ဖြေနေတဲချိန်ဖြစ်ပါတယ်
တရွာလုံးသွားရောက်အားပေးနေတဲချိန်လည်းဖြစ်တယ်
အဲဒီရွာဟာသောက်ဖို့ရေတောင်အလွန်ရှားပါခက်ခဲတဲ့နေရာဖြစ်တယ်။
သတ်မှတ်ရက်မဟုတ်ပဲ ကြိုတင်မဲပေးခြင်း
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ကျွန်းလှမြို.နယ်၊ရေယိမ်းအုပ်စု
ရဘင်းကျေးရွာမှ ကြိုတင်မဲကို (29.3.2012)နေ.တွင်
ဦးဝင်းအောင်(မဲရုံမှူး)၊ဦးညွန်.မောင်(တာဝန်ခံ)တို.ကနံနက်10း00)နာရီလောက်တွင်
ကောက်ယူသွားကြောင်း သတင်းရရှိပါသည်။ကြိုတင်မဲပေးလိုက်ရသူများမှာ
ဒေါ်ခင်ကြည်(၅/ကလန(နိုင်)၁၁၆၁၅)ဖြစ်ပြီး၊ဒေါ်မြတ်မော်၊ဒေါ်လှပြား၊ဒေါ်ဆင်ယုံ
တို.လည်း အလားတူကြိုတင်မဲ ပေးလိုက်ရကြောင်း ဒေါ်ခင်ကြည်၏သားဖြစ်သူ ဦးဌေးမောင်(ရဘင်းရွာ) ကိုယ်တိုင် သတင်းပေးပို.ထားပါတယ်။
တို.လည်း အလားတူကြိုတင်မဲ ပေးလိုက်ရကြောင်း ဒေါ်ခင်ကြည်၏သားဖြစ်သူ ဦးဌေးမောင်(ရဘင်းရွာ) ကိုယ်တိုင် သတင်းပေးပို.ထားပါတယ်။
ကျောက်ပန်းတောင်းမြို့သတင်း
ကျောက်ပန်းတောင်းမြို့မှ ပါတီဝင်တဦးယခုပင် ဖုန်းဖြင့်
ဆက်သွယ်ပြောဆိုလာပါသည်။ ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့မှ ၃၃မိုင်အကွာရှိ
ကြပ်ပြစ်ကျေးရွာတွင်းတွင် NLD ပါတီဝင်များက ထော်လာဂျီကားတစီး၊ ဆိုင်ကယ်
၈စီးခန့်ဖြင့် ဆောင်းဘောက်စ်အသံချဲ့စက်ငယ်များဖွင့်ကာ ဒေါ်အောင်ဆန်းစုကြည်ပုံ
ဗီနိုင်းများ ချိတ်ဆွဲလျက် ရွေးကောက်ပွဲစည်းရုံး
လှုံ...့ဆော်ရေး လှည့်ခဲ့ကြသည် ဆိုသည်။ ယနေ့ မတ်လ ၂၉ ရက် ညနေ ၅နာရီ ၄၅ မိနစ်တွင် ထိုကြပ်ပြစ်ကျေးရွာရှိ
ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုကျော်ဝင်း ဆိုသူက ၄င်းဧ။် အိမ်အနားသို့ ရောက်ရှိလာသော ထော်လာဂျီ စည်းရုံးရေး ကားအား အုတ်ခဲဖြင့် ထုခြင်း ဒေါ်အောင်ဆန်းစုကြည် ပုံအား ဆွဲဆောင့်ကာ ရိုင်းစိုင်းစွာပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို ကိုကျော်ဝင်း ဆိုသူ ကြံ့ဖွံ့ စည်းရုံးရေးမှူးသည် မူးယစ်နေပြီး သူ့သားသမီးများ ၀င်ဆွဲသည်ကိုပင် တွန်းလွှတ်ကာNLD ပါတီဧ။် စည်းရုံးရေး လုပ်ငန်းများအား ကိုယ်ထိလက်ရောက် နှောက်ယှက်ဟန့်တား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း။
လှုံ...့ဆော်ရေး လှည့်ခဲ့ကြသည် ဆိုသည်။ ယနေ့ မတ်လ ၂၉ ရက် ညနေ ၅နာရီ ၄၅ မိနစ်တွင် ထိုကြပ်ပြစ်ကျေးရွာရှိ
ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ကိုကျော်ဝင်း ဆိုသူက ၄င်းဧ။် အိမ်အနားသို့ ရောက်ရှိလာသော ထော်လာဂျီ စည်းရုံးရေး ကားအား အုတ်ခဲဖြင့် ထုခြင်း ဒေါ်အောင်ဆန်းစုကြည် ပုံအား ဆွဲဆောင့်ကာ ရိုင်းစိုင်းစွာပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထို ကိုကျော်ဝင်း ဆိုသူ ကြံ့ဖွံ့ စည်းရုံးရေးမှူးသည် မူးယစ်နေပြီး သူ့သားသမီးများ ၀င်ဆွဲသည်ကိုပင် တွန်းလွှတ်ကာNLD ပါတီဧ။် စည်းရုံးရေး လုပ်ငန်းများအား ကိုယ်ထိလက်ရောက် နှောက်ယှက်ဟန့်တား ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း။
ပါတီဝင်များမှ သက်သေဖြစ်သော အထုခံရသည့် အုတ်ခဲအားလည်း
အများအသိသက်သေဖြင့် သိမ်းဆည်းထားကြောင်း၊ ထိုရွာရှိ ပြည်ခိုင်ဖြိုး
အခြားပါတီဝင်များမှဝင်ရောက် ထိန်းသိမ်း တားမြစ်ပေးခြင်း မရှိကြောင်း ယခုပင်
ကျောက်ပန်းတောင်းမြို့မှ ခွပ်ဒေါင်း ပါတီဝင် ကိုဇော်နိုင်က
ဆက်သွယ်သတင်းပေးပို့လာပါသည်။ အသေးစိတ် သိ၇ှိလိုပါက ကိုဇော်နိုင်၊
ဖုန်းအမှတ်0947112814 သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း ။။။။
မြောင်းမြသတင်း
မြောင်းမြ မြို့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း
ဖြိုးကိုကိုတင့်ဆန်းဟာ မြောင်းမြမြို့ တောင်ဘက် ရှိ စက်ကုန်း၊ ရေငန်း ၊ တောင်ပူစာ
စသည့်ကျေးရွာများထဲမှာ တောင်ပူစာကျေးရွာရှိ မဲရုံ အမှတ် ၄ ရှေ့  အ၀င်အ၀မှာ
ဖြိုးကိုကိုတင့်ဆန်း ၏ မဲဆွယ်ပိုစတာကို ချိတ်ဆွဲထားပါတယ်။
ကြိုတင်မဲမသမာမှု ထပ်မဖြစ်စေဖို့ ကော်မရှင် ကတိပေး.......
ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလို ကြိုတင်မဲတွေနဲ့ အနိုင်ရသွားတာမျိုး
မဖြစ်စေရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အာမခံ ပြောကြားလိုက်ပါတယ်။
မတ်လ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက နေပြည်တော်မှာကျင်းပတဲ့
သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်ဥက္ကဋ္ဌက အဲဒီလို ပြောလိုက် တာပါ။
သတင်းမီဒီယာသမားတွေ ရွေးကောက်ပွဲနေ့ သတင်းယူတဲ့နေရာမှာ လိုက်နာရမှာတွေကိုလည်း
ထည့်သွင်း ရှင်းလင်းခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထားတဲ့
ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ တွေကျင်းပဖို့
လေးရက်အလိုမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက
သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ အဲဒီမှာ အများစု စိတ်ဝင်တစား
ရှိခဲ့တဲ့ကိစ္စတခုကတော့ ကြိုတင်မဲကိစ္စပဲဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်
ရွေးကောက်ပွဲတွေတုန်းက ကြိုတင်မဲတွေကို မမှန်မကန်လုပ်ပြီး အနိုင်ယူတာတွေ
ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တာကြောင့်လည်း
အခုတကြိမ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီကိစ္စကို ကော်မရှင်က ဘယ်လိုကိုင်တွယ်
ဆောင်ရွက်မယ်ဆိုတာ အများကစိတ်ဝင်တစား စောင့်ကြည့်နေတာပါ။
ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကတော့ သူ့လက်ထက်မှာ
အရင်တကြိမ်ကလို မဖြစ်စေရပါဘူးဆိုတာ အတိအလင်းအာမခံ ပြောဆိုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲကို
ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦးကို ပြန်ပြောပြပါတယ်။
“သူပြောသွားတာကတော့ - ၂၀၁၀ ကဲ့သို့ ကြိုတင်ဆန္ဒမဲများဖြင့် အနိုင်ရရှိသွားခြင်းကို မိမိလက်ထက်မှာ လုံးဝမဖြစ်စေရဘူး”-တဲ့။ ဦးတင်အေးက ပြောသွားတယ်ခင်ဗျ။ သူပြောတဲ့ဟာကတော့ - “ကျနော့်လက်ထက်မှာ ကြိုတင်ဆန္ဒမဲတွေရပြီး အနိုင်ရသွားတာမျိုးကို လုံးဝမဖြစ်စေရပါဘူးပေါ့နော်။ အတိတ်က အဖြစ်တွေကိုလည်း မေ့ထားလိုက်ပါပေါ့နော်။ အဲလိုမျိုးတော့ သူပြောသွားတယ် ခင်ဗျ။ ကြိုတင်မဲနဲ့ပတ်သက်ပြီး မေးတာက ရန်ကုန်တိုင်း၊ ဒေသကြီးလွှတ်တော်အမတ်တချို့၊ အမျိုးသားဒီမိုကရေစီပါတီဘက်က ဖြေတာကို ပြန်ဖြေကြားသွားတယ် ခင်ဗျ။”
“သူပြောသွားတာကတော့ - ၂၀၁၀ ကဲ့သို့ ကြိုတင်ဆန္ဒမဲများဖြင့် အနိုင်ရရှိသွားခြင်းကို မိမိလက်ထက်မှာ လုံးဝမဖြစ်စေရဘူး”-တဲ့။ ဦးတင်အေးက ပြောသွားတယ်ခင်ဗျ။ သူပြောတဲ့ဟာကတော့ - “ကျနော့်လက်ထက်မှာ ကြိုတင်ဆန္ဒမဲတွေရပြီး အနိုင်ရသွားတာမျိုးကို လုံးဝမဖြစ်စေရပါဘူးပေါ့နော်။ အတိတ်က အဖြစ်တွေကိုလည်း မေ့ထားလိုက်ပါပေါ့နော်။ အဲလိုမျိုးတော့ သူပြောသွားတယ် ခင်ဗျ။ ကြိုတင်မဲနဲ့ပတ်သက်ပြီး မေးတာက ရန်ကုန်တိုင်း၊ ဒေသကြီးလွှတ်တော်အမတ်တချို့၊ အမျိုးသားဒီမိုကရေစီပါတီဘက်က ဖြေတာကို ပြန်ဖြေကြားသွားတယ် ခင်ဗျ။”
ညနေ ၄ နာရီနောက်ပိုင်းမှ ရောက်လာတဲ့ ကြိုတင်မဲတွေကို
လုံးဝ ထည့်သွင်းရေတွက်မှာ မဟုတ်ဘူးလို့လည်း ကော်မရှင်ဥက္ကဋ္ဌ က ပြောခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ နိုင်ငံတကာကလေ့လာသူ ၁၅၉ ဦး
ခွင့်ပြုလိုက်တယ်လို့ ဦးတင်အေးက ပြောပါတယ်။ အဲဒီအရေအတွက်ထဲမှာ ပြည်ပအခြေစိုက်
သတင်းမီဒီယာသမားတွေပါပါသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါပေမဲ့လည်း
လေ့လာသူတွေ၊ သတင်းမီဒီယာသမားတွေဟာ မဲရုံထဲ ဝင်ခွင့်ရမှာမဟုတ်ဘဲ ဓာတ်ပုံရိုက်ယူတာ၊
မေးမြန်းတာတွေကို မဲရုံနဲ့ကိုက်၅၀၀ အကွာကနေပဲ လုပ်ခွင့်ရမှာဖြစ်ပါတယ်။မဲရုံတွေထဲ
ဝင်ခွင့်ရသူတွေကတော့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေ၊
နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် တွေဖြစ်ကြပြီး မဲရေတွက်တဲ့အချိန်မှာ သက်သေ ၁၀
ယောက် ရှိမှာဖြစ်တယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းယူ
သတင်းပို့ကြမယ့် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေ လိုက်နာရမယ့်
စည်းမျဉ်းစည်းကမ်းတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို အင်္ဂါနေ့ကပဲ
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။ ဒီအချက် တွေအပြင် အခုလိုမျိုး
မဲရုံထဲဝင်ပြီး ဓာတ်ပုံရိုက်ခွင့်မရ၊ သတင်းယူခွင့်မရတာကြောင့်လည်း
လုပ်ကိုင်ရတဲ့နေရာမှာ အဟန့်အတား ဖြစ်သွားတယ်လို့ ပြည်တွင်းသတင်းထောက်က ပြောပါတယ်။
“အဟန့်အတားကတော့ ရှိတယ်ခင်ဗျ။ ရှိတယ်ဆိုတာက ကျနော်တို့တွေ
- ရွေးကောက်ပွဲသတင်း ယူမယ့်သူတွေကို Local ထဲက လူတွေဆိုရင် ဓာတ်ပုံ သုံးပုံ
ပေးရတယ်။ စိစစ်ရေးက ကောက်သွားတယ်။ ၂၀၁၀ တုန်းကလိုမျိုး မဲရုံထဲမှာ လွတ်လွတ်လပ်လပ်
သတင်းယူလို့ ရမယ်ဆိုပြီးတော့ တွက်ထားကြတာပေါ့။ အခုကျတော့ ရွေးကောက်ပွဲကော်မရှင်က
ဒီနေ့မှ ဘယ်သူမှ ဝင်ပြီးတော့ ဓာတ်ပုံပေးမရိုက်ဘူး ဆိုတာကျတော့လေ-
သတင်းထောက်တွေအနေနဲ့တော့ အဟန့်အတား ဖြစ်သွားတယ်လို့တော့ ခံစားမိပါတယ်။”
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပြည်တွင်းသတင်းထောက်တဦးပါ။
မဲစာရင်းရလဒ်တွေကို ရေတွက်ပြီးပြီးချင်းမှာ ကြေညာပေးမှာဖြစ်ပြီး သတင်းသမားတွေအနေနဲ့ ကော်မရှင်ရုံးအဆင့်ဆင့်ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုဆီ သူသွားရောက်ကြည့်ရှုတာမှာ လုံခြုံရေးအခြေအနေ မကောင်းသေးဘူးဆိုတာ တွေ့ခဲ့ရတဲ့ အတွက် အဲဒီနေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရွှေ့ဆိုင်းရတာဖြစ်တဲ့အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲ အတွင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်ခင်ဗျား။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ပြည်တွင်းသတင်းထောက်တဦးပါ။
မဲစာရင်းရလဒ်တွေကို ရေတွက်ပြီးပြီးချင်းမှာ ကြေညာပေးမှာဖြစ်ပြီး သတင်းသမားတွေအနေနဲ့ ကော်မရှင်ရုံးအဆင့်ဆင့်ကို ဆက်သွယ်မေးမြန်းနိုင်ဖို့ လုပ်ဆောင်ပေးမယ်လို့လည်း ကော်မရှင်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ ကချင်ပြည်နယ်က မဲဆန္ဒနယ်သုံးခုဆီ သူသွားရောက်ကြည့်ရှုတာမှာ လုံခြုံရေးအခြေအနေ မကောင်းသေးဘူးဆိုတာ တွေ့ခဲ့ရတဲ့ အတွက် အဲဒီနေရာတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ ရွှေ့ဆိုင်းရတာဖြစ်တဲ့အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲ အတွင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်ခင်ဗျား။
ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ဝင်သုံးဦးမှ
ကျေးရွာရွေးကောက်ပွဲကော်မရှင်များကို ၀င်ရောက်ထိုးနှက်
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြင်းဝင်းကျေးရွာတွင်
ကြားဖြတ်ရွေးကောက်ပွဲ မဲပေးပုံမှန်ကန်စေရန် ရည်ရွယ်၍ မဲပေးနည်းသရုပ်ပြ
သင်တန်းပို့ချနေသည့် ကျေးရွာကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်အောင်ကို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ)ဝင်သုံးဦး၏
ရိုက်နှက်ထိုးကြိတ်မှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ရန်ကုန်မြို့တွင်
မတ်လ ၇ ရက်နေ့က မဲဆွယ်စည်းရုံးရေး လုပ်နေသော ကြံ့ခိုင်ရေးပါတီဝင်များ
မြို့နယ်ကော်မရှင်၏ ညွှန်ကြားချက်ဖြင့် မြင်းဝင်းကျေးရွာရှိ
အခြေခံပညာမူလတန်းကျောင်းတွင် သရုပ်ပြသင်တန်းပို့ချနေခြင်းကို
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များ မဲဆွယ်နေသည်ဟုထင်မှတ်ကာ
ကြံ့ခိုင်ရေးပါတီအဖွဲ့ဝင် သုံးဦးက လာရောက်ဆဲဆိုကြိမ်းမောင်းခြင်းကိုတားမြစ်ရာမှ
ယင်းသို့ဖြစ်ပွားခဲ့ကြောင်း မြို့နယ်NLDကိုယ်စားလှယ်လောင်း ဦးပိုက်ကိုက ပြောသည်။
“ဒီပွဲလုပ်နေတာကို NLD ကလုပ်နေတယ်အထင်နဲ့ ရွာသားတွေကို
မင်းတို့ခွပ်ဒေါင်းထဲ မဲထည့်ရင် ထည့်တဲ့သူကို ဒူးတွေ၊ ခြေ ထောက်တွေ
ချိုးပစ်မယ်ဆိုပြီး သူတို့က ခြိမ်းခြောက်တယ်။ ဒီကျောင်းကို ဘယ်သူ့ခွင့်ပြုချက်နဲ့
သုံးတာလဲ၊ ဘာလဲဆိုပြီး အမျိုးမျိုးဆဲဆိုတာကို ဦးမြင့်အောင်က သွားတားမြစ်တော့
လည်ပင်းနဲ့ဗိုက်ကို ရိုက်နှက်ထိုးကြိတ်တာတွေ လုပ်သွားတာပေါ့ဗျာ”ဟု ဦးပိုက်ကိုက
ဧရာဝတီသို့ ပြောသည်။
ကော်မရှင်ဥက္ကဋ္ဌကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူ
ဦးဟန်သိန်းမြင့်၊ ဦးမောင်လွင်နှင့် ကိုဦးတို့အား ရိုက်နှက်မှုနှင့် ပတ်သက် ၍
မြစ်ခြေရဲစခန်းကို တိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိသေးကြောင်း ဒေသခံများက
ပြောသည်။ မဲပေးရန် သရုပ်ပြသင်တန်းကို ရွေးကောက်ပွဲကော်မရှင်အထက်အဆင့်ဆင့်မှ
ညွှန်ကြားထားချက်ဖြစ်ပြီး မြင်းဝင်းရွာအဖြစ်အပျက်ကို ကြားသိထားကြောင်း၊
ကျေးရွာကော်မရှင်ကိုလည်း ဖြစ်ရပ်အပြည့်အစုံအား မြို့နယ်ကော်မရှင်သို့
တင်ပို့ခိုင်းထားကြောင်းနှင့် ရိုက်နှက်မှုမှန်ကန်ပါက သက်ဆိုင်ရာသို့
တင်ပြအရေးယူသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ် ကော်မရှင်ဥက္ကဋ္ဌဦးပုတုကပြောပြ သည်။
“ကျနော်တို့ကတော့ အဲဒီနေ့ကသွားတဲ့ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့တွေကို
ဒီကိစ္စနဲ့ပတ်သက်ပြီး တင်ပြဖို့ညွှန်ကြားထားတယ်။ အဖြစ်မှန်သိတာနဲ့
ခရိုင်ကိုတင်ပြပြီးတော့ အရေးယူဆောင်ရွက်သွားဖို့ စီစဉ်မှာပါ”ဟု ဦးပုတု က
ဧရာဝတီသို့ ပြောသည်။ ပခုက္ကူမြို့နယ်တွင် NLD မှ ဦးပိုက်ကိုနှင့်
ကြံ့ခိုင်ရေးပါတီမှ ဦးကျော်တင့်တို့ နှစ်ဦး အမတ်လောင်းအဖြစ် ယှဉ်ပြိုင်
အရွေးခံကြမည် ဖြစ် သည်။
ကြံ့ခိုင်ရေးပါတီက ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်းစသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု ဆိုကာ NLD က မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား ထားကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီက ငွေနှင့်ပစ္စည်းများပေးကာ မဲဆွယ်နေခြင်း၊ အစိုးရ၀န်ထမ်းများ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် အာဏာဖြင့် ခြိမ်းခြောက်နေခြင်းစသည့် ရွေးကောက်ပွဲမသမာမှုများ ဖြစ်ပွားနေသည်ဟု ဆိုကာ NLD က မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား ထားကြောင်း သိရသည်။
တိုင်ကြားချက်၌ ကြံ့ခိုင်ရေးပါတီအမတ်လောင်းဦးကျော်တင့်က
ယခုလ၂၂ရက်နေ့တွင် ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ဒေသ ခံများအား တအိမ်လျှင်
ကုလားပဲဆံ၂ဘူး၊ အိုင်အိုဒင်းဆား၁ထုပ်နှင့် ကျပ်၂၀၀၀ စီပေးကာ
မဲပေးကြရန်ပြောဆိုစည်းရုံးကြောင်းနှင့် ပခုက္ကူ တက္ကသိုလ်၊ ပညာရေးကောလိပ်နှင့်
ရဲဌာနမှ ၀န်ထမ်းများအားလုံး ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးရမည်ဟု ဖိအားပေးမှုများ
ရှိနေသည်ဟုလည်း ပါဝင်သည်။
ထို့အတူ နိုင်ငံတ၀န်း၌ ကြိုတင်မဲများကို
မတ်လ၃၀နှင့်၃၁ရက်နေ့တွင် ကောက်ခံရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ညွှန်ကြားထားသော်လည်း ပခုက္ကူရှိ သူနာပြုသင်တန်းကျောင်းနှင့် ပညာရေးကောလိပ်ရှိ
သင်တန်းသားများကို ယခုလ တတိယ ပတ် အတွင်းက ကြိုတင်မဲများ ကောက်ခံခဲ့ကြောင်း သိရသည်။
ပခုက္ကူတွင် မဲပေးနိုင်သူပေါင်း ၁ သိန်း ၉ သောင်း ၉ ထောင်ကျော်ရှိပြီး မဲရုံပေါင်း
၃၂၄ ရုံ ထားရှိသွားမည်ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။ ၂၀၁၀
ရွေးကောက်ပွဲတွင် မဲရုံ ၃၂၂ ရုံ ရှိခဲ့သော်လည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက်
အထည်ချုပ်စက်ရုံ ၂ ရုံ ၌ မဲရုံ ၂ ရုံ ထပ်တိုးလာခဲ့သည်။
“လက်သီး”က အချိုဆုံး၊ “လက်ဝါး”က အမာဆုံးဟု ပြောဆိုခြိမ်းခြောက်၍
သမ၀ါယမ၀န်ကြီးဦးအုန်းမြင့်မှ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက်
မဲဆွယ်စည်းရုံးပေးခြင်း
(၂၃.၃.၂၀၁၂)နေ့၊ နံနက်(၉)နာရီအချိန်တွင် ကော့မှူးမြို့နယ်အပိုင် ကျုံလတ္တာကျေးရွာရှိ
အမကကျောင်းသို့ သမ၀ါယမ၀န်ကြီးဦးအုန်းမြင့်မှ တစ်အိမ်ထောင်တစ်ယောက် တက်ရမည်၊
ငွေချေးမည်ဟုခေါ်ပြီး ပြောကြားတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ၀န်ကြီးဦးအုန်းမြင့်မှ လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင်
ပြည်ခိုင်ဖြိုးပါတီကို မဲပေးဖို့ရန် သင်္ကေတနိမိတ်များပြ၍ မဲဆွယ်ခဲ့ပါသည်။
ထိုသင်္ကေတမှာ ကျပ်(၁၀၀)တန်အကြွေစေ့ခြင်္သေ့ပုံပါကို ပေးပြီး စည်းရုံးခဲ့ပါသည်။
၎င်းဝန်ကြီးက “အသီးထဲမှ ဘာအသီးက အချိုဆုံးလဲ” ဟုမေးသည့်အခါတွင်
တက်ရောက်လာသူပြည်သူများမှ “သရက်သီးက အချိုဆုံး”ဟုဖြေခဲ့ရာတွင် ၎င်းဝန်ကြီးက
“လက်သီး”ဟု ပြောဆိုခြိမ်းခြောက်ခဲ့ပါသည်။
ဒါ့အပြင် ၎င်းဝန်ကြီးက “၀ါးထဲမှာ ဘာဝါးက အမာဆုံးလဲ”ဟု တက်ရောက်လာသူပြည်သူများကို
မေးမြန်းပြန်ရာ လူထုက “၀ါးကျစ်ဝါး၊ ကြခတ်ဝါး”ဟု ပြန်လည်ဖြေဆိုသောအခါ ၎င်းဝန်ကြီးက
“လက်ဝါး”က အမာဆုံးဟု ခြိမ်းခြောက်ခဲ့ပါသေးသည်။ “ဘယ်အရာမှ အလကားမရဘူး”ဟုလည်း
ပြောဆိုကြိမ်းမောင်းသွားခဲ့သည်ဟု ကျေးရွာသူ(အမည်မဖော်လိုသူ)တစ်ဦးမှ
သတင်းပေးပို့လာပါသည်။
ဖျာပုံမြို့နယ်သတင်းများ
“မဲမထည့်ရင် မင်းတို့ကို သတ်ပစ်မယ်”ဆိုသော
ဗိုလ်ချုပ်ဟောင်းဦးစိုးနိုင်
(၂၄.၃.၂၀၁၂)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ငြိမ်းကျေးရွာရှိ နှစ်ကျိပ်ရှစ်ဆူအလှူခံမဏ္ဍပ်သို့
ကားတစ်စီးထိုးဆိုက်လာပြီး ကားအတွင်းတွင် ဒေါ်ငြိမ်းကျေးရွာမှ
လုပ်ငန်းရှင်ဖြစ်သူဦးသံချောင်းနှင့်
ဖျာပုံပြည်ခိုင်ဖြိုးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဗိုလ်ချုပ်ဟောင်းဦးစိုးနိုင်တို့ နှစ်ဦးပါလာပြီး အလှူငွေတစ်သောင်းကျပ်ကို
လှူဒါန်းသွားခဲ့ပါသည်။ ထို့နောက် ဦးသံချောင်းမှ “ငါနဲ့ အဘနဲ့
အလောင်းအစားလုပ်ထားတယ်” ထိုအခါ ဒေါ်ငြိမ်းမှလည်း “ငါတို့နိုင်ရမယ်၊
နိုင်အောင်လုပ်ရမယ်” လို့ပြန်လည်ပြောဆိုခဲ့ပါသည်။ ထိုအခါ
ဗိုလ်ချုပ်ဟောင်းဦးစိုးနိုင်က “လောင်းလောင်းမလောင်းလောင်း၊ နိုင်အောင်လုပ်ရမယ်၊
မင်းတို့ရွာအတွက် ငါအများကြီးကောင်းအောင် လုပ်ပေးခဲ့တယ်၊ မင်းတို့ ငါတို့အဖွဲ့ကို
မဲထည့်ရမယ်။ မထည့်ရင် မင်းတို့ကို သတ်ပစ်မယ်”ဟု ကိုဖိုးဇော်၊ ကိုနိုင်ကြီး၊
ဦးကျော်လှိုင်၊ ကိုမျိုးမြင့်ဝင်း၊ ကိုမင်းထွေး၊ ကိုစိုးငြိမ်းတို့ကို
ပြောသွားခဲ့ပါသည်။ ခဏအကြာ ကားထွက်သွားပြီးမှ ကားပြန်လှည့်၍
“မင်းတို့လျှောက်မပြောနဲ့ဦးနော်၊ နောက်တာ” ဟု ပြန်လာပြောပြီး
ကားမောင်းထွက်သွားခဲ့ပါသည်။
ဖျာပုံမြို့နယ်၊ ၁ရပ်ကွက်၊ ၁၀ရပ်ကွက်၊ ၉ရပ်ကွက်များတွင်
ကြိုတင်မဲများထည့်ထားရာအိတ်များမှာ အိတ်များ၏ဘေးတစ်ဘက်တစ်ချက်တွင်
ပွင့်နေသည်များကို တွေ့ရှိရသည်ဟု သတင်းပေးပို့လာပါသည်။
ဖျာပုံမြို့နယ်၊ ၁၄ရပ်ကွက်ရှိ ကြိုတင်မဲစာရွက်တွင်
ရပ်ကွက်ကော်မရှင်တံဆိပ်တုံးနှင့် လက်မှတ်များ မပါဝင်ကြောင်း
ကြိုတင်မဲပေးသူတစ်ဦးမှ တွေ့ရှိ၍ပြန်ပြောသည့်အခါ စာရေးမမှ သူနားမလည်ကြောင်း
ပြန်လည်ဖြေကြားခဲ့ပါသည်။
ဖျာပုံမြို့နယ်၊ ကိုးအိမ်တန်းကျေးရွာတွင် မြို့နယ်ကော်မရှင်မှ ချပေးသော
စာရင်းစာအုပ်များနှင့် NLD အောင်နိုင်ရေးအဖွဲ့မှ ထိုရွာအတွက် ရရှိထားသော
စာရင်းစာအုပ်များရှိ မဲပေးနိုင်သူအရေအတွက်မှာ ကွဲပြားနေကြောင်း NLD
အောင်နိုင်ရေးအဖွဲ့မှ ပြောကြားခဲ့ပါသည်။
မယုံပါဘူးဆိုမှ ပိုပြီးမယုံရတဲ့ အထောက်အထား - - -
၂၀၁၂ ဧပြီလ
၁ ရက်နေ့မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတွင်
ကျင်းပပြုလုပ်တော့မည့် ကြားဖြတ်ရွေးကောက်ပွဲသည် ဒီမိုကရေစီကို မျှော်လင့် တောင်းတလျက်ရှိသော
မြန်မာပြည်သူ ပြည်သား အားလုံးအတွက် ရင်ခုန်စရာ
နေ့တစ်နေ့ ဖြစ်ပါတယ်။
ပြည်သူများ၊
ဝန်ထမ်းများအားလုံးက ဒီမိုကရေစီကို မျှော်လင့်တောင်းတနေကြသည် ဆိုသော်လည်း နိုင်ငံတော်ဝန်ထမ်းအကြီးအကဲတစ်ဦး၏
အာဏာရှင်ဆန်ဆန် လုပ်ရပ်တစ်ခုဟာ မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ် (University
of Community Health) မှာ ဖြစ်ပေါ်နေပါတယ်။
မကွေးမြို့
အခြေခံကျန်းမာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ပါမောက္ခချုပ်
ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်သည် သူမ၏ လက်မှတ်ဖြင့် သူမ၏ လက်အောက် ဝန်ထမ်းများကို
၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့က စာအမှတ် ၃၁၀/အခတ/မက/ထွေ/၂၀၁၂ ဖြင့် ဌာနတွင်းရုံးစာ တစ်စောင်
ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ (ပုံကိုကြည့်နိုင်ပါသည်)
စာပါအကြောင်းအရာမှာ
တက္ကသိုလ်ရှိ ဝန်ထမ်းများအားလုံး ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ဌာနချုပ်မှ ထွက်ခွာခြင်း/ခွင့်ခံစားခြင်း
မပြုလုပ်စေပဲ ဝန်ထမ်းများအားလုံးက တက္ကသိုလ် အနီးနားရှိ တပေါက်တောကျေးရွာတွင် ကြားဖြတ်ဆန္ဒမဲ
ပေးကိုပေးရမည် ဆိုသည့် အာဏာရှင်ဆန်ဆန် အမိန့်စာ ပင်ဖြစ်ပါတယ်။
ထိုအမိန့်စာ
ထွက်ရှိလာသဖြင့် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမများ၊ ရုံးဝန်ထမ်းများက
ကျေနပ်မှု မရှိပဲ တစ်ယောက်တမျိုး ပြောဆိုသံများ ထွက်ပေါ်လာခဲ့ပါတယ်။
“ကျွန်မတို့က
မကွေးမြို့ထဲမှာနေတာဆိုတော့ ကိုယ့်အိမ်ထောင်စု စာရင်းပေါက်တဲ့ မကွေးမြို့ပေါ်မှာရှိတဲ့
ဆန္ဒမဲရုံမှာပဲ မဲပေးချင်တာ။ အဲဒီနေ့ကလည်း တနင်္ဂနွေနေ့ဆိုတော့ ကျောင်းပိတ်တယ်လေ။ ကျောင်းကို
ဘယ်သူက သွားချင်မလဲ။ ပါမောက္ခချုပ်ကတော့ ကားစီစဉ်ပေးတယ်ဆိုပေမဲ့လည်း ကျောင်းကို တကူးတကသွား။
ပြီးရင် တခါကျောင်းကပြန်။ ကျောင်းကလည်း မကွေးမြို့ပြင်မှာဆိုတော့ အသွားအပြန် အလကားအချိန်က
(၂) နာရီ (၃)နာရီလောက်ကုန်သွားမှာပေါ့” ဟု
ဤတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ မကွေးမြို့ခံ ရုံးဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။
အခြေခံကျန်းမာရေးတက္ကသိုလ်ဟာ
၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့အနီးရှိ အောင်ဆန်းမြို့မှ မကွေးမြို့သို့ ပြောင်းရွေ့ဖွင့်လှစ်လိုက်သည့်
ကျန်းမာရေးဝန်းကြီးဌာနအောက်ရှိ ဆေးသိပ္ပံပညာဦးစီးဌာနမှ ဦးဆောင်လျက်ရှိသော ဆေးနှီးနွယ်တက္ကသိုလ်တစ်ခုဖြစ်ပါသည်။
၎င်းတက္ကသိုလ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော
အခန်းကဏ္ဍမှ ပြည်သူ့ကျန်းမာရေးကို အဓိက တာဝန်ယူရသည့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးကြီးကြပ်
(၁) (၂)
ဝန်ထမ်းများကို နှစ်စဉ် ၉၀၀ ၁၀၀၀ ခန့်
မွေးထုတ်ပေးလျက်ရှိသော တက္ကသိုလ် တစ်ခု ဖြစ်ပါသည်။
၎င်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော
ဝန်ထမ်းများသည်လည်း အများစုမှာ မကွေး နှင့်အနီးတဝိုက် မြို့များမှ ဖြစ်ကြသော်လည်း အနယ်နယ်
အရပ်ရပ်မှ မိသားစုနှင့်တကွဲတပြား လာရောက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများစွာ ရှိကြပါတယ်။
“ကျွန်တော်က
ရန်ကုန်ကနေပြီ လာရောက်တာဝန်ထမ်းဆောင်နေတဲ့ ဆရာတစ်ဦး ဖြစ်ပါတယ်။ မိသားစုနဲ့ ကွဲကွာပြီး
တာဝန်ထမ်းဆောင်နေတာ (၁) နှစ်နီးပါး ရှိသွားပါပြီ။ တစ်လကို တစ်ခေါက် နှစ်ခေါက်လောက်တော့
အိမ်ကို ပြန်ဖြစ်ပါတယ်။ ကျွန်တော်က အိမ်ထောင်ဦးစီးဆိုတော့ မိသားစုတာဝန်ကို ကျွန်တော်ကပဲ
ပြန်ပြန်ကြည့်ပေးနေရတယ်လေ။ မဲပေးရမဲ့ရက်က ဧပြီ (၁) ရက်နေ့ဆိုတော့ ကျွန်တော်က ရန်ကုန်အိမ်ကနေ မဲပေးချင်တာ။
အိမ်ထောင်စု စာရင်းကလည်း ရန်ကုန်မှာပဲ ပေါက်တယ်လေ။ ကျွန်တော်တို့ သင်ကြားရေး တက္ကသိုလ်တွေက
ဧပြီလဆို April Vacation ခံစားလို့ရတယ်လေ။ မဲပေးရက်နဲ့ April Vacation နဲ့ ဆက်လိုက်တော့
အိမ်လည်းစောစော ပြန်ဖြစ်တာပေါ့၊ အိမ်မှာလည်း ကြာကြာနေရတာပေါ့။ ဒါကို ကြိုသိနေတဲ့ ပါမောက္ခချုပ်က
ဆရာတွေ အဲဒီလို အရမ်းအဆင်ပြေသွားမှာကို သိပ်မမြင်ချင်ဘူးလေ။ ဒီမှာပဲ မဲပေးရမယ်ဆိုပြီး
ဒီလို အမိန့်စာတွေ ထွက်တာပေါ့။ ကိုယ်မဲပေးရမဲ့နေရာကိုတောင် ကိုယ့်ဖာသာကို လွတ်လပ်စွာ
ရွေးချယ်ခွင့်မရှိပါဘူး။ အခု ဘယ်လို ဖြစ်မလဲ
မသိဘူး၊ ရန်ကုန်အိမ်မှာလည်း မဲစာရင်းက မဖျက်ရသေးဘူး၊ ဒီမှာကလည်း နံမည်စာရင်းပါနေတယ်လို့
ပြောတယ်၊ မဲလိမ်ချင်သူတွေအတွက် ဒါအကွက်ကောင်းပဲလေ။ ကျွန်တော်တို့ ပါမောက္ခချုပ်ကြီးက
ဒီလို လူမျိုးတွေကို အားပေးအားမြှောက် လုပ်ပေးနေသလို ဖြစ်မနေဘူးလား” ဟု ခံစားချက်များကို
ဖွင့်ဟသွားတဲ့ လက်ထောက်ကထိက ဆရာတစ်ဦးရဲ့ ပြောဆိုသံကို ကြားခဲ့ရပါတယ်။
မန္တလေးမြို့မှ
လာရောက် တာဝန်ထမ်းဆောင်နေသော နည်းပြ ဆရာမ တစ်ဦး၏ ဒီလို ရင်တွင်းခံစားချက်သံကို ကြားရပါတယ်။
“ ကျွန်မ အစက မန္တလေးမှာ ပြန်ပြီး မဲပေးမလို့ပါ။ အရင်တခါ မဲပေးတဲ့နေရာမှာပဲ မဲပေးရမယ်လို့
ဆိုလို့။ ပါမောက္ခချုပ်က ဒီစာလည်းထွက်လာရော ကျွန်မ ဌာနမှူးက မကွေးမှာပဲ မဲပေးပါလို့ ပြောလာတယ်။
ဒါနဲ့ မန္တလေးမှာ ကျွန်မ နံမည်စာရင်းကို အဖေကို ဖျက်ခိုင်းပါတယ်။ ဖျက်ခိုင်းအပြီးမှာပဲ
ကျောင်းက လက်ထောက်မော်ကွန်းထိန်းက အရင်တခေါက်မဲပေးခဲ့တဲ့ နံမည်စာရင်းပဲ ပါတယ်။ ဆရာမတို့က
အရင်တခေါက်မဲပေးပြီးမှ ပြောင်းလာတော့ ဆရာမတို့နံမည်က မကွေးမှာ မပါဘူးလို့ ဆိုပြန်တယ်။
ဒါနဲ့ မန္တလေးက အဖေကို တခါပြန်ပြီး နံမည်ထည့်ခိုင်းရပြန်တယ်။ အခု မတ်လ နောက်ဆုံး အပတ်ကျတော့
ဆရာမနံမည်က တပေါက်တောမှာ ပါတယ်နော် ကျွန်တော်သွားကြည့်ခိုင်းပြီးပြီ၊ ဆရာမက ဒီမှာပဲ
မဲပေးရာမှာ၊ ပါမောက္ခချုပ်ကြီးကလည်း ဒီမှာပဲ ပေးစေချင်တယ်လို့ တာဝန်ခံတွေက ပြောလာတယ်။
ဒါနဲ့ အဖေကို နံမည်စာရင်း ပြန်ဖျက်ခိုင်းတော့ အဖေက နင်တို့ကျောင်းက ရှုပ်ကိုရှုပ်တယ်လို့
ကျွန်မကို ဆူပြီး နံမည်စာရင်းကို မဖျက်ပေးတော့ဘူး။ အခုဆို ကျွန်မ နံမည်က နှစ်နေရာမှာ
ရှိနေတယ်။ မဲကို နှစ်ခါထည့်လို့ အရေးယူမယ်ဆိုရင် ကျွန်မကတော့ ပါချုပ်ကြီးကိုပဲ လက်ညှိုးထိုးလိုက်တော့မယ်။
အခု ပြဿနာက အပြန်လက်မှတ်ပဲ။ ဧပြီလက သင်္ကြန်ကာလဆိုတော့ လက်မှတ်က တစ်ရက် နှစ်ရက် ကြိုဝယ်လို့
မရဘူးလေ။ မဲပေးပြီတာနဲ့ အိမ်ပြန်ချင်တာ၊ လက်မှတ်မရလို့ တစ်ရက်နှစ်ရက် နေပြီးမှ ပြန်ရတော့မှာ။
ကျောင်းမှာက အတန်းအားလုံးနီးပါးကို ဧပြီ ၁ ရက် မတိုင်မီ အားလုံး စာမေးပွဲတွေကို စစ်ပေးပြီး
ပိတ်ပေးလိုက်ပြီ။ ဒါကြောင့် အလုပ်မရှိတော့ အိမ်ပြန်ချင်တာ ”
ဒီစကားသံတွေဟာ
အခြေခံကျန်းမာရေးတက္ကသိုလ်ရှိ ဝန်ထမ်းများ၏ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပက်သက်သော ရင်တွင်းခံစားချက်
အသံများ ဖြစ်ပါတယ်။ ဒီအသံများအပြင် ပါမောက္ခချုပ် ဒေါက်တာ စန်းစန်းမြင့်အောင်အပေါ် မကျေနပ်ချက်
ရင်တွင်းပေါက်ကွဲသံများကိုလည်း တဆက်တည်း ကြားခဲ့ရပါတယ်။
ယခု လက်ရှိ
တာဝန်ထမ်းဆောင်နေသော ပါမောက္ခချုပ် ဒေါက်တာ စန်းစန်းမြင့်အောင်ဟာ ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်
(၂) ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန မှ ပါမောက္ခ/ဌာနမှူး ရာထူးကနေ မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်ကို
ပါမောက္ခချုပ် ရာထူးတိုးဖြင့် ရောက်ရှိလာတာ (၄) (၅) နှစ်ခန့် ရှိသွားပြီ ဖြစ်ပါတယ်။
ယခင် အခြေခံကျန်းမာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ဦးအောင်ခင်ဟာ လာဘ်စားမှု၊
အလွဲသုံးစားမှုတို့ဖြင့် အတိုင်ခံရ၊ ပြုတ်သွားပြီးနောက်ပိုင်း သူမက ပါမောက္ခချုပ် တာဝန်ကို
ထမ်းဆောင်လာသူ ဖြစ်ပါတယ်။ သူမကိုယ်တိုင်က ရန်ကုန်မြို့သူလည်းဖြစ်၊ သူမ အမေကလည်း ရန်ကုန်မြို့မှာ
မောင်ဖြစ်သူနဲ့ ထားခဲ့ရတဲ့ အတွက် သူမက ရန်ကုန်ကို အမြန် ပြောင်းရွေ့နေချင်သူ ဖြစ်ပါတယ်။
မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ရာထူးကို ပျော်လို့ ယူထားသူ မဟုတ်ကြောင်း
သူမကိုယ်တိုင် ခဏ ခဏ ပြောဘူးတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်သို့
ပါမောက္ခချုပ်ရာထူးဖြင့် ပြောင်းရွေ့ပေးရန် ဆေးသိပ္ပံပညာဦးစီးဌာနမှ စီစဉ်ပေးခဲ့ဘူးသော်လည်း
သူမအတွက် လျာထားသော နေရာကို မိုးကျရွှေကို ဖြစ်သူ “ဒေါက်တာ နေစိုးမောင်” (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏
သားမက်ဟောင်း၊ မောင်ဖိုးလပြည့်၏ ဖခင်) ကို ရာထူးအဆင့်ပေါင်း (၃) (၄) ဆင့် တခါတည်း ခုန်ပေးလိုက်တဲ့အတွက်ကြောင့်
သူမအတွက် ရန်ကုန်ပြောင်းရွေ့ရဖို့ မျှော်လင့်ချက် အိမ်မက်ကြီး ပျောက်သွားပြီးနောက်
ယခုလို အပြုအမူများကို တမင်သက်သက် ပြုလုပ်လာကြောင်း သိရှိရပါတယ်။ သူမတောင် အဆင်မပြေပဲ
နေနိုင်သေးတာပဲ တခြားသူတွေလည်း သူမကို အဖော်လုပ်နေစေချင်ကြောင်း၊ သူမအား လိုလေသေးမရှိ
သူမ ခိုင်းသလို သူမနဲ့အတူ နေပေး၊ လုပ်ပေးနိုင်သော ဆရာအချို့ကိုသာ အရမ်းဦးစားပေးပြီး
တခြားသူတို့ကိုတော့ စည်းကမ်းကို အရမ်းတင်းကြပ် ကပ်သပ်၍ အပြစ်ပေးတတ်ကြောင်း ခံစားဘူးသူ
ဆရာ/ဆရာမများနှင့် ဝန်ထမ်းများက ဖွင့်ဟပြောဆိုသံကိုလည်း ကြားခဲ့ရပါတယ်။
ဒီလို မျက်နှာလိုက်
တစ်ဘက်စောင်း စီမံအုပ်ချုပ်မှု ပုံစံနဲ့ အုပ်ချုပ်နေခဲ့တာကို သည်းမခံနိုင်တော့သည့် ဝန်ထမ်းများက
ဆေးသိပ္ပံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်မြင့်ထံ တိုင်စာများ တိုင်ကြားခဲ့သော်လည်း
သူမအား မည်သည့် အရေးယူမှုများ ပြုလုပ်ခဲ့ခြင်း မရှိပဲ နှုတ်ဖြင့် သတိပေးအဆင့်ထိသာ ရှိခဲ့သည်ဟု
ဆိုပါတယ်။ ကျွန်တော်တို့လို နည်းပြရာထူးကို လုပ်ကိုင်ပေးနိုင်သူတွေက များနေပြီး ပါမောက္ခချုပ်လို
ရာထူးမျိုးကို လုပ်ကိုင်လိုသူ ရှားပါးလာသည့် ဒီခေတ်ကြီထဲမှာ သူမအား အရေးယူရမည်ကိုလည်း
ဆေးသိပ္ပံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်မြင့်က မဝံ့မရဲ ရှိပုံပေါ်ပါတယ်လို့လည်း
ကောက်ချက်ချကြပါတယ်။
ပါမောက္ခချုပ်
ဒေါက်တာ စန်းစန်းမြင့်အောင်ဟာ ဝန်ထမ်းများကို အုပ်ချုပ်မှု အားနည်းရုံတင်မကပဲ သင်ကြားရေး
လုပ်ငန်းတာဝန်များမှာလည်း အားနည်းကြောင်း လက်ထောက်ကထိက ဆရာမ တစ်ဦးကလည်း ထောက်ပြပြောဆိုသံကို
ကြားခဲ့ရပါတယ်။ သင်ကြားရေး စာသင်ခန်းများကိုလည်း သူမကိုယ်တိုင် ကွင်းဆင်းကြည့်ရှုခြင်းများ
မရှိကြောင်း၊ မကွေးမြို့သည် အလွန်ပူပြင်းသောကြောင့် စာသင်ခန်းများတွင် ပန်ကာများ ပျက်စီးနေသည်ကို
ပြုပြင်ပေးရန် ခဏခဏ တောင်းဆိုသော်လည်း ပြုပြင်ပေးခြင်း မရှိကြောင်း၊ သူမကိုယ်တိုင်ကျတော့
air condition နှစ်လုံးတပ်ဆင်ထားသော အခန်းကနေ ထွက်တာတောင် မတွေ့ရကြောင်း၊ သင်ကြားရေး
ဆရာ ဆရာမများသည် မြေဖြူ နှင့်green board (Blackboard) ကိုသာ အသုံးပြုနေရသေးကြောင်း၊
Lecture ကို အဆင့်မြင့်မြင့် သင်ကြားပေးလိုသော ဆရာ ဆရာမများက LCD Projector များ တခန်းတစ်လုံး
တပ်ဆင်ပေးရန် တောင်းဆိုသော်လည်း တစ်ကျောင်းလုံးသုံးရန် LCD Projector တစ်လုံးသာ ထုတ်ပေးထားကြောင်း၊
Lecture powerpoint များကို ပြင်ဆင်နိုင်ရန် ကွန်ပြူတာများတောင်းဆိုလျှင်လည်း မရပဲ
Store ထဲတွင် ကွန်ပြူတာများ မော်ဒယ်အောက်မှိုတက်သည့်အထိ သိမ်းဆည်းထားကြောင်း၊ ကျောင်းသားများကို
စာသင်ကြားရာတွင် သင်ကြားရေးအထောက်အကူပြု PA System များလည်း အခန်းတိုင်းမှာ ပျက်စီးနေသည်ကို
ပြုပြင်ပေးခြင်း မရှိသည့်အတွက် ဆရာ/ဆရာမများမှာ နွေခေါင်ခေါင်တွင် ချွေးတရွှဲရွှဲဖြင့်
ရှာထွက်အောင် အော်သင်နေရကြောင်း သိရှိခဲ့ပါသည်။
နောက်ဆုံးနှစ်
ကျောင်းသား/ကျောင်းသူများကို ကွန်ပြူတာဖြင့် သင်ကြားရသည့် ဘာသာတွင်လည်း ကွန်ပြူတာခန်းတွင်
ကျောင်းသား/သူ (၄ - ၅) ဦးကို ကွန်ပြူတာ တစ်လုံးနှုန်းဖြင့် သင်ကြားနေရကြောင်း၊ ကွန်ပြူတာ
မလုံလောက်သည်ကို သိရှိသော်လည်း ကွန်ပြူတာ အသစ်များ ထုတ်ပေးခြင်း မရှိသည့်အပြင် အဟောင်းများကို
ပြင်ဆင် မွမ်းမံခြင်း မရှိကြောင်း၊ ကွန်ပြူတာခန်းတွင် တပ်ဆင်ထားသော air condition များပျက်နေသည်ကိုလည်း
ပြင်ဆင်ပေးခြင်း မရှိကြောင်း။ ယခင် ပါမောက္ခချုပ်ဟောင်း ဒေါက်တာဦးစိုးနောင် လက်ထက်က
၎င်းအခြေခံကျန်းမာရေးတက္ကသိုလ်တွင် ပညာနို့ရည်သောက်စို့ခဲ့ပြီး ယခုအခါ ယင်းကျောင်းတွင်
နည်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမ များက သူတို့လက်ထက် ပညာသင်ကြားခဲ့ရသည့်
အခြေအနေများဖြင့် နှိုင်းယှဉ်ပြောဆိုသံကိုလည်း ကြားခဲ့ရပါတယ်။ “ကျွန်တော်/ကျွန်မ တို့
ကျောင်းတက်တုန်းက ကွန်ပြူတာအချိန်ဆိုရင် နွေခေါင်ခေါင်ကြီးပဲ ဖြစ်နေပစေ လက်ရှည် အနွေးထည်ပါး
တစ်ထည် ဆောင်ထားရတယ်။ နို့မို့ရင် ကွန်ပြူတာ အချိန်ပြီးရင် အအေးမိတော့တာပဲ”
ဒီစကားသံများကို
နားထောင်ကြည့်ခြင်အားဖြင့် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများကြားတွင် ပြဿနာပေါင်း မြောက်များစွာ ရှိနေကြောင်း မှန်းဆသိရှိနိုင်ပါတယ်။
ဒီလို နိုင်ငံတော်အတွက် အလွန်တရာ အရေးပါ အရာရောက်သော အခြေခံပြည်သူ့ကျန်းမာရေးဝန်ထမ်းများကို
မွေးဖွားရာ ကျောင်းတော်ကြီးဟာ ပြဿနာပေါင်းစုံ ရှိနေပါက မွေးထွက်လာသော ကျန်းမာရေးမှူးတို့၏
အရည်အသွေးဟာလည်း သံသယဖြစ်ဘွယ်အခြေအနေမှာ ရှိနေမှာပါ။
မြန်မာနိုင်ငံ
ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွင် မဲလိမ်လည်မှုများဖြင့် ကြံ့ဖွတ်ပါတီ မဲရရှိရေးကို
နည်းအမျိုးမျိုးသုံးနေသည့်အချိန်တွင် မကွေး အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်၏
လုပ်ဆောင်မှုသည် မဲလိမ်လည်သူများအား တစ်ဘက်တလမ်းက ကူညီပံ့ပိုးပေးနေသလို ဖြစ်နေသည်ကို
အများပြည်သူသိရှိစေရန် အလို့ငှာ ဤစာဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။
မကွေးမြို့ ခံတဦးရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
လိမ်တာတွေ စပေါ်နေပါပြီ - - -
ကြိုတင်မဲပေးပွဲစတင်၊ မဲမသမာမှုများရှိနေဟု စောင့်ကြည်သူများ ပြောကြား
Published on March 30, 2012 by ရွှေအောင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၄၅ ခုစလုံးမှာ ကြိုတင်မဲ ပေးချင်တဲ့သူ တွေအတွက် မတ် ၃၀ နဲ့ ၃၁ ရက်တွေမှာ ကြိုတင်မဲတွေ စတင် ပေးနေကြပြီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မဲရုံတာဝန်ကျတဲ့ ဝန်ထမ်း၊ တာဝန်နဲ့ ခရီးထွက်ရ မယ့် ဝန်ထမ်းတွေအပါအဝင် သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး ချို့ယွင်းနေတဲ့သူတွေ၊ အချုပ် ကျနေတဲ့သူတွေက ကြိုတင်မဲ ပေးခွင့်ရတာ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ထဲကရပ်ကွက်တချို့မှာ ဒီကနေ့ မနက်က ကြိုတင်မဲ ပေးရာမှာ မဲရုံတာဝန်ရှိသူတွေက ပါတီကိုယ်တာဝန်ရှိသူ တွေကို ဟန့်တားမှုတွေ ရှိခဲ့တယ်လို့ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းက ပြောပါတယ်။
ကြိုတင်မဲပေးတဲ့အတွက် ပါတီကိုယ်စားလှယ်လောင်းတွေ မဲရုံကို စေလွှတ်ပြီး စောင့်ကြည့်ခိုင်းရာမှာ ၁၄ ရပ်ကွက်က မဲရုံတာဝန်ရှိသူတွေက အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းရဲ့ ကိုယ်စားလှယ် ၂ ဦးကို မဆိုင်ရင် ဝင်မရှုပ်နဲ့လို့ ခြိမ်းခြောက် တားမြစ်တယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
“ကြိုတင်မဲတွေတော့ ပေးပြီးဗျ၊ တချို့ရပ်ကွက်ကတော့လည်း မှန်မှန်ကန်ကန်ပေါ့လေ။ တချို့ရပ်ကွက်က မဟုတ်ဘူး။ ဟိုတုန်းက အကျင့် ရှိသေးတယ်။ ကျနော်တို့ဆီက မဲရုံကိုယ် စား လှယ်၊ အကူကိုယ်စားလှယ်တွေကို အဲဒီ ကြိုတင်မဲကို စောင့်ခိုင်းထားတဲ့အခါမှာ ဘာမှ ကြည့်ခွင့် သိခွင့်မရှိအောင် ဟိန်းဟောက်ထားပြီး ဘာမှကြည့်စရာ မလိုဘူး၊ သိစရာမလိုဘူး ဆိုပြီးပြောဆို တာကို ကျနော့်ဆီ ရောက်လာပြီး ပြောပြတော့ ကော်မရှင်ဆီကို တခါတည်း ဆက်ပြီးတော့ ဒီလို မလုပ်ပါနဲ့ ခင်ဗျားတို့ အောက်ခြေက ကော်မရှင်တွေ ဒီလိုဖြစ်နေတယ်ဆိုပြီး လှမ်း အကြောင်းကြား ရသေးတယ်။”
ပုသိမ်မြို့မှာ ရွေးကောက်ပွဲ အကြိုကာလ မဲဆွယ်စည်းရုံးနေတဲ့ နေရာမှာလည်း သက်ဆိုင်ရာဒေသ အာဏာပိုင်တချို့နဲ့ ဒု-ဝန်ကြီးအဆင့် ရှိသူတဦးဟာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အတွက် မဲဆွယ်ခဲ့တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချတဲ့ စာရွက်စာတမ်းတွေကို မြို့နယ်ထဲမှာ ဖြန့်ဝေတာမျိုးလည်း ရှိနေတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
အလားတူ ဧရာဝတီတိုင်း ဖျာပုံမြို့ပေါ်က ရပ်ကွက်တချို့မှာလည်း ဒီနေ့ ကြိုတင်မဲ ပေးခဲ့ကြရာမှာ လျို့ဝှက် ကြိုတင်မဲကိုပိတ်ထားတဲ့အိပ်မှာ ချိတ်တွေ ကွာနေပြီး ပွင့်နေတာကို တွေ့ရတယ်လို့ ဖျာပုံရွေးကောက်ပွဲ စောင့်ကြည့်ရေး ကွန်ရက်က ကိုဘသက်အောင်က ပြောပါတယ်။
“ဒီနေ့မှာ ၁၀ ရပ်ကွက်၊ ၈ ရပ်ကွက်၊ ၁၄ ရပ်ကွက်၊ ၉ ရပ်ကွက်တွေဆီကို သွားပြီးစုံစမ်းတော့ အဲဒီမှာ မဲရုံမှာ ကြိုတင်မဲ လိုက်ပြီးတော့ ကောက်ခံတဲ့အခါမှာ ချိတ်ပိတ်ထားတဲ့ စာအိတ်တွေက ဘေးတ ဖက်တချက်မှာ ပွင့်နေတယ်။ ဒါကို သွားတွေ့တဲ့အခါ ကော်မရှင်ကို သူတို့ ပြောတယ်ပေါ့။ တချို့ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌက ပြင်ပေးတယ်။ ဥပမာ – ၉ ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌ ဆိုရင် ပြန်ပြီးတော့ ပြင်ပေးတယ်။ တချို့ ရပ်ကွက်တွေကတော့ ပြင်မပေးသေးဘဲနဲ့ ဒီအတိုင်း ထားထားတယ်’လို့ပြောပါတယ်။
ဒါ့ပြင် ၁၄ ရပ်ကွက်မှာ ကြိုတင်မဲ စာရွက်မှာ ရပ်ကွက်ကော်မရှင် တံဆိပ်တုံးနဲ့ လက်မှတ်တွေ မပါဝင်ကြောင်း တွေ့ရပြီး ကိုးအိမ်တန်းကျေးရွာမှာတော့ ကြိုတင်မဲ ကောက်ခံတဲ့ အခါမှာ ပါတီကိုယ်စားလှယ်တွေကို လိုက်ပါခွင့် မရှိဘူး ဆိုပြီး ရပ်ကွက်ကျေးရွာ ကော်မရှင် ဥက္ကဋ္ဌကနေပြီးတော့ အော်ငေါက်ပြီး ပြောတာမျိုးတွေလည်း တွေ့ရပါတယ်။”လို့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး ကွန်ရက်က ကိုဘသက်အောင် ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်အတွင်းမှာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲ ကောက်ယူမှုဟာ တရားဥပဒေနဲ့ မကိုက်ညီဘဲ မသမာတဲ့ဘက်ကို ဦးတည်နေတယ်လို့ အန်အယ်လ်ဒီ အမတ်လောင်း ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
“အန်တီတို့မြို့နယ်မှာ မနက်ကတည်းက ကြိုတင်မဲတွေ ရွာတိုင်းစေ့ လိုက်ပြီး ကောက်နေကြပြီ။ ကျေးရွာကော်မရှင် ဥက္ကဋ္ဌကနေပြီးတောမှ တအိမ်တက် တအိမ်ဆင်း လိုက်ပြီးတော့မှ ကြိုတင်မဲကို ကောက်နေတယ်။ ဥပဒေအရ ဆိုလို့ရှိရင် ကြိုတင်မဲ ပေးချင်တဲ့လူက ကော်မရှင်ကို အကြောင်းကြားမှ ကော်မရှင်ကနေ ကြိုတင်မဲ ပေးချင်တဲ့ လူရဲ့အိမ်ကို သွားပြီးတော့ ယူရမှာ။ အခုဟာက မဟုတ်ဘဲနဲ့ ကျေးရွာကော်မရှင်ကနေပြီးတော့မှ တအိမ်တက် တအိမ်ဆင်း လိုက်ပြီးတော့ ကြိုတင်မဲကို လိုက်ကောက်နေတာဆိုတော့ ဒါ ဥပဒေနဲ့ လုံးဝ မညီညွတ်ဘူး’လို့ပြောပါတယ်။
ဒီကိစ္စကို မြို့နယ်ကော်မရှင်ကို တင်ပြထားပေမယ့် အရေးယူ ဆောင်ရွက်တာ မရှိဘူးတဲ့ အကြောင်းနဲ့ ကျေးရွာကော်မရှင် ဥက္ကဋ္ဌက ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်နေတဲ့အကြောင်းလည်းဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
ရှမ်းပြည်နယ် ကလောမြို့နယ်ဟာ တပ်နယ်ဆိုပေမယ့် မြို့နယ်ထဲ ကြိုတင်မဲပေးတဲ့သူ အရေအတွက် ပြောပလောက်အောင် မရှိဘူးလို့ သိရပါတယ်။ မြို့နယ်အတွင်း မဲပေးပိုင်ခွင့် ရှိသူပေါင်း ၉ သောင်းကျော် ရှိတဲ့အနက် တပ်မတော်သား မဲပေးနိုင်သူပေါင်းကတော့ ၁ သောင်းကျော်ပဲ ရှိပြီးတော့ တိုင်းရင်းသားမဲက အများစု ဖြစ်တဲ့အတွက် တိုင်းရင်းသားပါတီတွေ အခြေအနေ ကောင်းနိုင်တယ်လို့ ကျားဖြူပါတီ ကိုယ်စားလှယ် ဦးစပ်သာဦးက ဒီဗွီဘီကို ပြောပါတယ်။ (DVB)
နေပြည်တော်မှာ နိုင်ငံဝန်ထမ်းများပါ ကြံ့ဖွံ့ ကိုယ်စားလှယ်အတွက်ပါဝင်မဲဆွယ်
၂၀၁၂ မတ်လ၂၉ ရက်နေ့  နံနက် ကိုးနာရီ ခန့်က နေပြည်တော်ကောင်စီဝင် ဦးသန်းအောင် ဒက္ခိဏသီရိမြို့နယ် အုပ်ချူပ်ရေးမူး ဦးဝေလွင်ဖြိုး မြို့နယ်ရဲတပ်ဖွဲ့မူး ဦးရွှေမန်း တို့  မှ
ဒက္ခိဏသီရိမြို့နယ် ကြံခိုင်ရေး ကိုယ်စားလှယ်လောင်း ဦးမောင်ရှိန် အတွက် အစည်းအဝေး
ခေါ်ယူ မဲဆွယ်ခဲ့ကြောင်းသိရပါတယ်။
ရွာမအုပ်စု ရွာမရပ် အ.ထ.က(၁၉)ကျောင်းမှာ အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပြီး
နေပြည်တော်ကောင်စီဝင် ဦးသန်းအောင်မှ အ.ထ.က(၁၉) နှစ်ထပ်ကျောင်းဆောင်
ဆောက်လုပ်
ဦးမောင်ရှိန်အား မဲပေးရန် မဲဆွယ်စည်းရုံး ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ မူလကတရားဝင်ဖွဲ့စည်းထားသော ကျောင်းဆောက်လုပ်ရေး
ကော်မတီဝင်များအား ဖိတ်ကြားခြင်းမပြုပဲ ကျောင်းဆောက်လုပ်ရေးကော်မတီဟု
အစားထိုးထားသော (ကော်မတီအတု) ရပ်ကျေးကော်မရှင် ဥက္ကဌ ဦးစိုးနိုင်
(ကြံခိုင်ရေးစည်းရုံးရေးမူး) ဦးလှအောင် ဦးမောင်မောင်(တောင်ကျောင်းစု) ဦးဟန်စိုး
(ကျားကူးအရှေ့ မူလတန်းကျောင်းအုပ်) တို့ဖြင့် အစည်းအဝေးပြုလုပ်ကာ ကြံခိုင်ရေး
ကိုယ်စားလှယ်ကိုသာ မဲပေးရန် စည်းရုံးမဲစွယ်ပြီး ကျောင်းဆောက်လုပ်ရေးကော်
မတီဝင်
ဆင်ကာ မဲဆွယ်ကြတာပါ။
မြို့နယ်အုပ်ချူပ်ရေးမူး ဦးဝေလွင်ဖြိုးမှ ယခင်ချပေးသော ကျောင်းဆောင်လုပ်ရေးရန်ပုံငွေ ကျပ်သိန်းလေးရာမှ မည်မျှကျန်သေးကြောင်း ကျောင်းအုပ် ဦးခင်မောင်ကျော်အား
မေးမြန်းရာ (သိန်းခုနှစ်ဆယ် )ကျန်ကြေင်းပြောပါတယ်။
ကျောင်းဆောက်လုပ်ရေးကော်မတီ အစစ် မှ စာရင်းရှင်းပီး လက်ကျန်ငွေမှာ (၉၇)
သိန်းကျော် ဖြစ်ပြီး တရားဝင် စာရင်းရှင်းလင်းကာ ကျောင်းအုပ်ဦးခင်မောင်ကျော်ထံ
အပ်နှံပြီး ဖြစ်သော်လည်း ငွေ(၂၇)သိန်းကျော် ကွာဟနေကြောင်း ထိုကိစ္စမှာ
ပြသာနာမဟုတ်ကြောင်း ဦးဝေလွင်ဖြိုးမှ ပြောကြားပြီး ကြံခိုင်ရေးကိုယ်စားလှယ်
ကိုသာ မဲပေးလိုက်ပါ ဘာမှပြသာနာမရှိနိုင်ဟု ပြောကြားပြီး ရွှေးကောက်ပွဲဥပဒေ
များနှင့် ဆန့်ကျင်ကာ နိုင်ငံတော်ပိုင်ငွေဖြင့် နိုင်ငံဝန်ထမ်းများ ပါဝင်သော သူများမှ
ကြံခိုင်ရေး ကိုယ်စားလှယ် ဦးမောင်ရှိန်အတွက် မဲဆွယ်စည်းရုံးနေကြောင်း
ဒက္ခိဏသီရိမြို့နယ်မှ ဒေသခံတဦးက သတင်းပေးပို့ ထားပါတယ်။
Myanmar News Now
သြစတြေးလျလွှတ်တော်အမတ်တွေ မြန်မာပြည် ဝင်ခွင့်မရ
ကြာသပတေး, 29 မတ် 2012
By ဗွီအိုအေ (မြန်မာဌာန)
သြစတြေးလျနိုင်ငံက ပါလီမန်အမတ်နှစ်ဦးရဲ့ မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လျှောက်ထားချက်ကို မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။ သြစတြေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်က လေဘာပါတီအမတ် Janelle Saffin နဲ့ အနောက်သြစတြေးလျ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ် Mathias Cormann တို့ဟာ မြန်မာနိုင်ငံကို လေ့လာရေး ကိုယ်စားလှယ်အဖြစ် သွားရောက်ဖို့ လျှောက်ထားကြတာကို ကမ်ဘာရာမြို့၊ မြန်မာသံအမတ်ကြီးက ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
မစ္စ် ဆက်ဖဲန်က မြန်မာ့ဒီမိုကရေစီရေးကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူတစ်ဦးဖြစ်ပြီး အခုလို သူ့ကို ပြည်ဝင်ခွင့် ငြင်းဆန်လိုက်တာဟာ မြန်မာနိုင်ငံ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးအပေါ် သံသယ ဖြစ်စေတယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ အနောက်နိုင်ငံတွေက ပါလီမန်အမတ်တွေကို လက်မခံချင်ကြဘူးလို့လည်း သုံးသပ်ပါတယ်။
အာဆီယံနိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့မှာ ပါလီမန်အဖွဲ့ဝင်တွေကို ထည့်သွင်း ဖိတ်ကြားခဲ့ပေမယ့် အမေရိကန်၊ သြတြေးလျ စတဲ့နိုင်ငံတွေကကျတော့ အစိုးရအရာရှိတွေကိုသာ သတင်းသမားတွေနဲ့ အတူ ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
လူမိုက်ဆံဆံ အောက်တန်းကျတဲ့ ခြိမ်းခြောက်မှုတွေရှိ
ရွေးကောက်ပွဲနီးလာလေ ဒီမိုကရေစီအင်အားစုများအပေါ် အောက်တန်းကျတဲ့ခြိမ်းခြောက်မှုတွေ မြင်တွေလာရပါတယ် ။ မကွေးတိုင်း မြင်းဝန်ကျေးရွာမှာဆိုရင်ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်က ရွေးကောက်ပွဲနဲ့ ပါတ်သက်၍ သင်တန်းပို့ ချနေစဉ် အရက်သမား၃ယောက်က ခွပ်ဒေါင်းကို မဲပေးလျှင် ဒူးရိုက်ချိုးမယ်လို့ ခြိမ်းခြောက်ပါတယ်။
စကြဝဠာအတွင်း ဂြိုဟ်ကမ္ဘာတွေ အများကြီးရှိနိုင်
ဗုဒ္ဓဟူး, 28 မတ် 2012
ကမ္ဘာထက် အဆပေါင်းများစွာကြီးမားတဲ့ Super-Earth လို့ခေါ်တဲ့ ကျစ်လျစ်တဲ့
ကျောက်မြေထုတွေနဲ့ တည်ဆောက်ထားတဲ့ မဟာကမ္ဘာဂြိုဟ်ပေါင်း သန်းပေါင်း
ထောင်ချီပြီး စကြဝဠာထဲမှာ ရှိနေနိုင်တဲ့ အထောက်အထားသစ်တွေကို
တွေ့ရှိထားတယ်လို့ ဥရောပတောင်ပိုင်း ဂြိုဟ်နက္ခတ် စူးစမ်း လေ့လာရေး အဖွဲ့
ESO ရဲ့ အာကာသ သုတေသီတွေက ပြောလိုက်ပါတယ်။
ဒီမိုကရေစီအင်အားစုများညီညွှတ်ကြ
ဒီမိုကရေစီအင်အားစုများညီညွှတ်ကြ
ယနေ့ ကြားဖြတ်ရွေးကောက်ပွဲကာလတွင်
ဝင်ရောက်ယှဉ်ပြိုင်ကြသော ပါတီအဖွဲ့စည်းများ ၊ တသီးပုဂ္ဂလအမတ်လောင်းအများစုဟာ လွှတ်တော်ကို အားကိုးယုံကြည်လို့ဝင်ရောက်လာခြင်းထက် ပြည်သူနဲ့
အစိုးရကြား ချုပ်ဆိုထားတဲ့ ကတိက၀တ်တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံကို ကျယ်လောင်စွာ ဟစ်အော်ရင်း ရွေးကောက်ပွဲသို့ဝင်ရောက်လာကြခြင်း ဖြစ်ပါတယ်။
ယနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ
အပြိုင်အဆိုင်ယှဉ်ပြိုင်မှု့ အားအကောင်းဆုံးဖြတ်တဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် လစ်လပ်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်ကြသော
ပါတီအဖွဲ့အစည်း ၃
ခုနှင့် တသီးပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင်သူ ၁
ဦးတို့ ဖြစ်ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ပေးနေတဲ့ အာဏာရ
ကြံခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ကျန် သုံးဦးအဖွဲ့အစည်းကတော့၂၀၀၈
အခြေခံဥပဒေကို ပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံတွေကို ကျယ်လောင်စွာဟစ်အော်ရင်း
နဲ့ ၀င်ရောက်လာတဲ့ ရည်ရွယ်ချက်တူညီသော ဒီမိုကရေစီအင်အားစုများပဲ
ဖြစ်ကြပါတယ်။ဒါကြောင့် ရည်ရွယ်ချက်ခြင်းတူတဲ့ ဒီမိုကရေစီအင်အားစုသုံးဦးအဖွဲ့အစည်းဟာ စည်းလုံးညီညွှတ် ကြဖို့
အထူးပဲလိုအပ်လှပါတယ်။ ဒီမိုကရေစီအင်အားစုသုံးဦးအဖွဲ့အစည်းရဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလ အဓိက ရည်မှန်းချက်မှာ မိမိတို့သုံးဦး အဖွဲ့အစည်း
ထဲမှ တစ်ဦး အနိုင်ရရှိဖို့အထူးပဲလိုအပ်လှပါတယ်။ ဒါမှသာ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်တွင်းမှ တရားဝင်ပြုပြင်ပြောင်းလဲလို့ ရမှာပါ။ ဒါကြောင့် ဒီမိုကရေစီဆန့်ကျင်ဘက် အာဏာရှင်အဖွဲ့အစည်းပါတီ အနိုင်မရဖို့အထူးပဲလိုအပ်လှပါတယ်။ ဒါပေမယ့်
စိတ်မကောင်းစရာကတော့ ဒီမိုကရေစီဘက်တော်သားအချင်းချင်း မညီမညွှတ် အချင်းချင်းအပြန်အလှန်တိုက်ခိုက်ကြပြီး ဒီမိုကရေစီအာဏာရှင်အစိုးရပါတီရဲ့ အကြိုက်ဖြစ်အောင် အချင်းချင်း တိုက်ခိုက်ပြုမူနေတာဟာဖြင့် ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတဲ့
ကြွေးကြော်သံတွေနဲ့ အလှမ်းဝေး စေပါတယ်။
အမှန်က ၂၀၀၈ ဖွဲ့စည်းပုံကို အကာကွယ်ပြုနေတဲ့ အာဏာရ အဖွဲ့အစည်းကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။ဒါပေမယ့် ယနေ့မိတ္ထီလာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာနှစ်ပေါင်း ၂၀ ကျော်ကြာအောင် ပြည်သူလူထုဒေသခံအကျိုးစီးပွားကို အစဉ်တစိုက်လုပ်ဆောင်ခဲ့တဲ့ ဒေါ်မြင့်မြင့်အေး ကို (NLD) ပါတီဗဟိုမှ မိတ္ထီလာမြို့အတွက် မရွေးချယ်ပဲ
ပါတီဗဟိုမှ ရန်ကုန်မြို့နေ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့်ဒေါ်မြင့်မြင့်အေး အနေနဲ့
ရွေးချယ်စရာမရှိတော့တဲ့အတွက် တသီးပုဂ္ဂလအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ခြင်းဖြစ်ပါတယ်။ဒေါ်မြင့်မြင့်အေး အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသော ငယ်ရွယ်ထက်မြတ်ရမယ်၊ ဒေသခံဖြစ်ရမယ် ၊
ပညာအရည်အချင်းရှိရမယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသူ
ကိုဦးစားပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ပြည့်စုံသော်ငြားလည်းပဲ (NLD) ပါတီဗဟို မှ ပြောဆိုချက်များနှင့် လွဲမှားစွာ ဒေါ်မြင့်မြင့်အေးထက် အသက်ကြီးသော ဒေသခံမဟုတ်သော အာဏာရှင် ဦးနေ၀င်းလက်ထက်က အာဏာရှင်အစိုးရအလိုကျ တိုင်းပြည်တာဝန်ကိုအစွမ်းကုန် ထမ်းဆောင်ခဲ့သော ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မိတ္ထီလာမြို့နယ် အတွက်
(NLD) ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခဲ့ပါတယ်။ ဒါပေမယ့်
အဲဒါဟာ အဓိကပြဿနာမဟုတ်ခဲ့ပါဘူး ။ အဓိကပြဿနာက မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာ NLD ပါတီမှ တသီးပုဂ္ဂလ လွှတ်တော်
အမတ်လောင်း ဒေါ်မြင့်မြင့်အေးကို အမှုတည်ဆောက်တရားစွဲဆိုရန်ကြိုးစားပြီး ကြားဖြတ်ရွေးကောက်ပွဲ အဖွင့်စာမျက်နှာကို ဒီမိုကရေစီဘက်တော်သားအချင်းချင်း မိတ်ဖက်အချင်းချင်း ရုပ်ဆိုးအကျဉ်းတန်စွာ ဖြင့်အဖွင့်စာမျက်နှာကိုဖွင့်ဆိုခဲ့ပါတယ်။တရားရုံးအဆင့်ဆင့်မှ NLD ပါတီမှ တရားစွဲဆိုမှုကို ပြစ်မှုမမြောက်သော ကြောင့် တိုင်ကြားလာသော တိုက်ကြားလွှာများကို လက်ခံခဲ့ခြင်းမရှိခဲ့ပါ။ ထို့ကြောင့်
(NLD) ပါတီအနေဖြင့် တိုက်ခိုက်မှုများကို သိသာထင်ရှားစွာပြုလုပ်လာခဲ့သော်လည်းပဲ (NLD) ပါတီထက်အင်အားနည်းလှသော တသီးပုဂ္ဂလ
လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးကတော့ ပြန်လည်တုံ့ပြန်ခြင်းတစ်စုံတစ်ရာ မရှိခဲ့ပေ။ဒေါ်မြင့်မြင့်အေး အနေဖြင့်
(NLD) ကို မိခင်ပါတီဟောင်းကြီးအနေဖြင့် ယခုအချိန်ထိ သဘောထားကာ
သစ္စာစောင့်သိနေသောကြောင့်ဖြစ်သည်။ ဒါကြောင့်
(NLD) ပါတီအနေဖြင့် ဒီမိုကရေစီဘက်တော်သား အချင်းချင်း မပေါင်းမစည်း
မညီမညွှတ်မဖြင့်သင့်ပေ ရန်သူအားရမယ့် အလုပ်မျိုးအပြုမူမျိုးကို ရှောင်ကြဉ်
တတ်ရန်လည်း လိုအပ်လှပါသည်။မဟုတ်မမှန် ဇာတ်လမ်းများဖြင့် တိုက်ခိုက်မှုပြုလုပ် အမှုတည်ဆောက် တရားစွဲဆိုရန် ကြိုးပမ်းခြင်းဟာ ခွေးဝမ်းသာအောင် လေလည်ပြနေခြင်းဖြစ်ပါသည်။မြန်မာနိုင်ငံ ဒီမိုကရေစီရေး မအောင်မြင်မှု့ဟာ သမိုင်းကာလကို ပြန်ကြည့်မယ်ဆိုရင် အချင်းချင်း မညီညွှတ်ပဲ
အပြန်အလှန်တိုက်ခိုက် နေကြလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်
(NLD) အနေဖြင့် အတိတ်သမိုင်းမှ စာမျက်နှာကို ပြန်လည်
ကြည့်ပြီး အမြင်မှန်ရ ရန်လိုအပ်လှပါသည်။ ယခုလို တိုက်ခိုက်တဲ့အတွက်လူထုကြားထဲတွင် ပါတီအတွက်ရော စိတ်သဘောထားကောင်းမွန်လှသော လူထုခေါင်းဆောင်ကြီးအတွက်ပါ ရုပ်ဆိုးအကျည်းတန်လွန်းလှပါသည်။ ယခုလို
ဒီမိုကရေစီဘက်တော်သားအချင်းချင်း ပြန်လည်တိုက်ခိုက်ကြသည့်အတွက် လူထုကြားထဲတွင် အာဏာရှင်ကြံ့ခိုင်ရေးပါတီအနေဖြင့် ပိုမိုအင်အားတောင့်တင်းလာမှာမုချမသွေဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သော အဖွဲ့အစည်းများအနေဖြင့်ဒီမိုကရေစီအောင်နိုင်ရေးတွက် မိမိတို့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ မူဝါဒများ လုပ်ဆောင်ခဲ့ပြီးသော ဆက်လက်လုပ်ဆောင်မည်ဖြစ်သော လုပ်ရပ်များကို ပြည်သူလူထုကြီးထံသို့ အဓိကပြောဆို ချပြရမည် ဖြစ်ပါသည်။အဲဒီလိုမပြောခဲ့ရင်တောင်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ် ဆိုတဲ့ရည်ရွယ်ချက်ကို လက်ကိုင်ထားပြီး အချင်းချင်းညီညွှတ်စွာ ကြိုးစားအကောင်ထည် ဖော်ရမယ့် ကာလလည်းဖြစ်ပါတယ်။သို့ပေမယ့် ယနေ့ကာလမှာတော့ ဒီမိုကရေစီအင်အားစုထဲကအချင်းချင်း အပြန်အလှန်တိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ယခုလို မိခင်ပါတီဟောင်းကြီးမှ ဒေါ်မြင့်မြင့်အေးအပေါ် မဟုတ်တမ်းတရားဇာတ်လမ်းတွေပုံဖော်ပြီး ပြုမူဆောင်ရွက်နေခြင်းဟာ တစ်ဖက်အာဏာရ
အဖွဲ့အစည်းကို သွယ်ဝိုက်ပြီး အလုပ်အကျွေးပြုစုနေခြင်းပဲဖြစ်ပါတယ်။ (NLD) ပါတီမှ မိတ္ထီလာမြို့နယ် ကိုယ်စားလှယ်စည်းရုံးရေးမှုးများဟာ လူထုကြားထဲမှာ မိမိတို့လုပ်ဆောင်မယ့် လုပ်ငန်းလမ်းစဉ်များ မူဝါဒများကို ချပြပြောဆိုနေခြင်းထက် ဒေါ်မြင့်မြင့်အေးအား လူထုကြားထဲတွင် အမြင်မှားအောင် ပြောဆိုစည်းရုံးနေကြ ပါတယ်။မိတ္ထီလာမြို့နယ်တွင် ဒေါ်မြင့်မြင့်အေးသည် လူထုကြားထဲတွင် ထိပ်ဆုံးမှပြေးနေပြီး ဒေါ်မြင့်မြင့်အေးကို ဖြုတ်ချနိုင်မှ
(NLD) ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်းဦးဝင်းထိန် အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု သတ်မှတ်ထားပုံလည်း ရပါသည်။ထို့ကြောင့် ဒေါ်မြင့်မြင့်အေး အားအပြုတ်ဖြုတ်လမ်းစဉ်ကိုလိုက်ပြီး တရားစွဲဆိုခြင်းအမှုမအောင်သော အခါ လူထုကြားထဲတွင် ယုံကြည်မှုလွဲမှားစေရန် ပြောဆိုစည်းရုံးရေးလုပ်ငန်းများကိုလုပ်ဆောင်နေကြပါတယ်။ စည်းရုံးရေး ဆင်းသော
ကျေးရွာများတွင်လည်း ဒေါ်မြင့်မြင့်အေးကို ငွေကြေးကိစ္စများကြောင့် (NLD) မှထုတ်ပယ်ခံရခြင်း ၊ ဒေါ်မြင့်မြင့်အေးကို (NLD) ပါတီနှင့်ထင်ယောင်ထင်မှား ပြောဆိုစည်းရုံးမှုများကြောင့် တရားစွဲဆိုခံရပြီး ထောင်ကျနေပြီဆိုပြီးတစ်ဖက်သက်ဝါဒဖြန့်ခြင်း ၊ ဒေါ်မြင့်မြင့်အေးအား အမျိုးသား အကျိုးစီးပွားရေးအတွက် ၎င်း တိုင်းပြည်အကျိုးစီးပွားအတွက် ၎င်း
မည်သည့်အကျိုးစီးပွားမှ မဆောင်ရွက်ခဲ့ပါ ဟု သတင်းဖြန့်ဝေခြင်း ၊
မိတ္ထီလာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ၀င်ရောက်ယှဉ်ပြိုင်မည့်ပုံသဏ္ဌန်ဖြင့် မသမာသောနည်းလမ်းဖြင့် လိမ်လည်စည်းရုံးခြင်ုး ၊ ဒေါ်မြင့်မြင့်အေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြိုကာလတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ မပြုလုပ်ပဲ
(NLD) ပါတီမှအပြစ်ပေးထုတ်ပယ်လိုက်
သည်ဆိုကာတစ်ဖက်သတ်ဝါဒဖြန့်ဝေမှုများပြုလုပ်ခြင်း ၊
ဒေါ်မြင့်မြင့်အေးသည် နိုင်ငံရေးအတ္တကြီးမားလွန်း သောကြောင့် ပါတီနှင့် မညှိနှိုင်းပဲ မိမိဆန္ဒအရ တစ်သီးပုဂ္ဂလ ၀င်ရောက်ရွေးချယ်တာပါဟုပြောဆိုခြင်း ၊
ဒေါ်မြင့်မြင့်အေး၏ ရွေးကောက်ပွဲစည်းရုံးရာ နေရာဒေသများသို့ တမင်လိုက်ကာ ဟောပြော၍မရစေရန် အသံချဲ့စက် ကျယ်လောင်စွာဖွင့်ပြီး လိုက်လံနှောင့်ယှက်မှု ၊ လက်သပ်မွေးလူတစ်စုဖြင့် ရန်စပြောဆိုမှုများ (အောင်သုခ
ဓမ္မာရုံရှေ့တွင်ဟောပြောစဉ်တွင် (NLD) အမည်တပ်ပြီး အော်ဟစ်ဆဲဆိုသွားခဲ့)
၊ ဒေါ်မြင့်မြင့်အေး ဟောပြောရာနေရာ လူစုလူဝေး ပရိတ်သတ်ကြားထဲသို့ (NLD) ပါတီ၏ မိတ္ထီလာကိုယ်စားလှယ် ဦးဝင်းထိန်၏ မဲဆွယ်မှု လက်ကမ်းကြေညာ
စာရွက်များကို (NLD) စည်းရုံးရေးကိုယ်စားလှယ်များက တမင်ပွဲပျက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် နှောင့်ယှက်ဖျက်ဆီးကာ ပန်းဖလက်ရှ်
များကို လိုက်လံဝေဌချင်း (၀န်ဇင်း ရပ်ကွက် အတွင်း တွင်ဟောပြောနေစဉ်) အစရှိသည်တို့ကိုပြုလုပ်ဆောင်ရွက်နေကြပါသည်။
ဒီကနေ့ရွေးကောက်ပွဲဟာ ဒီမိုကရေစီရည်မှန်းချက်ကို မအောင်မြင်သေးသည့်အတွက် ဒီမိုကရေစီအင်အားစုအချင်းချင်း သွေးမကွဲပဲ
ရိုးရိုးသားသားဖြင့် လူထုစည်းရုံးရေးလုပ်ငန်းများကိုလုပ်ဆောင် ရမည်ဖြစ်ပါသည်။ယခုကြားဖြတ်ရွေးကောက်ပွဲကာလသည် ဒီမိုကရေစီအင်အားစုတွေ အနိုင်ရရှိဖို့လိုအပ်သလို ဒီမိုကရေစီဆန့်ကျင်ဘက် အင်အားစု
အနိုင်မရရှိဖို့ လည်း အထူးကြိုးစားဝိုင်းဝန်းကာကွယ်ရမှာဖြစ်ပါတယ်။ နိုင်ငံရေး
အမျှော်အမြင်ရှိရှိဖြင့် ဆောင်ရွက်ဖို့လိုအထူးပဲ လိုအပ်လှပါတယ်။
တစ်ဖက်မှကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှလည်း ကျေးရွာများတွင် စက်ဘီးတစ်စီးကို လေးသောင်းခွဲ (၄၅၀၀၀) နှုန်းဖြင့်
တစ်လလျှင် နှစ်ထောင်ကျပ် (၂၀၀၀) နှုံးပြန်လည်ပေးဆောင်စေကာ အလိုပြပြီး စည်းရုံးခြင်း ၊ မတ်လ ၁၅ ရက်နေ့တွင် မိတ္ထီလာမြို့ ရှမ်းမငယ်တိုက်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှတက်လာသော ၀န်ကြီး ဦးအောင်သောင်း မဲလာရောက်
ဆွယ်စဉ်ကာလကလည်း ကျေးရွာများကို တစ်အိမ်တစ်ယောက် မလာမနေရ ပြောဆိုပြီး အာဏာသုံးခြိမ်းခြောက်ကာ ဟောပြောပွဲများ ကျင်းပခြင်း ၊ ၎င်းတို့နှင့်ဆန့်ကျင်ဘက် ဒီမိုကရေစီအင်အားစုများအား လက်မခံကြရန်
ကျေးရွာများတွင် ကြံ့ခိုင်ရေးပါတီမှ လိုက်လံစည်းရုံးခြင်း ၊ ဒီမိုကရေစီအင်အားစုများကြား ငွေကြေးချို့တဲ့မှုကို အခွင့်ကောင်းယူကာ ဒီမိုကရေစီ အင်အားစုများကို ထောက်ခံသူ ပြည်သူလူထုကို ငွေကြေးအလုံးအရင်းဖြင့်သုံးကာ
စည်းရုံးခြင်း ၊
ဒီမိုကရေစီ အင်အားစုများကို ထောက်ခံအားပေးနေသော ကျေးရွာများကို မှတ်ပုံတင်များ သန်ကောင်စာရင်းများ ထုတ်မပေးခြင်း တို့ကိုပြုလုပ်ဆောင်ရွက်နေကြပါသည်။ မဲရုံကိုယ်စားလှယ်များ အလွယ်တကူမရရှိစေရန် ကျေးရွာဒေသများတွင် မဲစာရင်းကို
အချိန်မှီ ကြေငြာထုတ်ပြန်မှု မပြုလုပ်ခြင်း ၊ မဲပေးနိုင်သူစာရင်း ကွာဟနေခြင်း ၊ ဒေသခံပြည်သူလူထု၏ လယ်ယာမြေများ မတော်မတရား
သိမ်းပိုက်ခံရမှု ၊
ကျေးရွာစာသင်ကျောင်းများတွင် ဆရာ/ဆရာမ မရှိမှု ၊ ကျေးရွာများတွင် လျှပ်စစ်မီး ၊ သောက်သုံးရေ မရှိမှု အကျင့်ပျက်ဝန်ထမ်းများက ရိုးသားလှသည့် ပြည်သူလူထုကြီးအပေါ် အာဏာ သုံးကာ နှိပ်စက်နေမှု စသည့်
ဒီမိုကရေစီရေး လူ့အခွင့်ရေးကိစ္စရပ်များကို ဖော်ထုတ်ကြိုးစားဆောင်ရွက်နေရမည့်အစား ဒီမိုကရေစီ စည်းဝိုင်းအတွင်း မိတ်ဖက်အချင်းချင်း တိုက်ခိုက်ဆောင်ရွက်နေမှုများကို အဓိကထားပြုလုပ်နေခြင်းသည် ရန်သူကိုအားပေးသည့်လုပ်ရပ်ဖြစ်သဖြင့် ထိုလုပ်ရပ်ကို ပြုလုပ်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကို အထူးသတိထားရန်လိုအပ်လှပါသည်။
အဓိက ပုံဖျက်စော်ကားခံနေရသော ဒီမိုကရေစီဘက်တော်သား တသီးပုဂ္ဂလလွှတ်တော်ကိုယ်စား လှယ်လောင်း
ဒေါ်မြင့်မြင့်အေးသည် ၁၀.၇.၁၉၅၈ ခုနှစ်တွင် မိတ္ထီလာမြို့ ၊ အရှေ့ပြင်ရပ်ကွက် (ယခု)နတ်သျှင်နောင်လမ်းတွင် ဖခင်(
ဦးကျော်ငြိမ်း)+ မိခင်ဒေါ်မြသိန်း တို့မှဖွားမြင်ခဲ့သော သားသမီး ၈
ဦးအနက် ဒုတိယမြောက်ဖြစ်သည်။ ၁၉၆၄-၆၈ ခုနှစ်တွင် မိတ္ထီလာမြို့
ဆရာအတတ်သင်သိပ္ပံကျောင်းမှ မူလတန်းပညာသင်ကြားခဲ့ပြီး ၊ ၁၉၇၆ တွင် အ.ထ.က(၁)မှ(၁၀) တန်းအောင်မြင်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ
B.Ecom(Economic)ဘွဲ့ကိုရရှိခဲ့ပါသည်။
ဂျပန်ဘာသာကိုလေ့လာရင်း ဂျပန်နိုင်ငံသို့ ၁၉၈၄ ခုနှစ်က တစ်နှစ်ခန့် သွားရောက်ခဲ့ပါသည်။ဂျပန်မှပြန်လာပြီးနောက် မိမိအိမ်တွင်းအလုပ်ဖြစ်သော ရှင်ပြု-နားသ-၀င်းခင်း
ဝတ်စုံများ ဌားရမ်းသောလုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါတွင် ဘွဲ့ရကျောင်းသားဟောင်းများ အဖွဲ့ဖြင့်
လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပါသည်။ ထို့နောက်
ပါတီစုံများပေါ်ပေါက်လာသောအခါ ၁၉၈၉ ခုနှစ်တွင် NLD ပါတီသို့ဝင်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မိတ္ထီလာ အနောက်လက်ဖြစ်သော ရှမ္မငယ် တိုက်နယ်၊ အလည်ရွာတိုက်နယ်များမှ ရွာပေါင်း
၁၀၀ ကျော်ကို စည်းရုံးရေးဆင်း၍ မဲအောင်နိုင်ရေး လုပ်ခဲ့ပါသည်။
၁၉၉၇ခုနှစ်တွင်တစ်နိုင်ငံလုံးရှိ အဖွဲ့ချုပ်မြို့နယ် အလုပ်အမှုဆောင်များကို ပြန်လည်
ရွေးချယ်တာဝန်ပေးအပ်သောအခါ သူမသည် အောက်ခြေပါတီဝင်လူထု၏ ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်ခြင်းခံရသော မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှုး ဖြစ်လာ ခဲ့ပါသည်။
၁၉၉၉ ခုနှစ်၊မတ်လ ၂၉ ရက်မှစတင်၍ မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအား သူမ၏ အိမ်ဖြစ်သည့် မိတ္ထီလာ-ကျော်ကျော်ပုံနှိပ်တိုက်တွင် လက်ခံဖွင့်လှစ်ခဲ့သည်မှာ ၁၃ နှစ်ခန့်ကြာမြင့်ခဲ့ပါသည်။
NLD
ရုံးကိုလက်ခံဖွင့်လှစ်ခဲ့ပြီးသည့်နောက် မိတ္ထီလာခရိုင် အတွင်းရှိလေးမြို့နယ်ဖြစ်သော မိတ္ထီလာ၊
သာစည် ၊
မလိုင်၊၀မ်းတွင်း စသော မြို့နယ်များစုပေါင်း၍ လစဉ်အစည်းအဝေးများပြုလုပ်ခြင်း ၊
အာဇာနည်နေ့ ကဲ့သို့သော နိုင်ငံရေးအခမ်းအနားများကို ခရိုင်အဆင့်
ပူးပေါင်းလုပ်ဆောင်ခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။
၂၇.၉.၁၉၈၈ နေ့က စတင်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီတာဝန်များကို နောက်ဆုံး အချိန်ထိ နှစ်ပေါင်း (၂၀)ကျော်ထမ်းဆောင်ခဲ့ပါသည်။ မိတ္ထီလာ မြို့မဈေးကြီးအတွင်းမှ ဆိုင်ခန်းခွန်များ တိုးမြှင့်ကောက်ခံခြင်းရပ်စဲပြီး ဈေးသည်များ သက်သာခွင့်ရခဲ့ပါသည်။ထို့ပြင် မိတ္ထီလာမြို့လူထု တစ်ရပ်လုံး ဒုက္ခရောက်နေကြရသော ရေ၊မီး ရရှိရေးအတွက် လူထုလက်မှတ် ၅၀၀ ကျော်ဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြတောင်းဆိုခဲ့ပါသည်။
အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲသို့ ပို့ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် ၏ ဓါတ်ပုံများကို တစ်နိုင်ငံလုံးအတိုင်းအတာသို့ အခမဲ့ ဖြန့်ဝေသည့် Photo Campaign ကို သူမမှစတင်ဦးဆောင် ပြုလုပ်ခဲ့ပါသည်။
မိတ္ထီလာမြို့ပေါ်ရှိဘုရားများတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်ဝတ်ပြုဆုတောင်းခြင်းနှင့် သူမ၏ အိမ်ဖြစ်သော ကျော်ကျော်ပုံနှိပ်တိုက်ရှေ့တွင် သံဃာ ၁၅၀ ခန့်ကို အင်္ဂါနေ့တိုင်း အကျဉ်းသားလွတ်မြောက်ရေးဆုတောင်း ဆွမ်းလောင်းလှူခြင်းကို ယနေ့ထိပြုလုပ်နေဆဲဖြစ်ပါသည်။
၂၀၁၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများတွင် အဖွဲ့ချုပ်ရုံးဖြစ်သည့် သူမ၏ နေအိမ်၌ (HRDP) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် နှင့်ချိတ်ဆက်ပြီး လူ့အခွင့်အရေးသင်တန်းများ ဖွင့်လှစ်ခဲ့ပါသည်။ ကွန်ပျုတာ ၅ လုံးဖြင့်ကွန်ပျူတာ သင်တန်းများကို အခမဲ့သင်ကြားပေးခဲ့ပါသည်။
တရားမဲ့ပြုကျင့်ခံရသူများ လူ့အခွင့်အရေးချိုးဖောက်ခံရသူများကလာရောက် အကူအညီတောင်းခံခြင်း များအား
သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက မိတ္ထီလာခရိုင်အတွင်း လိုင်စင်မဲ့
ဆိုင်ကယ်များကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ
၅(၁) အရ အရေးယူမည့် ကိစ္စပေါ်ပေါက်လာသောအခါတွင် လူထုလက်မှတ် (၄၀၁)ဦးကောက်ခံရရှိ ပြီး သမ္မတကြီးဦးသိန်းစိန်ထံ တင်ပြခဲ့ရာ လိုင်စင်မဲ့ဆိုင်ကယ်သာစီးနိုင်သော ပြည်သူလူထုကြီးအတွက် သက်သာခွင့်ကို ရရှိခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သတ်၍ မိတ္ထီလာကန်တော်ကြီး သန့်ရှင်းရေးနှင့် ရေသယံဇာတများ အကျိုးရှိရှိထုတ်ဖော်ခံစားနိုင်ရေးအတွက်လည်း မိတ်ဆွေများ၏ အားပေးကူညီမှု့ကိုရယူလျက် ကြိုးစားဆောင်ရွက်နေပါသည်။
ရှေ့ဆက်၍ သူမ၏ ပြည်သူလူထုကိုပေးနိုင်သည့် ကတိက၀တ်မှာ..
(၁)လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကို စနစ်တကျအကူညီပေးသွားမည်။
(၂)ဆင်းရဲနွမ်းပါးချို့တဲ့လွန်းလှသော ကျေးလက်ပြည်သူလူထု၏ မြို့ပေါ်ဆေးရုံဆေးခန်းများသို့
အရေးပေါ်တက်ရောက်ကုသရန် ကြုံကြိုက်လာသောအခါတွင် ခေတ္တတည်းခိုနားနေရန်နှင့် လိုအပ်သော `သွေး´ ကိုအခမဲ့
ကူညီမည်ဖြစ်ကြောင်း သူမနှင့်ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်များက ကတိပြုသည်။
သူမသာရွေးချယ်ခံရ၍ လွှတ်တော်တွင်းသို့ ရောက်သွားခဲ့လျှင်မူ သူမတို့၏ တောင်သူလယ်သမား ဦးကြီးများ၏
လယ်ယာထွက်ကုန်များကို ထိုက်တန်သော အဖိုးစားနားဖြင့် အမြတ်များများရအောင် ရောင်းချနိုင်ရေး ကြိုးစားသွားပါမည်။
(သူမ၏ ရွေးကောက်ပွဲ ရည်မှန်းချက်-မှာ)
(၁)တောင်သူလယ်သမားများ၊ အလုပ်သမာများ၊ အခြေခံလူတန်းစားများအားလုံး အလုပ်လုပ်သလောက် အကျိုးခံစားခွင့် အပြည့်အ၀ရရှိရေး။
(၂) စိုက်ပျိုးသီးနှံများ ဈေးကောင်းရရေး။
(၃) လွတ်လပ်စွာစိုက်ပျိုးခွင့်၊ လွတ်လပ်စွာရောင်းချခွင့်ရရေး။
(၄)လယ်လုပ်သူလယ်ပိုင်ရေး။
(၅) ၎င်းလယ်ယာမြေပိုင်ဆိုင်မှုကို အစိုးရက
အာမခံရေး။
တို့ပဲဖြစ်ပါတယ်။
သူမ ရဲ့ကြွေးကြော်သံမှာ-
`လယ်သမားများ စိုက်ပျိုးသီးနှံ ဈေးကောင်းရရေး´
`ဈေးကွက်စီပွားရေးစနစ်ပီပီပြင်ပြင်ပေါ်ပေါက်ရေး´
ယခုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကပါတီ
မှတ်ပုံတင်ကိုအသစ်ပြန်တင်ပြီးအဖွဲ့ဝင် သစ်လျှောက်လွှာများ ခေါ်ယူချိန်တွင် သူမအနေဖြင့် ပါတီဝင်လျှောက်လွှာကို ပြန်တင်ခြင်းမရှိတော့ပါ။
သူမသည်အောက်ခြေပါတီဝင်ထုနှင့် ပြည်သူလူထု၏ တောင်းဆိုချက်ကို မမှိတ်မသုန် လိုက်နာသော အားဖြင့်လည်းကောင်း၊ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အလမ်းကို ရယူသော အားဖြင့်လည်းကောင်းတစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်
ဝင်ရောက်အရွေးချယ်ခံခြင်း ဖြစ်ပါသည်။
ရွေးကောက်ပွဲတွင် အောင်နိုင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ၊ လူထုအကျိုးပြုလုပ်ငန်းများကို သူမအနေဖြင့်
ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
မှတ်ချက်။ ။ဒေါ်မြင့်မြင့်အေး၏ ရွေးကောက်ပွဲ လက်ကမ်းစာစောင်မှ ပြောကြားချက်များကို ပြန်လည်ဖော်ပြပေးထားပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် မိတ္တီလာမြို့နယ်တွင် ဖွားမြင်ခဲ့ပါသည်။ ၁၉၅၉ မှ ၁၉၆၃ ခုနှစ်အထိ မေမြို့စစ်တက္ကသိုလ် (D.S.A အပတ်စဉ် ၅ ) တွင် ၄ နှစ်တက်ရောက်၍ B.Sc သိပ္ပံဘွဲ့ရရှိပြီး ရုရှားဘာသာဒီပလိုမာဘွဲ့ရရှိခဲ့သည်။
၁၉၆၄ မှ ၁၉၆၆ အထိ ဧရာဝတီတိုင်း (ကျုံပျော်)၊သေနတ်ကိုင်တပ်ရင်း
(၅) တွင် (၄)နှစ်အတွင်း
တပ်စုမှူး ၊
တပ်ခွဲမှူး ၊ထောက်လှမ်းရေးအရာရှိတာဝန်ဖြင့် ရှေ့တန်းတိုက်ပွဲများ အကြိမ်ကြိမ်ဆင်နွှဲခဲ့ပြီး သေဘေးမှ
၈ ကြိမ်ခန့်
(လက်တစ်လုံးခြား) လွတ်မြောက်ခဲ့သည်။ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့ရသော
ပဲခူးရိုးမ ၊
ရခိုင်ရိုးမ ၊
မြစ်ဝကျွန်းပေါ် နှင့် မြန်မာပြည် (အရှေ့မြောက်ပိုင်း) ဒေသများတွင်
တိုက်ပွဲတိုင်း အောင်မြင်ခဲ့သည်။
၁၉၆၇ မှ ၁၉၆၈ ခုနှစ်တွင် ရန်ကုန်-အင်းစိန်-သေနတ်ကိုင်တပ်ရင်း ၅ တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ ၆ နှစ်အတွင်းကာကွယ်ရေး ဦးစီးချုပ်ရုံး (စစ်ဦးစီးမှူး-တတိယတန်း)တာဝန်
ထမ်းဆောင်ခဲ့သည်။ ပဲခူးတိုင်းနှင့်အရှေ့ မြောက်ပိုင်းတိုင်း စစ်ရေးတာဝန်များအပြင် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ နယ်နိမိတ်
သတ်မှတ်ရေးကော်မရှင်တွင်ပါဝင်ခဲ့ပြီး အိန္ဒိယ နိုင်ငံသို့ နယ်စပ်သတ်မှတ်ရေးတာဝန်ဖြင့် သွားရောက်ခဲ့သည်။နိုင်ငံတကာတပ်မတော်များသမိုင်း နှင့် ဖွဲ့စည်းပုံ ၊ အုပ်ချုပ်ပုံ စစ်ရေးစွမ်းရည်စသည့် အင်္ဂလိပ်စာအုပ်များကို ဘာသာပြန်ပြုစုခဲ့ပြီး စစ်ပညာဂျာနယ်တွင် ရေးသားထုတ်ဝေခဲ့သည်။
၁၉၇၆ ခုနှစ်တွင် တပ်မတော်(ကြည်း) စစ်ရုံးချုပ်မှ ဗိုလ်ကြီးရာထူးဖြင့်ပင် တပ်မတော်မှ
အငြိမ်းစားပင်စင် ရရှိခဲ့သည်။
၁၉၇၈ မှ ၁၉၈၇ (၁၀) နှစ်အတွင်း အစိုးရ-စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းမှ လိုအပ်သော
စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ မြစ်သားဝါလုပ်ငန်းစက်ရုံ၊ရွှေညောင် သကြားစက်ရုံ၊ ရခိုင်ပြည်နယ် ကျောက်တော်သကြားစက်ရုံနှင့်
အရက်ချက်စက်ရုံ၊ ရွှေတောင်
- အထည်ချောစက်ရုံများအတွက် ဆောက်လုပ်ရေး နှင့်
စက်ပစ္စည်းများ ပေးသွင်းခဲ့ရသည်။
၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံခရီးတွင် ဗိုလ်မှူးချုပ် အောင်ရွှေ(ငြိမ်း) ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး (ငြိမ်း) တို့နှင့်
မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် နိုင်ငံ့အရေးကိစ္စများကို စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၇.၈.၁၉၈၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အား အမာခံပြု၍ဖွဲ့စည်းသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (N.L.D) တွင် အချိန်ပြည့် ပါဝင်ထမ်းဆောင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် လုံခြုံရေး၊စီမံခန့်ခွဲရေးတာဝန်များကို အထူးပါဝင် ဆောင်ရွက်ခဲ့ပြီး အခက်ခဲမျိုးစုံဖြေရှင်းခဲ့ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း နိုင်ငံရေး
ယုံကြည်ချက်ဖြင့် (၃)ကြိမ်ထိန်းသိမ်းခံခဲ့ရသည်။
ဦးဝင်းထိန်၏ လက်ရှိနေထိုင်သော လိပ်စာမှာ ဘိုကုန်း ၊
မင်းကြီးလမ်း ၊
အင်းစိန်မြို့နယ် ၊
ရန်ကုန်တိုင်းဖြစ်ပါသည်။
NLD
ဗဟိုအနေဖြင့် မိတ္ထီလာမြို့ နယ်ကိုယ်စားလှယ်အတွက် ဒေါ်မြင့်မြင့်အေးအား ရွေးချယ်မှုမပြုလုပ် ခြင်းမှာ မိတ္ထီလာမြို့နယ် ဥက္ကဌဒေါက်တာသိန်းလွင် အနေဖြင့်
ဒေါ်မြင့်မြင့်အေးအား ပုဂ္ဂိုလ်ရေးအရ အထင်မြင်လွဲမှားမှုများစွာ ဖြစ်ပေါ်စေသော
နောက်ခံသမိုင်းကြောင်းများစွာလည်းရှိပါသည်။ထိုအကြောင်းအရာ
အပြည့်အစုံကို ပါတီဗဟိုဝင် လူအများစုက မသိရှိပဲ ပါတီဗဟိုနားထဲသို့တိုက်ရိုက်ရောက်ရှိလာသော
စကားများကို နားယောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပေါ်လာသောအခါ မိတ္ထီလာအကျိုးစီးပွားကို
ဖော်ဆောင်နေသော မိတ္ထီလာလူထုမျှော်လင့်ထားသလို မိတ္ထီလာမြို့နယ် ကိုယ်စားလှယ်အတွက် ဒေါ်မြင့်မြင့်အေးအား
မရွေးချယ်ပဲ ပါတီဗဟိုမှ အာဏာရှင် ဦးနေ၀င်းလက်ထက် ဦးနေ၀င်း၏ ကိုယ်ရံတော် တပ်ရင်းမှ
ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မိတ္ထီလာမြို့ အတွက်ရွေးချယ်ချထားပေးခဲ့ပါသည်။ ထို့ကြောင့်ဒေါ်မြင့်မြင့်အေးအားထောက်ခံ
သော ပါတီတွင်းမှ အဖွဲ့ဝင်များနှင့် ပြည်သူလူထုမှ လူထုလက်မှတ်ပေါင်း ၄၀၀၀ (လေးထောင်)ကျော်ဖြင့် လက်မှတ်ရေးထိုးကာ မိတ္ထီလာမြို့နယ်အတွက် ဒေါ်မြင့်မြင့်အေးအား ချထားပေးပါရန်
ဝိုင်းဝန်းတောင်းဆိုကြသော်လည်း ပါတီဗဟိုမှ လူထုဆန္ဒကို မျက်ကွယ်ပြုနေခဲ့ပါသည်။ပုဂ္ဂိုလ်ရေး
မုန်းတီးမှု ကြောင့် နိုင်ငံရေးတွင် လာရောက်၍ ပြင်းထန်စွာ တိုက်ခိုက်နေပါသည်။ ထို့ကြောင့်
ဒီမိုကရေစီ ဘက်တော်သားအချင်းချင်း စိတ်ဝမ်းကွဲစေသောအပြုမူမျိုးကို ဖန်တီးပြုလုပ်ခြင်းသည်
အာဏာရနေသော အာဏာရှင်ပါတီအဖွဲ့အစည်းအလိုကျ ဖြစ်နေပါသည်။ထိုမျှမကသေးပဲ ဒေါက်တာသိန်းလွင်သည်
ဒေါ်မြင့်မြင့်အေးအား လူထုထောက်ခံမှုမြောက်များစွာရရှိနေသဖြင့် အပြုတ်ဖြုတ်ရေးလမ်းစဉ်အတိုင်း
မိတ္ထီလာမြို့နယ်တရားရုံးတွင် ၂၈.၂.၂၀၁၂
ရက်စွဲဖြင့် ဒေါ်မြင့်မြင့်အေးအား တရားစွဲဆိုနိုင်ရန်အတွက် တိုင်ကြားလွှာကို စတင်လက်ခံကြားနာခဲ့ပါသည်။
တရားရုံးမှ တိုင်ကြားလွှာကို ကြားနာပြီးသည့်နောက် ဒေါက်တာသိန်းလွင်မှ တိုင်လျှောက်ထားသော တိုင်လျှောက်လွှာအား မြို့နယ်တရားရုံးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၀၃ အရ ပြစ်မှုမမြောက်သဖြင့် ပလပ်(ပယ်ချ) လိုက်ကြောင်း
(၅.၃.၂၀၁၂)ရက်နေ့စွဲဖြင့် တရားရုံးမှ ပလပ်(ပယ်ချ)လိုက်ပါသည်။ထို့ကြောင့် ဒေါက်တာသိန်းလွင်အနေဖြင့် ထပ်မံ၍ (၁၃.၃.၂၀၁၂) နေ့က နိုင်ငံတော်ပါ (၃) ( ၁။နိုင်ငံတော် ၂။ ဒေါ်မြင့်မြင့်အေး ၃။ဦးသိန်းအောင် ) ဖြင့် မိတ္ထီလာခရိုင် တရားရုံးသို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် ၄/၂၀၁၂ ထပ်မံတင်သွင်းခဲ့ပါသည်။၎င်းနေ့တွင်ပင် လျှောက်ထားသူ၏ ရှေ့နေနှင့်
လျှောက်လဲချက်ကို ကြားနာပြီးနောက် မိတ္ထီလာခရိုင် တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်အမာမှ ၂၀၁၂ ခုနှစ် ပြစ်မှုဆိုင်ရာ မူလမှုအမှတ်
၁၁၃၅ အမှုအားပြင်ဆင်ရန် အကြောင်း
မပေါ်ပေါက်သဖြင့် ပြင်ဆင်မှုကို အကျဉ်းနည်းဖြင့် ပလပ် (ပယ်ချ)ခဲ့သည်။ဒေါက်တာသိန်းလွင်အနေဖြင့် ဒေါ်မြင့်မြင့်အေးအား တရားစွဲဆိုနိုင်ခြင်း မပြုလုပ်နိုင်သည့်အခါ ဒေါ်မြင့်မြင့်အေးအား အားပေးထောက်ခံသော ကျေးရွာများတွင် ဒေါ်မြင့်မြင့်အေးသည် တရားစွဲဆိုခံရပြီးရွေးကောက်ပွဲဝင်မပြိုင်နိုင်တော့ဟု မဟုတ်မမှန်လုပ်ကြံ ဇာတ်လမ်း
များဖြင့် ၀ါဒဖြန့်ပြောဆိုခဲ့ကြပါသည်။ နောက်ဆက်တွဲ ဖော်ပြပါ စာရွက်စာတမ်းများသည် ဒေါက်တာသိန်းလွင်အနေဖြင့် ၎င်းကိစ္စကို ဒေါ်မြင့်မြင့်အေးမှ ပြုလုပ်ပေးသည်ဟု အထင်မြင်မှားကာ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုအား နိုင်ငံရေးအရပြန်လည် အသုံးပြု ခြင်းဖြစ်ပါသည်။ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုကို နိုင်ငံရေးအရ လုပ်ကြံဇာတ်လမ်းများဖြင့်
ဒေါ်မြင့်မြင့်အေးအား တရားစွဲဆိုနိုင်ရေးအတွက် တရားရုံးများတွင် လျှောက်ထားခဲ့သော်လည်း
ပြစ်မှုမမြောက်သောကြောင့် တရားရုံးမှ တရားလိုဒေါက်တာသိန်းလွင်၏ လျှောက်ထားဆွဲဆိုချက်များကို
လက်ခံခြင်း မပြုပဲ ပလပ်ခဲ့သည်။
အောက်ပါစာသည် ဒေါ်မြင့်မြင့်အေး
မှကူညီပေးသည်ဟုဆိုကာ ဒေါက်တာသိန်းလွင်အနေဖြင့် အမြင်မှားကာ ဒေါ်မြင့်မြင့်အေးအား ပုဂ္ဂိုလ်ရေးအရ
မုန်းတီးခဲ့ခြင်းဖြစ်လေသည်။
ီဒေါက်တာသိန်းလွင်အနေဖြင့် ပြန်လည်ဖြေရှင်းထားသောစာ
ဒေါက်တာသိန်းလွင်မှတရားလိုပြုလုပ်ပြီးဆွဲဆိုသော တိုင်ကြားလွှာအတွက်ပြန်လည်ထွက်ဆိုခြင်း
မိတ္ထီလာနိုင်ငံရေးအကျဉ်းသားဟောင်းလူငယ်များမှ
ဦးဝင်းထိန်အား ကန့်ကွက်လွှာ
ဒေါ်မြင့်မြင့်အေးအား မိတ္ထီလာကိုယ်စားလှယ်အတွက်ရွေးချယ်ပေးပါရန်
တောင်းဆိုသော လူထုလက်မှတ် ၄၀၀၀ ကျော်ထဲမှစာများ
ဦးဝင်းထိန်၏ မဲဆွယ်ဗီနိုင်း
ဦးဝင်းထိန်အနေဖြင့် အာဏာရှင်
ဦးနေ၀င်း၏ လောင်းရိပ်အောက်မှ ရုန်းထွက်ခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားမှုများ တွင်ပါဝင်ခဲ့သည့်အစဉ်အလာကောင်းကို
ထိန်းသိမ်းပြီး ယနေ့လို မပြီးဆုံးသေးသည့် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင်အင်အားစုအချင်းချင်း
စုစည်းညီညွတ်ရေးကိုရှေးရှုရန်အထူးလိုအပ်လှပါသည်။ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကိုလက်ခံပြီး
ပါတီကြီးဝါဒကို မကျင့်သုံးပဲ ကျယ်ပြန့်သောဒီမိုကရေစီ မိတ်ဖက်ကျင့်စဉ်သည် ဒီမိုကရေစီကျင့်ဝတ်
ဖြစ်သည်။ လွှတ်တော်တွင်းလွှတ်တော်ပ ဟန်ချက်ညီဆောင်ရွက်ရန်အရေးကြီးသလို ဒီမိုကရေစီအင်အားစုများနှင့်
ခေတ်စနစ်ဟောင်းကို ဖက်တွယ်ထားသူတို့နှင့် ဘက်နှစ်ဘက် တိုက်ပွဲနှစ်ရပ်ကို လုပ်ဟန်သတိဖြင့်တည်ဆောက်နိုင်ကြပါစေ။
ဒီမိုကရေစီအင်အားစုများညီညွှတ်ကြ…………………
Subscribe to:
Posts (Atom)