နေပြည်တော်မှာ နိုင်ငံဝန်ထမ်းများပါ ကြံ့ဖွံ့ ကိုယ်စားလှယ်အတွက်ပါဝင်မဲဆွယ်
၂၀၁၂ မတ်လ၂၉ ရက်နေ့  နံနက် ကိုးနာရီ ခန့်က နေပြည်တော်ကောင်စီဝင် ဦးသန်းအောင် ဒက္ခိဏသီရိမြို့နယ် အုပ်ချူပ်ရေးမူး ဦးဝေလွင်ဖြိုး မြို့နယ်ရဲတပ်ဖွဲ့မူး ဦးရွှေမန်း တို့  မှ
ဒက္ခိဏသီရိမြို့နယ် ကြံခိုင်ရေး ကိုယ်စားလှယ်လောင်း ဦးမောင်ရှိန် အတွက် အစည်းအဝေး 
ခေါ်ယူ မဲဆွယ်ခဲ့ကြောင်းသိရပါတယ်။ 
ရွာမအုပ်စု ရွာမရပ် အ.ထ.က(၁၉)ကျောင်းမှာ အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်ပြီး
 နေပြည်တော်ကောင်စီဝင် ဦးသန်းအောင်မှ အ.ထ.က(၁၉) နှစ်ထပ်ကျောင်းဆောင်
 ဆောက်လုပ်
ရန် ငွေကျပ်သိန်းလေးရာ ချပေးမယ်ဖြစ်ကြောင်း ကြံခိုင်ရေးကိုယ်စားလှယ်
 ဦးမောင်ရှိန်အား မဲပေးရန် မဲဆွယ်စည်းရုံး ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ မူလကတရားဝင်ဖွဲ့စည်းထားသော ကျောင်းဆောက်လုပ်ရေး
 ကော်မတီဝင်များအား ဖိတ်ကြားခြင်းမပြုပဲ ကျောင်းဆောက်လုပ်ရေးကော်မတီဟု
အစားထိုးထားသော (ကော်မတီအတု) ရပ်ကျေးကော်မရှင် ဥက္ကဌ ဦးစိုးနိုင် 
(ကြံခိုင်ရေးစည်းရုံးရေးမူး) ဦးလှအောင် ဦးမောင်မောင်(တောင်ကျောင်းစု) ဦးဟန်စိုး
 ကိုယ်စားလှယ်ကိုသာ မဲပေးရန် စည်းရုံးမဲစွယ်ပြီး ကျောင်းဆောက်လုပ်ရေးကော်
မတီဝင်များဖြင့် ညှိနှိုင်းပီးစီးကြောင်း အစားထိုးကော်မတီဝင်များဖြင့် လုပ်ကြံအကွက်
ဆင်ကာ မဲဆွယ်ကြတာပါ။
 မြို့နယ်အုပ်ချူပ်ရေးမူး ဦးဝေလွင်ဖြိုးမှ ယခင်ချပေးသော ကျောင်းဆောင်လုပ်ရေးရန်ပုံငွေ ကျပ်သိန်းလေးရာမှ မည်မျှကျန်သေးကြောင်း ကျောင်းအုပ် ဦးခင်မောင်ကျော်အား
 မေးမြန်းရာ (သိန်းခုနှစ်ဆယ် )ကျန်ကြေင်းပြောပါတယ်။
ကျောင်းဆောက်လုပ်ရေးကော်မတီ အစစ် မှ စာရင်းရှင်းပီး လက်ကျန်ငွေမှာ (၉၇)
သိန်းကျော် ဖြစ်ပြီး တရားဝင် စာရင်းရှင်းလင်းကာ ကျောင်းအုပ်ဦးခင်မောင်ကျော်ထံ 
အပ်နှံပြီး ဖြစ်သော်လည်း ငွေ(၂၇)သိန်းကျော် ကွာဟနေကြောင်း ထိုကိစ္စမှာ
 ပြသာနာမဟုတ်ကြောင်း ဦးဝေလွင်ဖြိုးမှ ပြောကြားပြီး ကြံခိုင်ရေးကိုယ်စားလှယ်
ကိုသာ မဲပေးလိုက်ပါ ဘာမှပြသာနာမရှိနိုင်ဟု ပြောကြားပြီး ရွှေးကောက်ပွဲဥပဒေ
များနှင့် ဆန့်ကျင်ကာ နိုင်ငံတော်ပိုင်ငွေဖြင့် နိုင်ငံဝန်ထမ်းများ ပါဝင်သော သူများမှ
ကြံခိုင်ရေး ကိုယ်စားလှယ် ဦးမောင်ရှိန်အတွက် မဲဆွယ်စည်းရုံးနေကြောင်း 
ဒက္ခိဏသီရိမြို့နယ်မှ ဒေသခံတဦးက သတင်းပေးပို့ ထားပါတယ်။
Myanmar News Now