အင်းစိန်အကျဉ်းထောင်အတွင်းရှိ ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူနှင့်

မြန်မာနိုင်ငံ
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်


သတင်းထုတ်ပြန်ချက်
၁၃၇၃ ခုနှစ်၊ တပေါင်းလဆုတ် ၄ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မတ်လ ( ၁၁ ) ရက် )

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်မှ
အင်းစိန်အကျဉ်းထောင်အတွင်းရှိ ၀န်ထမ်းများ လာဘ်ပေးလာဘ်ယူနှင့် အကျဉ်းသားများလူ့အခွင့်အရေးချိုးဖောက်ခံနေရမှု့များအပေါ်သတင်းထုတ်ပြန်ချက်

နိုင်ငံတော်သမ္မတကြီးမှထုတ်ပြန်ထားသည့်သန့်ရှင်းသောအစိုးရဖြစ်စေရေးကိုစေတနာထား၍ ဆောင်ရွက်နေသော အကျဉ်းဦးစီးဌာနမှဝန်ထမ်းများ။

နိုင်ငံတော်သမ္မတကြီးမှ သန့်ရှင်းသောအစိုးရဟု ဆိုသော်လည်းပဲ အကျဉ်းဦးစီးဌာနမှဝန်ထမ်းများသည် အကျဉ်းသား အချုပ်သားများအပေါ် စိတ်ဓါတ်တက်ကြွစွာဖြင့် လာဘ်ပေးလာဘ်ယူမှုများ အားသွန်ခွန်စိုက် လုပ်ဆောင်နေကြပါသည်။ ဆေးဝါးကုသမှုဆောင်ရွက်နေရာတွင် အောက်ပါအကျဉ်းသားများမှာ ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိ ဆေးရုံမှ တာဝန်ကျ အကျဉ်းဦးစီးဌာနမှဝန်ထမ်းများနှင့် ဆရာဝန်၊ ဆရာဝန်ကြီးများ အခြားဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ဆေးရုံတက်ရောက်ခွင့်ရရှိရေးအတွက် ငွေသုံးသိန်း (၃၀၀,၀၀၀) ကျပ်ကို၎င်း လစဉ်ဆက်ကြေးအတွက် တစ်သိန်း (၁၀၀,၀၀၀)ကျပ်ကို၎င်း ပေးဆောင်၍ ဆေးရုံတက်ခွင့် ဆေးကုသခွင့် ရရှိနေပါသည်။
ဝါ၀ါ (နတ်ကတော်)ထံမှ တစ်သိန်း (၁၀၀,၀၀၀)
ညီညီဦး ထံမှ သုံးသိန်း (၃၀၀,၀၀၀) နှင့် အခြားအကျဉ်းသားများမှာ-

OB3 (အခန်း)
အမည်
အဖအမည်
ပုဒ်မ
ဆရာဝန်
စောကျော်ကျော်
ဦးသန်း
၁၅၊၁၉၊၂၀
Dr.သာထက်
စိုးထွန်းအောင်
ဦးအောင်သန်းကျော်
၄၀၈
မင်းစိုး
ဦးသောင်း
၁၅၊၁၆၊၁၉
Dr.ဇော်ဝင်း
စုအေး
ဦးဘလှအောင်
၄၆၈
ရဲမင်း
ဦးစိုးစံ
၆.၁
ကျော်မြင့်
ဦးတာတီး
၄၂၀၊၄၆၈
သူရဖြိုးဇော်
ဦးလှနိုင်ဦး
၁၆.၈
M2 (အခန်း)
ကိုလေး                                                                                Dr.ဇော်ဝင်း               
တင်နွယ်                                                                                      ။
ကျော်သူအောင်                                                                             ။
အလင်္ကာညို                                                                                 ။
M3 (အခန်း)

အောင်ဇော်မိုး
ဦးစိန်ရွှေ
၅.၁၊ ၅.၃
Dr.သာထက်
ဇော်ကိုကိုထွန်း
ဦးအေးကို
၅.၁၊၅.၃
            ။
ကိုကိုကြီး
ဦးမြလွင်
၄၀၆
Dr.တိုးမောင်
တင်လှ
ဦးစန်းပွင့်
၄၂၀၊၄၆၈
         ။
ထွန်းလင်း
ဦးလှသိန်း
၃၀၄(က)
Dr.ရှန်လျှန်းတန်
လှိုင်စိုး
ဦးအုံးရွှေ
၁၅.၁၉
          ။
ကိုကို
ဦးမိုဟာမဒ်
၄၀၆
Dr. သာထက်
သက်ဦး
ဦးကိုကို
၄၀၆
           ။
ကျော်မြင့်
ဦးထွန်းရီ
၄၂၀၊၄၆၈
Dr.ညီညီနိုင်
ဇော်မင်းဦး
ဦးမောင်မောင်လေး
၁၉ (က)
         ။
ဝင်းနီဦး
ဦးဝင်းလှိုင်
၁၅(က)
         ။
စံလင်း
ဦးကရီမွလ္လာ
၄၂၀ ၊ ၄၆၈
Dr.တိုးမောင်






အင်းစိန်ဗဟိုအကျဉ်းထောင်ဆေးရုံတွင်တာဝန်ကျနေသော ဒုထောင်မှုးစိုးမိုးအောင်(အဆောင်မှူး) မှာဆေးရုံ တွင်ရှိသောလူနာများကိုစိတ်ဒုက္ခအမျိုးမျိုးပေးပြီး အကျဉ်းသားအချုပ်သားများထံမှ ငွေညှစ်လျှက်ရှိပါသည်။ အဆောင်မှူးရုံးခန်းအတွင်းရှိ အကျဉ်းသား (ကိုပိုင်) ဆိုသူမှတဆင့် အကျဉ်းသားအချုပ်သားများထံမှ ငွေများကို အတင်းအဓမ္မ တောင်းယူလျှက်ရှိပါသည်။
ထောင်ဆေးရုံအတွင်းရှိဓါတ်ခွဲခန်းတာဝန်ကျ တာဝန်ခံဒုထောင်မှူးမျိုးလှိုင်သည် တာဝန်ချိန်များတွင် ပုံမှန်ဝင်ရောက်တာဝန်ထမ်းဆောင်ခြင်းမရှိပဲ ပြင်ပ ပုဂ္ဂလိကဆေးခန်းဖြစ်သော (အဘထ) တိုင်းရင်းဆေးခန်းတွင် အခကြေးငွေ (လစာ) ယူ၍လုပ်ကိုင်လျှက်ရှိပါသည်။ ဓါတ်ခွဲစမ်းသပ် ရန် လိုအပ်သော HIV သွေးစစ်ခြင်းနှင့် အခြားဓါတ်ခွဲစမ်းသပ်ခြင်းများကို ဆက်ကြေးအဖြစ် ငွေကျပ်ခြောက်ထောင် (၆၀၀၀) ရရှိမှ စစ်ဆေးပေးပါသည်။၎င်းဓါတ်ခွဲခန်းအဆောက်အဦး အတွင်းဒုထောင်မှုးမျိုးလှိုင်ကို အားပေးကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသော (M2)အခန်း လူကြီး (တန်းစီး) ပြူးကြီးဆိုသူနှင့် တင်နွယ် ဆိုသူတို့သည်မြန်မာနိုင်ငံတွင် တရားမ၀င်ဟု ထုတ်ပြန်ထားသော နှစ်လုံးထီဒိုင်ကိုင်ခြင်း ချဲထီဒိုင်ကိုင်ခြင်း ဘောလုံးလောင်းကစားဒိုင် ဖွင့်ခြင်း များကို လွတ်လပ်စွာ လုပ်ကိုင်လျှက်ရှိပါသည်။
အင်းစိန်ဗဟိုအကျဉ်းထောင်တွင်တနင်္ဂနွေနေ့နှင့် အစိုးရတရားဝင်ရုံးပိတ်ရက်များသာ ကြည့်ရှု့ခွင့် ပေးထားသောအောက်စက် (VCD/DVD) အား၎င်းဓါတ်ခွှဲခန်းအတွင်း ထားရှိ၍ နေ့စဉ်အချိန် ပြည့်ကြည့်ရှု့နေကြသည်။ကျန်အိပ်ဆောင်အသီးသီးမှအကျဉ်းသားအချုပ်သားများနှင့် ဆေးရုံအတွင်းရှိ အကျဉ်းသားအချုပ်သားများသည် တနင်္ဂနွေနေ့ နှင့်အစိုးရ၏တရားဝင် ရုံးပိတ်ရက်များသာ ကြည့်ရှု့ခွင့်ရပါသည်။ပြူးကြီး၊ တင်နွယ် ဆိုသူနှစ်ဦးနှင့်ဓါတ်ခွဲခန်းတွင် နေသော အကျဉ်းသားအချုပ်သားများမှာ ဓါတ်ခွဲကျွမ်းကျင် ဒုထောင်မှူး မျိုးလှိုင်အား လစဉ် (ဆက်ကြေး) ပေး၍နေထိုင်ကြသုများရှိကြသည်။
မိသားစုဝင်များမှပေးပို့သောထောင်ဝင်စာ (အစားအသောက်များ) အား မိန်းဂျေလ်း (Main Jail)တွင် တာဝန်ကျနေသော အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသား ပိုကာဆိုသူတို့သည် ဟင်းများ မုန့်များ ကော်ဖီမစ်များ အခြားအသုံးဆောင်ပစ္စည်းများအား ရှာဖွေရေးလုပ်ရင်း ပိုင်ရှင်များမသိအောင် ခိုးဝှက်နှိုက်ယူလျှက်ရှိပါသည်။အတင်းအဓမ္မလုယူမှူများ တောင်းဆိုမှူ များလည်းရှိနေပါသည်။
ထိုကဲ့သို့သောလာဘ်ပေးလာဘ်ယူမှူဖိနှိပ်မှူမျိုးစုံဖြင့်ရပ်တည်နေသောအင်းစိန်ဗဟိုအကျဉ်းထောင်ကြီး အား ပြည်သူလူထုကြီးနှင့်တကွ ကမ္ဘာမှမြင်နိုင်ကြပါစေ။

အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိအကျဉ်းသားများထံမှစုဆောင်းရရှိသော သတင်းအချက်အလက် များအား  တစ်ဆင့်ပြန်လည်အသိပေးခြင်းဖြစ်ပါသည်။




နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် မိသားစုနှင့် ပြည်သူလူထုကြီးမှပေးပို့လာသောသတင်းများကိုတစ်ဆင့်ဖြန့်ဝေလိုက်ပါသည်။

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
                                                 သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ (၁၁.၃.၂၀၁၂)      

No comments: