ဒီတိုက်ပွဲ

အများစုနဲ့ အနဲစုကြား
လွန်ဆွဲနေတဲ့ ဒီတိုက်ပွဲ။      ။

တရားမှုနဲ့  မတရားမှုကြား
ဆုံးဖြတ်ကြမဲ့ ဒီတိုက်ပွဲ ။     ။

နင်းပြားနဲ့  နင်းထားသူတို့ ရဲ့ကြား
သစ္စာမှန်ပြမဲ့ ဒီတိုက်ပွဲ။       ။

မေတ္တာရှင်နဲ့  အာဏာရှင်ကြား
သမိုင်းဝင်မဲ့ ဒီတိုက်ပွဲ။        ။

မိခင်ရင်းနဲ့  ဘီလူးမကြား
သားလုပွဲကို မှတ်တမ်းတင်မဲ့ ဒီတိုက်ပွဲ။     ။

ကဲ ဒီတိုက်ပွဲမှာ
ကြားနေမရှိဘူး
ဘယ်ဖက်လိုက်မလဲ သင့်သမိုင်းတင်ပလေ။     ။


ခါးတမာ

No comments: