ကာလဝိဘက် ဂုဏ်ပုဒ်တက် (ဆောင်းပါးတို)

၈၈ ဂျွန်လမှာတုံးက ရန်ကုန်တက္ကသိုလ် ကျောင်းထဲမှာဆန္ဒပြ ဟောပြောပွဲတွေလုပ်ခဲ့ကြပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့ က ကိုရဲလွင်ကြီး (မဇျွိမလှိုင်း) ကို ထောက်လှန်ရေးဟု အော်ဖမ်းကြရာ ကိုရဲလွင်ကြီး မတ်တပ်ရပ်ပြမှ အားလုံးဝိုင်းရယ်ကြရသည်။

ထိုနေ့ ကဟောပြောပွဲတွင် မျက်မှန်အမဲကြီးတပ်ထားသောလူငယ်တယောက်က တက်ရောက်ဟောပြောသည်။ သူက ဦးနေဝင်းက - - - - ဟု အစချီရာတွင် အောက်မှ လူငယ်များက ဟေ့ကောင် နေဝင်းကွ နေဝင်း ဟုပြောပြီး ဝိုင်းဆဲကြလေသည်။ အကင်းပါးသော စင်ပေါ်မှ ဟောပြောသူလူငယ်က ခဏရပ်စဉ်းစားပြီး ကျနော်စကားပြောရိုင်းသွားတာခွင့်လွှတ်ပါ အဲဒီ မအေ -ိုး နေဝင်းကြောင့် - - - - ဤသို့ ပြောလိုက်ရာ အောက်မှ လက်ခုပ်သြောဘာသံညံသွားလေတော့သည်။

ထိုအဖြစ်အပျက်ပြီးနောက်ဆယ်နှစ်ကျော်မှ ကျနော် သန်းရွှေကို ဦးသန်းရွှေဟုခေါ်မိ၍ အဆဲမခံရရုံတမယ် ကြုံရဘူးသည်။ ဤတွင် စဉ်းစားမိသည်မှာ တချို့ သူများသည် လေးစားရလောက်သည့် (အနိမ့်ဆုံး အဆင့် အသက်အရွယ်ကိုပင်ဂုဏ်ပြု၍ခေါ်ဖို့ ရာ) ရှေ့ ဦး ဂုဏ်ပုဒ်တပ်ခေါ်ဖို့ ပင် မတန်ပါလား ။ သူတို့ ၏လုပ်ရပ် သူတို့ ၏သွားလမ်းသည် သူတို့ နာမည်ရှေ့ ၌  ဦး ၊ဒေါ်၊ ကို၊ မ၊ စသည့် ဂုဏ်ပုဒ်တပ်ရန်ပင်မသင့် တပ်မိက အခြားသူများ (သူတို့ လုပ်ထားသမျှခံထားရသူများ) ကိုဆော်ကားရာရောက်သွားသည်။

စကားအသုံးအနှုံးတို့ သည် အချိန်လိုက်၍ပြောင်းလွဲနေပေသည် ။ တချိန်က မိုက်တယ် ဆိုသောစကား၏ အဓိပါယ်မှာ မကောင်းဘူး မိုက်ရိုင်းတယ် ဟု အဓိပါယ်ထွက် သော်လည်း လွန်ခဲ့သော အနှစ်နှစ်ဆယ်လောက်မှစ၍ မိုက်တယ် ပြောလျှင် ကောင်းတယ် သဘောကျတယ် ဟု အဓိပါယ် ပြောင်းသွားလေသည်။

ဆိုပါတော ယနေ့  အချိန်မှာ သန်းရွှေ အောင်သောင်း ကျော်ဆန်း အစရှိသည်ဖြင့် ခေါ်ဆိုလျှင် မိုက်တယ်ဟု ပြောမလား ။ ဘယ်လိုမိုက်တာလဲ ။ တန်ရာတန်ရာတော့ ဂုဏ်ပုတ်တပ်သင့်ပါသည်။ 

ခါးတမာ

No comments: