|            ဦးအုန်းကြိုင်  (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) 
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း 
မဟာအောင်မြေမြို့နယ် 
- မွေးသက္ကရာဇ် ၂၉-၆-၁၉၄၄ ။
 
ပညာအရည်အချင်း ၀ိဇ္ဇာဘွဲ့။
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
 
- မဲဆန္ဒနယ် မဟာအောင်မြေမြို့နယ် ။
 
- အလုပ်အကိုင် အယ်ဒီတာသတင်းစာဆရာ၊
 
 နိုင်ငံရေးအတွေ့အကြုံ ၁၉၈၈ ခုနှစ် အရေးအခင်းတွင် သတင်းစာတိုက်ပေါင်းစုံ  သပိတ်ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သဖြင့် တာဝန်မှ အငြိမ်းစားပေးခံရပြီးနောက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့။ ၁၉၉၀ ပြည့်နှစ်  ရွေးကောက်ပွဲတွင် မန္တလေး အရှေ့တောင်မြို့နယ်၊ အမှတ် ၂ ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရ။ ၁၉၉၀ ပြည့်နှစ်တွင် ပုဒ်မ  ၅(ည)ဖြင့် ဖမ်းဆီးခံရကာ ထောင်ဒဏ်ခုနစ်နှစ် ပြစ်ဒဏ် ချမှတ်ခံရ။  ဂန္ဓီညီလာခံကျင်းပခြင်းနှင့် ကြေညာချက် ပြုစုခြင်းကြောင့် ပုဒ်မ ၅/က၊ ခ၊ ဃ၊ ည  တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ။ ၂၀၀၈ ခုနှစ် စက်တင်ဘာတွင် နှစ်လကြာ  ထပ်မံဖမ်းဆီးခံခဲ့ရ။ 
     ဒေါက်တာမေ၀င်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) 
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း  
မရမ်းကုန်းမြို့နယ် 
- မွေးသက္ကရာဇ် - ၈-၃-၁၉၅၀ 
 
- ပညာအရည်အချင်း -M.B.B.S (Ygn)
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
 
- မဲဆန္ဒနယ် - မရမ်းကုန်းမြို့နယ်
 
 အလုပ်အကိုင် - ၁၉၈၁ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ  ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန်အဖြစ် လည်းကောင်း၊ ၁၉၈၃ ခုနှစ်  ၁၉၈၈ ခုနှစ်အထိ သမိုင်း မသန်စွမ်း အထူးကုဆေးရုံ၌ လက်ထောက်ဆရာဝန်အဖြစ်  လုပ်ကိုင်ခဲ့။ 
နိုင်ငံရေးအတွေ့အကြုံ - ၈၈ ဒီမိုကရေစီ တောင်းဆိုမှု လှုပ်ရှားမှုတွင်  မသန်စွမ်း ဆေးရုံဝန်ထမ်းများကို ဦးဆောင်၍ ဒီမိုကရေစီရရှိရေး တောင်းဆိုခဲ့။  ၁၉၉၆ ခုနှစ် မေလတွင် တစ်ကြိမ်၊ စက်တင်ဘာလတွင် တစ်ကြိမ်  ရဲမွန်တပ်မြို့၌ထိန်း သိမ်းခံခဲ့ရ။ ၁၉၉၇ ခုနှစ်တွင် မရမ်းကုန်းမြို့နယ်  လူငယ်ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍ ပုဒ်မ ၅(ည)ဖြင့် ထောင်ဒဏ် ၇ နှစ်  ကျခံခဲ့ရ၊ ၂၀၀၄ ခုနှစ်တွင် လွတ်ရက်စေသော်လည်း ပုဒ်မ ၁၀(က)ဖြင့် လေးနှစ်အကြာ  ဆက်လက်ချုပ်နှောင်ခံရ။ ၂၀၀၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပြန်လည်ထမ်းဆောင်လျက်ရှိ။ 
     ဦးစိမ်းမောင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီ) 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  
လောင်းလုံမြို့နယ် 
- မွေးသက္ကရာဇ် ၃၀-၃-၁၉၄၅
 
- ပညာအရည်အချင်း H.S.F တန်းမြင့်အောင် 
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် 
 
- မဲဆန္ဒနယ် လောင်းလုံမြို့နယ် 
 
 အလုပ်အကိုင် မြို့နယ်ကုန်သွယ်ရေး(ငြိမ်း)၊ ရေလုပ်ငန်း။ 
     ဦးခင်လှိုင် (တစ်သီးပုဂ္ဂလ) 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း 
မရမ်းကုန်းမြို့နယ် 
- အသက်  ၄၆ နှစ် 
 
- ပညာအရည်အချင်း ဥပဒေဘွဲ့
 
- စီးပွားရေး ဇောတိကကုမ္ပဏီလီမိတက်၊ ဇောတိက သင်္ကန်းထုတ်လုပ်ရေး၊ မြန်မာဘစ်ရှော့ဈေးဝယ်စင်တာ
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် 
 
- မဲဆန္ဒနယ် မရမ်းကုန်းမြို့နယ်
 
      ဦးဖြိုးမင်းသိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  
လှည်းကူးမြို့နယ် 
- မွေးသက္ကရာဇ် - ၁၃-၄-၁၉၆၉ 
 
- ပညာအရည်အချင်း - ရူပဗေဒအထူးပြုဘာသာရပ် 
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော် 
 
- မဲဆန္ဒနယ် - လှည်းကူးမြို့နယ်
 
 နိုင်ငံရေးအတွေ့အကြုံ- ၁၉၈၈ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်  ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့။ ရှစ်လေးလုံး အထွေထွေသပိတ် ဖော်ဆောင်ရန်  သန်လျင်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို လျို့ဝှက်ဦးဆောင်  ဖွဲ့စည်းခဲပြီး အထွေထွေအတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့။ ၁၉၈၉ ခုနှစ်တွင်  ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၊ သန်လျင်မြို့ လူ့ဘောင်သစ်  ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းခဲ့၊ ၁၉၉၀ ပြည့်နှစ်တွင်  မဗာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ (အောက်ဗမာပြည်)  ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့။ ၁၉၉၀  ပြည့်နှစ်တွင် အမှတ် ထိန်းသိမ်းခြင်းခံခဲ့ရ။ ၁၉၉၁ ခုနှစ် မေလတွင်  အင်းစိန်ထောင် စစ်ခုံရုံးမှ ပုဒ်မ ၅(ည)၊ ၁၇(၁)ဖြင့် ထောင်ဒဏ်ခုနစ်နှစ်  ချမှတ်ခံရ၊ ၁၉၉၅ ခုနှစ်တွင် ပုဒ်မ ၅ (င)ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ထပ်မံ  အပြစ်ပေးခံရ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ  တာဝန်ယူခဲ့ပြီး လွတ်လပ်တရားမျှတမှုမရှိ၍ ပါတီမှနှုတ်ထွက်ခဲ့။ 
     ဦးအောင်စိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  
လောင်းလုံမြို့နယ် 
- အသက် (၅၂) နှစ် 
 
- ပညာအရည်အချင်း T.H.S (Machine)
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် 
 
- မဲဆန္ဒနယ် လောင်းလုံမြို့နယ် 
 
- အလုပ်အကိုင် ရွှေပန်းထိမ်
 
 နိုင်ငံရေးအတွေ့အကြုံ ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးလောကသို့  စတင်ဝင်ရောက်ခဲ့။ ၁၈-၃-၁၉၈၈ ရန်ကုန်မြို့ ဆူးလေဘုရားအနီး  မြို့တော်ခန်းမရှေ့ အရေးအခင်းတွင် ပါဝင်ခဲ့။ ၁၉၈၈ ခုနှစ်မှစပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ စတင်ဝင်ရောက်။ ၉-၉-၁၉၉၉ ခုနှစ်တွင်  နိုင်ငံရေးပုဒ်မ ၅၁(စ) ဖြင့် အကျယ်ချုပ် နှစ်နှစ်အပါအ၀င် ငါးကြိမ်အထိန်း  သိမ်းခံခဲ့ရ။ ၂၀၀၈ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်(ဗဟို)  သတင်း/ပြန်ကြားရေးနှင့် သုတေသန ရေးရာမှူးအဖြစ် လည်းကောင်း၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် အဖြစ်လည်းကောင်း တာဝန်ယူ  ဆောင်ရွက်ခဲ့။ 
     ဦးကောင်းမြင့်ထွဋ် (မြန်မာအမျိုးသားကွန်ဂရက်ပါတီ) 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  
မင်္ဂလာတောင်ညွှန့်မြို့နယ် 
- မွေးသက္ကရာဇ် ၁၄-၄-၁၉၇၅ 
 
- ပညာအရည်အချင်း - 
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော် 
 
- မဲဆန္ဒနယ် မင်္ဂလာတောင်ညွှန့်မြို့နယ်
 
- အလုပ်အကိုင် တရားလွှတ်တော်ရှေ့နေ
 
 နိုင်ငံရေးအတွေ့အကြုံ - ၁၉၉၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင်  ကျောင်းသားခေါင်းဆောင်များဘက်မှ မဲဆွယ်ဟောပြောခဲ့။ ၁၉၉၅ ခုနှစ်မှ ၂၀၀၀  ပြည့်နှစ်အတွင်း အစိုးရနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များ  တွင်ပါဝင်ခဲ့။ ၂၀၀၇ ခုနှစ် နိုင်ငံရေး ဆောင်ရွက်ချက်များတွင် ပါဝင်ခဲ့။  ၂၀၀၉ ခုနှစ်တွင် ဒီမိုကရက်တစ်ပါတီ တည်ထောင်ရာတွင် ပါဝင်ခဲ့။ ၂၀၀၉  စက်တင်ဘာတွင် မြန်မာနိုင်ငံရေး သုံးသပ်ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပ။ ၂၀၁၀  တွင် မြန်မာဒီမိုကရေစီ ကွန်ဂရက်ကို တည်ထောင်။ ၂၀၁၀ ရွေးကောက်ပွဲ၌  တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ်ဝင် ရောက်ယှဉ်ပြိုင်ခဲ့။၂၀၁၂ ခုနှစ်  ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် မြန်မာအမျိုးသားကွန်ဂရက် ပါတီမှတ်ပုံတင်ခွင့်ရခဲ့။ 
     ဒေါ်ဘောက်ဂျာ(ခ) လွမ်းညွယ်(အမျိုးသားဒီမိုကရေစီအင်အားစု) 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  
ဖားကန့်မြို့နယ် 
- မွေးသက္ကရာဇ် ၄-၁၂-၁၉၆၇ 
 
- ပညာအရည်အချင်း ၀ိဇ္ဇာဘွဲ့(သမိုင်း)
 
- ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ပြည်သူ့လွှတ်တော် 
 
- မဲဆန္ဒနယ် ဖားကန့်မြို့နယ်
 
- အလုပ်အကိုင် ကုန်သည်
 
 လူမှုရေးအတွေ့အကြုံ - ဖားကန့်မြို့နယ်တွင် နေထိုင်ရင်း နယ်မြေလူထု  အကျိုးစီးပွား ထိခိုက်စေသော လုပ်ဆောင်ချက်များကို လူထုအားကိုယ်စားပြု၍  တရားရုံးများတွင် တိုင်ကြားပေးခဲ့။ 
ယုဇနကုမ္ပဏီနှင့် ဖြစ်ပွားသော မြေယာကိစ္စများ၊ မြစ်ဆုံ ရေကာတာ  အရေးကိစ္စများတွင် ပါဝင်ဆောင်ရွက်ခဲ့။  နိုင်ငံရေး အတွေ့အကြုံ ၂၀၁၀  ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီသို့  ၀င်ရောက်ခဲ့ပြီး ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်  ၀င်ရောက်ယှဉ်ပြိုင်ခဲ့။ 
     ဒေါက်တာဖြိုးကိုကိုတင့်ဆန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)  
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း   
မြောင်းမြမြို့နယ် 
- မွေးသက္ကရာဇ် ၂၆-၆-၁၉၇၉ 
 
- ပညာအရည်အချင်း A.G.T.I (Civil, Dip.CA)B.Sc (Chemiscry)
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် 
 
- မဲဆန္ဒနယ် မြောင်းမြမြို့နယ် 
 
- အလုပ်အကိုင် ဥက္ကဋ္ဌ (A.C.E)ဆောက်လုပ်ရေးကုမ္ပဏီ
 
      ဦးကြည်သန်း(အမျိုးသားဒီမိုကရေစီအင်အားစု) 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း   
သုံးခွမြို့နယ် 
- မွေးသက္ကရာဇ် ၁၄-၁-၁၉၄၆ 
 
- ပညာအရည်အချင်း သိပ္ပံဘွဲ့(ရူပဗေဒ) 
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် 
 
- မဲဆန္ဒနယ် သုံးခွမြို့နယ်
 
 အလုပ်အကိုင် - ၁၉၆၇ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃၈)ကို  မှော်ဘီမြို့တွင် တက်ရောက်ခဲ့ပြီး တပ်မတော်တွင်  ဗိုလ်မှူးအဆင့်(ဒုတိယတပ်ရင်းမှူး)အထိ ၂၆ နှစ် တာဝန်အဆင့်ဆင့်  ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လက်ထောက်  အထွေထွေမန်နေဂျာအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့။ ၂၀၀၄ ခုနှစ်တွင်  ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်မှ အနားယူခဲ့သည်။ 
နိုင်ငံရေးအတွေ့အကြုံ - ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်  ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်  အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်ခဲ့။ 
     ဒေါ်ဖြူဖြူသင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း   
မင်္ဂလာတောင်ညွန့်မြို့နယ် 
- မွေးသက္ကရာဇ် - ၂၃-၁၂-၁၉၇၁ 
 
- ပညာအရည်အချင်း - သမိုင်းအထူးပြုဘာသာရပ်(ရန်ကုန်တက္ကသိုလ်(ပင်မ))
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
 
- မဲဆန္ဒနယ် - မင်္ဂလောင်တောင်ညွန့်မြို့နယ်
 
 လူမှုရေးလှုပ်ရှားမှု - ၂၀၀၂ ခုနှစ်မှ ယခုအချိန်အထိ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ပေးလျက်ရှိ။ 
နိုင်ငံရေးအတွေ့အကြုံ- ၁၉၈၈ လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၁၉၉၀  ပြည့်နှစ်တွင် NLD အောင်နိုင်ရေး ဆောင်ရွက်ခဲ့၊ ၂၀၀၀ ခုနှစ်  ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် လိုက်ပါပို့ဆောင်မှုကြောင့်  အင်းစိန်အကျဉ်းထောင်တွင် လေးလနှင့် လေးရက် ထိန်းသိမ်းခံခဲ့ရ၊ ၂၀၀၇  ခုနှစ်တွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနှင့်အတူ  လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှု၊ ရွှေဝါရောင်သံဃာ့  လှုပ်ရှားမှုများတွင် ပါဝင်ခဲ့၊ ၂၀၁၀ ပြည့်နှစ်တွင် NLD ပါတီဗဟိုဦးစီး  အဖွဲ့ဝင်ဖြစ်လာခဲ့။ 
     ဒေါ်ခင်စုစုအောင်(အမျိုးသားဒီမိုကရေစီအင်အားစု) 
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း  
မအူပင်မြို့နယ် 
- မွေးသက္ကရာဇ် - ၆-၁၁-၁၉၈၄ 
 
- ပညာအရည်အချင်း - LL.B
 
- ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
 
- မဲဆန္ဒနယ် - မအူပင်မြို့နယ် 
 
- အလုပ်အကိုင် - ရှေ့နေ
 
 နိုင်ငံရေးအတွေ့အကြုံ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘိုကလေးမြို့နယ်  တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)တွင် ဒီမိုကရေစီ အင်အားစုပါတီ  ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့။ လက်ရှိတွင်  အမျိုးသားဒီမိုကရေစီအင်အားစု ဘိုကလေးမြို့နယ် လူငယ်တာဝန်ခံ၊  ဧရာဝတီတိုင်းဒေသကြီး စည်းရုံးရေးကော်မတီဝင်၊ ဗဟိုအမျိုးသမီး  လုပ်ငန်းအဖွဲ့ဝင်၊ ဗဟိုဥပေဒအကြံပေး အဖွဲ့ဝင် တာဝန်များ ထမ်းဆောင်လျက်ရှိ။ | 
No comments:
Post a Comment