ဒီမိုကရေစီအင်အားစုများညီညွှတ်ကြ


ဒီမိုကရေစီအင်အားစုများညီညွှတ်ကြ
ယနေ့ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ၀င်ရောက်ယှဉ်ပြိုင်ကြသော ပါတီအဖွဲ့စည်းများ တသီးပုဂ္ဂလအမတ်လောင်းအများစုဟာ လွှတ်တော်ကို အားကိုးယုံကြည်လို့ဝင်ရောက်လာခြင်းထက် ပြည်သူနဲ့ အစိုးရကြား ချုပ်ဆိုထားတဲ့ ကတိက၀တ်တစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံကို ကျယ်လောင်စွာ ဟစ်အော်ရင်း ရွေးကောက်ပွဲသို့ဝင်ရောက်လာကြခြင်း ဖြစ်ပါတယ်။
ယနေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အပြိုင်အဆိုင်ယှဉ်ပြိုင်မှု့ အားအကောင်းဆုံးဖြတ်တဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် လစ်လပ်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ၀င်ရောက်ယှဉ်ပြိုင်ကြသော ပါတီအဖွဲ့အစည်း ခုနှင့် တသီးပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင်သူ ဦးတို့ ဖြစ်ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကာအကွယ်ပေးနေတဲ့ အာဏာရ ကြံခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ကျန် သုံးဦးအဖွဲ့အစည်းကတော့၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးဆိုတဲ့ ကြွေးကြော်သံတွေကို ကျယ်လောင်စွာဟစ်အော်ရင်း နဲ့ ၀င်ရောက်လာတဲ့ ရည်ရွယ်ချက်တူညီသော ဒီမိုကရေစီအင်အားစုများပဲ ဖြစ်ကြပါတယ်။ဒါကြောင့် ရည်ရွယ်ချက်ခြင်းတူတဲ့ ဒီမိုကရေစီအင်အားစုသုံးဦးအဖွဲ့အစည်းဟာ စည်းလုံးညီညွှတ် ကြဖို့ အထူးပဲလိုအပ်လှပါတယ်။ ဒီမိုကရေစီအင်အားစုသုံးဦးအဖွဲ့အစည်းရဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလ အဓိက ရည်မှန်းချက်မှာ မိမိတို့သုံးဦး အဖွဲ့အစည်း ထဲမှ တစ်ဦး အနိုင်ရရှိဖို့အထူးပဲလိုအပ်လှပါတယ်။ ဒါမှသာ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်တွင်းမှ တရားဝင်ပြုပြင်ပြောင်းလဲလို့ ရမှာပါ။ ဒါကြောင့် ဒီမိုကရေစီဆန့်ကျင်ဘက် အာဏာရှင်အဖွဲ့အစည်းပါတီ အနိုင်မရဖို့အထူးပဲလိုအပ်လှပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာကတော့ ဒီမိုကရေစီဘက်တော်သားအချင်းချင်း မညီမညွှတ် အချင်းချင်းအပြန်အလှန်တိုက်ခိုက်ကြပြီး ဒီမိုကရေစီအာဏာရှင်အစိုးရပါတီရဲ့ အကြိုက်ဖြစ်အောင် အချင်းချင်း တိုက်ခိုက်ပြုမူနေတာဟာဖြင့် ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်မယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အလှမ်းဝေး စေပါတယ်။ အမှန်က ၂၀၀၈ ဖွဲ့စည်းပုံကို အကာကွယ်ပြုနေတဲ့ အာဏာရ အဖွဲ့အစည်းကို တိုက်ခိုက်ရမှာဖြစ်ပါတယ်။ဒါပေမယ့် ယနေ့မိတ္ထီလာမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာနှစ်ပေါင်း ၂၀ ကျော်ကြာအောင် ပြည်သူလူထုဒေသခံအကျိုးစီးပွားကို အစဉ်တစိုက်လုပ်ဆောင်ခဲ့တဲ့ ဒေါ်မြင့်မြင့်အေး ကို (NLD) ပါတီဗဟိုမှ မိတ္ထီလာမြို့အတွက် မရွေးချယ်ပဲ ပါတီဗဟိုမှ ရန်ကုန်မြို့နေ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့်ဒေါ်မြင့်မြင့်အေး အနေနဲ့ ရွေးချယ်စရာမရှိတော့တဲ့အတွက် တသီးပုဂ္ဂလအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ခြင်းဖြစ်ပါတယ်။ဒေါ်မြင့်မြင့်အေး အနေဖြင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောသော ငယ်ရွယ်ထက်မြတ်ရမယ်၊ ဒေသခံဖြစ်ရမယ် ပညာအရည်အချင်းရှိရမယ်၊ အမျိုးသမီးနဲ့ တိုင်းရင်းသူ ကိုဦးစားပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေနဲ့ပြည့်စုံသော်ငြားလည်းပဲ (NLD) ပါတီဗဟို မှ ပြောဆိုချက်များနှင့် လွဲမှားစွာ ဒေါ်မြင့်မြင့်အေးထက် အသက်ကြီးသော ဒေသခံမဟုတ်သော အာဏာရှင် ဦးနေ၀င်းလက်ထက်က အာဏာရှင်အစိုးရအလိုကျ တိုင်းပြည်တာဝန်ကိုအစွမ်းကုန် ထမ်းဆောင်ခဲ့သော ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မိတ္ထီလာမြို့နယ် အတွက် (NLD) ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါဟာ အဓိကပြဿနာမဟုတ်ခဲ့ပါဘူး အဓိကပြဿနာက မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာ NLD ပါတီမှ တသီးပုဂ္ဂလ လွှတ်တော် အမတ်လောင်း ဒေါ်မြင့်မြင့်အေးကို အမှုတည်ဆောက်တရားစွဲဆိုရန်ကြိုးစားပြီး  ကြားဖြတ်ရွေးကောက်ပွဲ အဖွင့်စာမျက်နှာကို ဒီမိုကရေစီဘက်တော်သားအချင်းချင်း မိတ်ဖက်အချင်းချင်း ရုပ်ဆိုးအကျဉ်းတန်စွာ ဖြင့်အဖွင့်စာမျက်နှာကိုဖွင့်ဆိုခဲ့ပါတယ်။တရားရုံးအဆင့်ဆင့်မှ NLD ပါတီမှ တရားစွဲဆိုမှုကို ပြစ်မှုမမြောက်သော ကြောင့် တိုင်ကြားလာသော တိုက်ကြားလွှာများကို လက်ခံခဲ့ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် (NLD) ပါတီအနေဖြင့် တိုက်ခိုက်မှုများကို သိသာထင်ရှားစွာပြုလုပ်လာခဲ့သော်လည်းပဲ (NLD) ပါတီထက်အင်အားနည်းလှသော တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်အေးကတော့ ပြန်လည်တုံ့ပြန်ခြင်းတစ်စုံတစ်ရာ မရှိခဲ့ပေ။ဒေါ်မြင့်မြင့်အေး အနေဖြင့် (NLD) ကို မိခင်ပါတီဟောင်းကြီးအနေဖြင့် ယခုအချိန်ထိ သဘောထားကာ သစ္စာစောင့်သိနေသောကြောင့်ဖြစ်သည်။ ဒါကြောင့် (NLD) ပါတီအနေဖြင့် ဒီမိုကရေစီဘက်တော်သား အချင်းချင်း မပေါင်းမစည်း မညီမညွှတ်မဖြင့်သင့်ပေ ရန်သူအားရမယ့် အလုပ်မျိုးအပြုမူမျိုးကို ရှောင်ကြဉ် တတ်ရန်လည်း လိုအပ်လှပါသည်။မဟုတ်မမှန် ဇာတ်လမ်းများဖြင့် တိုက်ခိုက်မှုပြုလုပ် အမှုတည်ဆောက် တရားစွဲဆိုရန် ကြိုးပမ်းခြင်းဟာ ခွေးဝမ်းသာအောင် လေလည်ပြနေခြင်းဖြစ်ပါသည်။မြန်မာနိုင်ငံ ဒီမိုကရေစီရေး မအောင်မြင်မှု့ဟာ သမိုင်းကာလကို ပြန်ကြည့်မယ်ဆိုရင် အချင်းချင်း မညီညွှတ်ပဲ အပြန်အလှန်တိုက်ခိုက် နေကြလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် (NLD) အနေဖြင့် အတိတ်သမိုင်းမှ စာမျက်နှာကို ပြန်လည် ကြည့်ပြီး အမြင်မှန်ရ ရန်လိုအပ်လှပါသည်။ ယခုလို တိုက်ခိုက်တဲ့အတွက်လူထုကြားထဲတွင် ပါတီအတွက်ရော စိတ်သဘောထားကောင်းမွန်လှသော လူထုခေါင်းဆောင်ကြီးအတွက်ပါ ရုပ်ဆိုးအကျည်းတန်လွန်းလှပါသည်။ ယခုလို ဒီမိုကရေစီဘက်တော်သားအချင်းချင်း ပြန်လည်တိုက်ခိုက်ကြသည့်အတွက် လူထုကြားထဲတွင် အာဏာရှင်ကြံ့ခိုင်ရေးပါတီအနေဖြင့် ပိုမိုအင်အားတောင့်တင်းလာမှာမုချမသွေဖြစ်ပါသည်။ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သော အဖွဲ့အစည်းများအနေဖြင့်ဒီမိုကရေစီအောင်နိုင်ရေးတွက် မိမိတို့လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ မူဝါဒများ လုပ်ဆောင်ခဲ့ပြီးသော ဆက်လက်လုပ်ဆောင်မည်ဖြစ်သော လုပ်ရပ်များကို ပြည်သူလူထုကြီးထံသို့ အဓိကပြောဆို ချပြရမည် ဖြစ်ပါသည်။အဲဒီလိုမပြောခဲ့ရင်တောင်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မယ် ဆိုတဲ့ရည်ရွယ်ချက်ကို လက်ကိုင်ထားပြီး အချင်းချင်းညီညွှတ်စွာ ကြိုးစားအကောင်ထည် ဖော်ရမယ့် ကာလလည်းဖြစ်ပါတယ်။သို့ပေမယ့် ယနေ့ကာလမှာတော့ ဒီမိုကရေစီအင်အားစုထဲကအချင်းချင်း အပြန်အလှန်တိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ယခုလို မိခင်ပါတီဟောင်းကြီးမှ ဒေါ်မြင့်မြင့်အေးအပေါ် မဟုတ်တမ်းတရားဇာတ်လမ်းတွေပုံဖော်ပြီး ပြုမူဆောင်ရွက်နေခြင်းဟာ တစ်ဖက်အာဏာရ အဖွဲ့အစည်းကို သွယ်ဝိုက်ပြီး အလုပ်အကျွေးပြုစုနေခြင်းပဲဖြစ်ပါတယ်။ (NLD) ပါတီမှ မိတ္ထီလာမြို့နယ် ကိုယ်စားလှယ်စည်းရုံးရေးမှုးများဟာ လူထုကြားထဲမှာ မိမိတို့လုပ်ဆောင်မယ့် လုပ်ငန်းလမ်းစဉ်များ မူဝါဒများကို ချပြပြောဆိုနေခြင်းထက် ဒေါ်မြင့်မြင့်အေးအား လူထုကြားထဲတွင် အမြင်မှားအောင် ပြောဆိုစည်းရုံးနေကြ ပါတယ်။မိတ္ထီလာမြို့နယ်တွင် ဒေါ်မြင့်မြင့်အေးသည် လူထုကြားထဲတွင် ထိပ်ဆုံးမှပြေးနေပြီး ဒေါ်မြင့်မြင့်အေးကို ဖြုတ်ချနိုင်မှ (NLD) ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်းဦးဝင်းထိန် အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟု သတ်မှတ်ထားပုံလည်း ရပါသည်။ထို့ကြောင့် ဒေါ်မြင့်မြင့်အေး အားအပြုတ်ဖြုတ်လမ်းစဉ်ကိုလိုက်ပြီး တရားစွဲဆိုခြင်းအမှုမအောင်သော အခါ လူထုကြားထဲတွင် ယုံကြည်မှုလွဲမှားစေရန် ပြောဆိုစည်းရုံးရေးလုပ်ငန်းများကိုလုပ်ဆောင်နေကြပါတယ်။ စည်းရုံးရေး ဆင်းသော ကျေးရွာများတွင်လည်း ဒေါ်မြင့်မြင့်အေးကို ငွေကြေးကိစ္စများကြောင့် (NLD) မှထုတ်ပယ်ခံရခြင်း ဒေါ်မြင့်မြင့်အေးကို (NLD) ပါတီနှင့်ထင်ယောင်ထင်မှား ပြောဆိုစည်းရုံးမှုများကြောင့် တရားစွဲဆိုခံရပြီး ထောင်ကျနေပြီဆိုပြီးတစ်ဖက်သက်ဝါဒဖြန့်ခြင်း ဒေါ်မြင့်မြင့်အေးအား အမျိုးသား အကျိုးစီးပွားရေးအတွက် တိုင်းပြည်အကျိုးစီးပွားအတွက် မည်သည့်အကျိုးစီးပွားမှ မဆောင်ရွက်ခဲ့ပါ ဟု သတင်းဖြန့်ဝေခြင်း မိတ္ထီလာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်မှ ၀င်ရောက်ယှဉ်ပြိုင်မည့်ပုံသဏ္ဌန်ဖြင့် မသမာသောနည်းလမ်းဖြင့် လိမ်လည်စည်းရုံးခြင်ုး ဒေါ်မြင့်မြင့်အေးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲကြိုကာလတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ မပြုလုပ်ပဲ (NLD) ပါတီမှအပြစ်ပေးထုတ်ပယ်လိုက် သည်ဆိုကာတစ်ဖက်သတ်ဝါဒဖြန့်ဝေမှုများပြုလုပ်ခြင်း ဒေါ်မြင့်မြင့်အေးသည် နိုင်ငံရေးအတ္တကြီးမားလွန်း သောကြောင့် ပါတီနှင့် မညှိနှိုင်းပဲ မိမိဆန္ဒအရ တစ်သီးပုဂ္ဂလ ၀င်ရောက်ရွေးချယ်တာပါဟုပြောဆိုခြင်း ဒေါ်မြင့်မြင့်အေး၏ ရွေးကောက်ပွဲစည်းရုံးရာ နေရာဒေသများသို့ တမင်လိုက်ကာ ဟောပြော၍မရစေရန် အသံချဲ့စက် ကျယ်လောင်စွာဖွင့်ပြီး လိုက်လံနှောင့်ယှက်မှု လက်သပ်မွေးလူတစ်စုဖြင့် ရန်စပြောဆိုမှုများ (အောင်သုခ ဓမ္မာရုံရှေ့တွင်ဟောပြောစဉ်တွင် (NLD) အမည်တပ်ပြီး အော်ဟစ်ဆဲဆိုသွားခဲ့) ဒေါ်မြင့်မြင့်အေး ဟောပြောရာနေရာ လူစုလူဝေး ပရိတ်သတ်ကြားထဲသို့ (NLD) ပါတီ၏ မိတ္ထီလာကိုယ်စားလှယ် ဦးဝင်းထိန်၏ မဲဆွယ်မှု လက်ကမ်းကြေညာ စာရွက်များကို (NLD) စည်းရုံးရေးကိုယ်စားလှယ်များက တမင်ပွဲပျက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် နှောင့်ယှက်ဖျက်ဆီးကာ ပန်းဖလက်ရှ် များကို လိုက်လံဝေဌချင်း (၀န်ဇင်း ရပ်ကွက် အတွင်း တွင်ဟောပြောနေစဉ်) အစရှိသည်တို့ကိုပြုလုပ်ဆောင်ရွက်နေကြပါသည်။
ဒီကနေ့ရွေးကောက်ပွဲဟာ ဒီမိုကရေစီရည်မှန်းချက်ကို မအောင်မြင်သေးသည့်အတွက် ဒီမိုကရေစီအင်အားစုအချင်းချင်း သွေးမကွဲပဲ ရိုးရိုးသားသားဖြင့် လူထုစည်းရုံးရေးလုပ်ငန်းများကိုလုပ်ဆောင် ရမည်ဖြစ်ပါသည်။ယခုကြားဖြတ်ရွေးကောက်ပွဲကာလသည် ဒီမိုကရေစီအင်အားစုတွေ အနိုင်ရရှိဖို့လိုအပ်သလို ဒီမိုကရေစီဆန့်ကျင်ဘက် အင်အားစု အနိုင်မရရှိဖို့ လည်း အထူးကြိုးစားဝိုင်းဝန်းကာကွယ်ရမှာဖြစ်ပါတယ်။ နိုင်ငံရေး အမျှော်အမြင်ရှိရှိဖြင့် ဆောင်ရွက်ဖို့လိုအထူးပဲ လိုအပ်လှပါတယ်။
တစ်ဖက်မှကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှလည်း ကျေးရွာများတွင် စက်ဘီးတစ်စီးကို လေးသောင်းခွဲ (၄၅၀၀၀) နှုန်းဖြင့် တစ်လလျှင် နှစ်ထောင်ကျပ် (၂၀၀၀) နှုံးပြန်လည်ပေးဆောင်စေကာ အလိုပြပြီး စည်းရုံးခြင်း မတ်လ ၁၅ ရက်နေ့တွင် မိတ္ထီလာမြို့ ရှမ်းမငယ်တိုက်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှတက်လာသော  ၀န်ကြီး ဦးအောင်သောင်း မဲလာရောက် ဆွယ်စဉ်ကာလကလည်း ကျေးရွာများကို တစ်အိမ်တစ်ယောက် မလာမနေရ ပြောဆိုပြီး အာဏာသုံးခြိမ်းခြောက်ကာ ဟောပြောပွဲများ ကျင်းပခြင်း ၎င်းတို့နှင့်ဆန့်ကျင်ဘက် ဒီမိုကရေစီအင်အားစုများအား လက်မခံကြရန် ကျေးရွာများတွင် ကြံ့ခိုင်ရေးပါတီမှ လိုက်လံစည်းရုံးခြင်း ဒီမိုကရေစီအင်အားစုများကြား ငွေကြေးချို့တဲ့မှုကို အခွင့်ကောင်းယူကာ ဒီမိုကရေစီ အင်အားစုများကို ထောက်ခံသူ ပြည်သူလူထုကို ငွေကြေးအလုံးအရင်းဖြင့်သုံးကာ စည်းရုံးခြင်း ဒီမိုကရေစီ အင်အားစုများကို ထောက်ခံအားပေးနေသော ကျေးရွာများကို မှတ်ပုံတင်များ သန်ကောင်စာရင်းများ ထုတ်မပေးခြင်း တို့ကိုပြုလုပ်ဆောင်ရွက်နေကြပါသည်။ မဲရုံကိုယ်စားလှယ်များ အလွယ်တကူမရရှိစေရန် ကျေးရွာဒေသများတွင် မဲစာရင်းကို အချိန်မှီ ကြေငြာထုတ်ပြန်မှု မပြုလုပ်ခြင်း မဲပေးနိုင်သူစာရင်း ကွာဟနေခြင်း ဒေသခံပြည်သူလူထု၏ လယ်ယာမြေများ မတော်မတရား သိမ်းပိုက်ခံရမှု ကျေးရွာစာသင်ကျောင်းများတွင် ဆရာ/ဆရာမ မရှိမှု ကျေးရွာများတွင် လျှပ်စစ်မီး သောက်သုံးရေ မရှိမှု အကျင့်ပျက်ဝန်ထမ်းများက ရိုးသားလှသည့် ပြည်သူလူထုကြီးအပေါ် အာဏာ သုံးကာ နှိပ်စက်နေမှု စသည့် ဒီမိုကရေစီရေး လူ့အခွင့်ရေးကိစ္စရပ်များကို ဖော်ထုတ်ကြိုးစားဆောင်ရွက်နေရမည့်အစား ဒီမိုကရေစီ စည်းဝိုင်းအတွင်း မိတ်ဖက်အချင်းချင်း တိုက်ခိုက်ဆောင်ရွက်နေမှုများကို အဓိကထားပြုလုပ်နေခြင်းသည် ရန်သူကိုအားပေးသည့်လုပ်ရပ်ဖြစ်သဖြင့် ထိုလုပ်ရပ်ကို ပြုလုပ်ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များကို အထူးသတိထားရန်လိုအပ်လှပါသည်။

အဓိက ပုံဖျက်စော်ကားခံနေရသော ဒီမိုကရေစီဘက်တော်သား တသီးပုဂ္ဂလလွှတ်တော်ကိုယ်စား လှယ်လောင်း ဒေါ်မြင့်မြင့်အေးသည် ၁၀..၁၉၅၈ ခုနှစ်တွင် မိတ္ထီလာမြို့ အရှေ့ပြင်ရပ်ကွက် (ယခု)နတ်သျှင်နောင်လမ်းတွင် ဖခင်( ဦးကျော်ငြိမ်း)+ မိခင်ဒေါ်မြသိန်း တို့မှဖွားမြင်ခဲ့သော သားသမီး ဦးအနက် ဒုတိယမြောက်ဖြစ်သည်။ ၁၉၆၄-၆၈ ခုနှစ်တွင် မိတ္ထီလာမြို့ ဆရာအတတ်သင်သိပ္ပံကျောင်းမှ မူလတန်းပညာသင်ကြားခဲ့ပြီး ၁၉၇၆ တွင် ..က()မှ(၁၀) တန်းအောင်မြင်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် မှ B.Ecom(Economic)ဘွဲ့ကိုရရှိခဲ့ပါသည်။
ဂျပန်ဘာသာကိုလေ့လာရင်း ဂျပန်နိုင်ငံသို့ ၁၉၈၄ ခုနှစ်က တစ်နှစ်ခန့် သွားရောက်ခဲ့ပါသည်။ဂျပန်မှပြန်လာပြီးနောက် မိမိအိမ်တွင်းအလုပ်ဖြစ်သော ရှင်ပြု-နားသ-၀င်းခင်း ၀တ်စုံများ ဌားရမ်းသောလုပ်ငန်းကိုလုပ်ကိုင်ခဲ့ပါသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး ပေါ်ပေါက်လာသောအခါတွင် ဘွဲ့ရကျောင်းသားဟောင်းများ အဖွဲ့ဖြင့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပါသည်။ ထို့နောက် ပါတီစုံများပေါ်ပေါက်လာသောအခါ ၁၉၈၉ ခုနှစ်တွင် NLD ပါတီသို့ဝင်ခဲ့ပါသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မိတ္ထီလာ အနောက်လက်ဖြစ်သော ရှမ္မငယ် တိုက်နယ်၊ အလည်ရွာတိုက်နယ်များမှ ရွာပေါင်း ၁၀၀ ကျော်ကို စည်းရုံးရေးဆင်း၍ မဲအောင်နိုင်ရေး လုပ်ခဲ့ပါသည်။
၁၉၉၇ခုနှစ်တွင်တစ်နိုင်ငံလုံးရှိ အဖွဲ့ချုပ်မြို့နယ် အလုပ်အမှုဆောင်များကို ပြန်လည် ရွေးချယ်တာဝန်ပေးအပ်သောအခါ သူမသည် အောက်ခြေပါတီဝင်လူထု၏ ဒီမိုကရေစီနည်းကျကျ ရွေးချယ်တင်မြှောက်ခြင်းခံရသော မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှုး ဖြစ်လာ ခဲ့ပါသည်။
၁၉၉၉ ခုနှစ်၊မတ်လ ၂၉ ရက်မှစတင်၍ မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးအား သူမ၏ အိမ်ဖြစ်သည့် မိတ္ထီလာ-ကျော်ကျော်ပုံနှိပ်တိုက်တွင် လက်ခံဖွင့်လှစ်ခဲ့သည်မှာ ၁၃ နှစ်ခန့်ကြာမြင့်ခဲ့ပါသည်။
NLD ရုံးကိုလက်ခံဖွင့်လှစ်ခဲ့ပြီးသည့်နောက် မိတ္ထီလာခရိုင် အတွင်းရှိလေးမြို့နယ်ဖြစ်သော မိတ္ထီလာ၊ သာစည် မလိုင်၊၀မ်းတွင်း စသော မြို့နယ်များစုပေါင်း၍ လစဉ်အစည်းအဝေးများပြုလုပ်ခြင်း အာဇာနည်နေ့ ကဲ့သို့သော နိုင်ငံရေးအခမ်းအနားများကို ခရိုင်အဆင့် ပူးပေါင်းလုပ်ဆောင်ခြင်းများကို လုပ်ဆောင်ခဲ့ပါသည်။
၂၇..၁၉၈၈ နေ့က စတင်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီတာဝန်များကို နောက်ဆုံး အချိန်ထိ နှစ်ပေါင်း (၂၀)ကျော်ထမ်းဆောင်ခဲ့ပါသည်။ မိတ္ထီလာ မြို့မဈေးကြီးအတွင်းမှ ဆိုင်ခန်းခွန်များ တိုးမြှင့်ကောက်ခံခြင်းရပ်စဲပြီး ဈေးသည်များ သက်သာခွင့်ရခဲ့ပါသည်။ထို့ပြင် မိတ္ထီလာမြို့လူထု တစ်ရပ်လုံး ဒုက္ခရောက်နေကြရသော ရေ၊မီး ရရှိရေးအတွက် လူထုလက်မှတ် ၅၀၀ ကျော်ဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တင်ပြတောင်းဆိုခဲ့ပါသည်။
အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်ထဲသို့ ပို့ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံများကို တစ်နိုင်ငံလုံးအတိုင်းအတာသို့ အခမဲ့ ဖြန့်ဝေသည့် Photo Campaign ကို သူမမှစတင်ဦးဆောင် ပြုလုပ်ခဲ့ပါသည်။
မိတ္ထီလာမြို့ပေါ်ရှိဘုရားများတွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်ဝတ်ပြုဆုတောင်းခြင်းနှင့် သူမ၏ အိမ်ဖြစ်သော ကျော်ကျော်ပုံနှိပ်တိုက်ရှေ့တွင် သံဃာ ၁၅၀ ခန့်ကို အင်္ဂါနေ့တိုင်း အကျဉ်းသားလွတ်မြောက်ရေးဆုတောင်း ဆွမ်းလောင်းလှူခြင်းကို ယနေ့ထိပြုလုပ်နေဆဲဖြစ်ပါသည်။
၂၀၁၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများတွင် အဖွဲ့ချုပ်ရုံးဖြစ်သည့် သူမ၏ နေအိမ်၌ (HRDP) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် နှင့်ချိတ်ဆက်ပြီး လူ့အခွင့်အရေးသင်တန်းများ ဖွင့်လှစ်ခဲ့ပါသည်။ ကွန်ပျုတာ လုံးဖြင့်ကွန်ပျူတာ သင်တန်းများကို အခမဲ့သင်ကြားပေးခဲ့ပါသည်။
တရားမဲ့ပြုကျင့်ခံရသူများ လူ့အခွင့်အရေးချိုးဖောက်ခံရသူများကလာရောက် အကူအညီတောင်းခံခြင်း များအား သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလက မိတ္ထီလာခရိုင်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ () အရ အရေးယူမည့် ကိစ္စပေါ်ပေါက်လာသောအခါတွင် လူထုလက်မှတ် (၄၀၁)ဦးကောက်ခံရရှိ ပြီး သမ္မတကြီးဦးသိန်းစိန်ထံ တင်ပြခဲ့ရာ လိုင်စင်မဲ့ဆိုင်ကယ်သာစီးနိုင်သော ပြည်သူလူထုကြီးအတွက် သက်သာခွင့်ကို ရရှိခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သတ်၍ မိတ္ထီလာကန်တော်ကြီး သန့်ရှင်းရေးနှင့် ရေသယံဇာတများ အကျိုးရှိရှိထုတ်ဖော်ခံစားနိုင်ရေးအတွက်လည်း မိတ်ဆွေများ၏ အားပေးကူညီမှု့ကိုရယူလျက် ကြိုးစားဆောင်ရွက်နေပါသည်။

ရှေ့ဆက်၍ သူမ၏ ပြည်သူလူထုကိုပေးနိုင်သည့် ကတိက၀တ်မှာ..

()လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကို စနစ်တကျအကူညီပေးသွားမည်။
()ဆင်းရဲနွမ်းပါးချို့တဲ့လွန်းလှသော ကျေးလက်ပြည်သူလူထု၏ မြို့ပေါ်ဆေးရုံဆေးခန်းများသို့ အရေးပေါ်တက်ရောက်ကုသရန် ကြုံကြိုက်လာသောအခါတွင် ခေတ္တတည်းခိုနားနေရန်နှင့် လိုအပ်သော `သွေး´ ကိုအခမဲ့ ကူညီမည်ဖြစ်ကြောင်း သူမနှင့်ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်များက ကတိပြုသည်။
သူမသာရွေးချယ်ခံရ၍ လွှတ်တော်တွင်းသို့ ရောက်သွားခဲ့လျှင်မူ သူမတို့၏ တောင်သူလယ်သမား ဦးကြီးများ၏ လယ်ယာထွက်ကုန်များကို ထိုက်တန်သော အဖိုးစားနားဖြင့် အမြတ်များများရအောင် ရောင်းချနိုင်ရေး ကြိုးစားသွားပါမည်။
(သူမ၏ ရွေးကောက်ပွဲ ရည်မှန်းချက်-မှာ)
()တောင်သူလယ်သမားများ၊ အလုပ်သမာများ၊ အခြေခံလူတန်းစားများအားလုံး အလုပ်လုပ်သလောက် အကျိုးခံစားခွင့် အပြည့်အ၀ရရှိရေး။
() စိုက်ပျိုးသီးနှံများ ဈေးကောင်းရရေး။
() လွတ်လပ်စွာစိုက်ပျိုးခွင့်၊ လွတ်လပ်စွာရောင်းချခွင့်ရရေး။
()လယ်လုပ်သူလယ်ပိုင်ရေး။
() ၎င်းလယ်ယာမြေပိုင်ဆိုင်မှုကို အစိုးရက အာမခံရေး။
     တို့ပဲဖြစ်ပါတယ်။

သူမ ရဲ့ကြွေးကြော်သံမှာ-
`လယ်သမားများ စိုက်ပျိုးသီးနှံ ဈေးကောင်းရရေး´
`ဈေးကွက်စီပွားရေးစနစ်ပီပီပြင်ပြင်ပေါ်ပေါက်ရေး´

ယခုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကပါတီ မှတ်ပုံတင်ကိုအသစ်ပြန်တင်ပြီးအဖွဲ့ဝင် သစ်လျှောက်လွှာများ ခေါ်ယူချိန်တွင် သူမအနေဖြင့် ပါတီဝင်လျှောက်လွှာကို ပြန်တင်ခြင်းမရှိတော့ပါ။
သူမသည်အောက်ခြေပါတီဝင်ထုနှင့် ပြည်သူလူထု၏ တောင်းဆိုချက်ကို မမှိတ်မသုန် လိုက်နာသော အားဖြင့်လည်းကောင်း၊ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အလမ်းကို ရယူသော အားဖြင့်လည်းကောင်းတစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးချယ်ခံခြင်း ဖြစ်ပါသည်။
ရွေးကောက်ပွဲတွင် အောင်နိုင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ၊ လူထုအကျိုးပြုလုပ်ငန်းများကို သူမအနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

  မှတ်ချက်။      ။ဒေါ်မြင့်မြင့်အေး၏ ရွေးကောက်ပွဲ လက်ကမ်းစာစောင်မှ ပြောကြားချက်များကို ပြန်လည်ဖော်ပြပေးထားပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလတွင် မိတ္တီလာမြို့နယ်တွင် ဖွားမြင်ခဲ့ပါသည်။ ၁၉၅၉ မှ ၁၉၆၃ ခုနှစ်အထိ မေမြို့စစ်တက္ကသိုလ် (D.S.A အပတ်စဉ် ) တွင် နှစ်တက်ရောက်၍ B.Sc သိပ္ပံဘွဲ့ရရှိပြီး ရုရှားဘာသာဒီပလိုမာဘွဲ့ရရှိခဲ့သည်။
၁၉၆၄ မှ ၁၉၆၆ အထိ ဧရာဝတီတိုင်း (ကျုံပျော်)၊သေနတ်ကိုင်တပ်ရင်း () တွင် ()နှစ်အတွင်း တပ်စုမှူး တပ်ခွဲမှူး ၊ထောက်လှမ်းရေးအရာရှိတာဝန်ဖြင့် ရှေ့တန်းတိုက်ပွဲများ အကြိမ်ကြိမ်ဆင်နွှဲခဲ့ပြီး သေဘေးမှ ကြိမ်ခန့် (လက်တစ်လုံးခြား) လွတ်မြောက်ခဲ့သည်။ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ခဲ့ရသော ပဲခူးရိုးမ ရခိုင်ရိုးမ မြစ်ဝကျွန်းပေါ် နှင့် မြန်မာပြည် (အရှေ့မြောက်ပိုင်း) ဒေသများတွင် တိုက်ပွဲတိုင်း အောင်မြင်ခဲ့သည်။
၁၉၆၇ မှ ၁၉၆၈ ခုနှစ်တွင် ရန်ကုန်-အင်းစိန်-သေနတ်ကိုင်တပ်ရင်း တွင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ နှစ်အတွင်းကာကွယ်ရေး ဦးစီးချုပ်ရုံး (စစ်ဦးစီးမှူး-တတိယတန်း)တာဝန် ထမ်းဆောင်ခဲ့သည်။ ပဲခူးတိုင်းနှင့်အရှေ့ မြောက်ပိုင်းတိုင်း စစ်ရေးတာဝန်များအပြင် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ နယ်နိမိတ် သတ်မှတ်ရေးကော်မရှင်တွင်ပါဝင်ခဲ့ပြီး အိန္ဒိယ နိုင်ငံသို့ နယ်စပ်သတ်မှတ်ရေးတာဝန်ဖြင့် သွားရောက်ခဲ့သည်။နိုင်ငံတကာတပ်မတော်များသမိုင်း နှင့် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ စစ်ရေးစွမ်းရည်စသည့် အင်္ဂလိပ်စာအုပ်များကို ဘာသာပြန်ပြုစုခဲ့ပြီး စစ်ပညာဂျာနယ်တွင် ရေးသားထုတ်ဝေခဲ့သည်။
၁၉၇၆ ခုနှစ်တွင် တပ်မတော်(ကြည်း) စစ်ရုံးချုပ်မှ ဗိုလ်ကြီးရာထူးဖြင့်ပင် တပ်မတော်မှ အငြိမ်းစားပင်စင် ရရှိခဲ့သည်။
၁၉၇၈ မှ ၁၉၈၇ (၁၀) နှစ်အတွင်း အစိုးရ-စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းမှ လိုအပ်သော စက်ရုံတည်ဆောက်ရေးလုပ်ငန်းများ မြစ်သားဝါလုပ်ငန်းစက်ရုံ၊ရွှေညောင် သကြားစက်ရုံ၊ ရခိုင်ပြည်နယ် ကျောက်တော်သကြားစက်ရုံနှင့် အရက်ချက်စက်ရုံ၊ ရွှေတောင် - အထည်ချောစက်ရုံများအတွက် ဆောက်လုပ်ရေး နှင့် စက်ပစ္စည်းများ ပေးသွင်းခဲ့ရသည်။
၁၉၈၈ ခုနှစ် လေးလုံးအရေးတော်ပုံခရီးတွင် ဗိုလ်မှူးချုပ် အောင်ရွှေ(ငြိမ်း) ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး (ငြိမ်း) တို့နှင့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့တွင် နိုင်ငံ့အရေးကိစ္စများကို စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်ခဲ့သည်။ ၂၇..၁၉၈၈ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် အား အမာခံပြု၍ဖွဲ့စည်းသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (N.L.D) တွင် အချိန်ပြည့် ပါဝင်ထမ်းဆောင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် လုံခြုံရေး၊စီမံခန့်ခွဲရေးတာဝန်များကို အထူးပါဝင် ဆောင်ရွက်ခဲ့ပြီး အခက်ခဲမျိုးစုံဖြေရှင်းခဲ့ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း နိုင်ငံရေး ယုံကြည်ချက်ဖြင့် ()ကြိမ်ထိန်းသိမ်းခံခဲ့ရသည်။
ဦးဝင်းထိန်၏ လက်ရှိနေထိုင်သော လိပ်စာမှာ ဘိုကုန်း မင်းကြီးလမ်း အင်းစိန်မြို့နယ် ရန်ကုန်တိုင်းဖြစ်ပါသည်။

NLD ဗဟိုအနေဖြင့် မိတ္ထီလာမြို့ နယ်ကိုယ်စားလှယ်အတွက် ဒေါ်မြင့်မြင့်အေးအား ရွေးချယ်မှုမပြုလုပ် ခြင်းမှာ မိတ္ထီလာမြို့နယ် ဥက္ကဌဒေါက်တာသိန်းလွင် အနေဖြင့် ဒေါ်မြင့်မြင့်အေးအား ပုဂ္ဂိုလ်ရေးအရ အထင်မြင်လွဲမှားမှုများစွာ ဖြစ်ပေါ်စေသော နောက်ခံသမိုင်းကြောင်းများစွာလည်းရှိပါသည်။ထိုအကြောင်းအရာ အပြည့်အစုံကို ပါတီဗဟိုဝင် လူအများစုက မသိရှိပဲ ပါတီဗဟိုနားထဲသို့တိုက်ရိုက်ရောက်ရှိလာသော စကားများကို နားယောင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဖြစ်ပေါ်လာသောအခါ မိတ္ထီလာအကျိုးစီးပွားကို ဖော်ဆောင်နေသော မိတ္ထီလာလူထုမျှော်လင့်ထားသလို မိတ္ထီလာမြို့နယ် ကိုယ်စားလှယ်အတွက် ဒေါ်မြင့်မြင့်အေးအား မရွေးချယ်ပဲ ပါတီဗဟိုမှ အာဏာရှင် ဦးနေ၀င်းလက်ထက် ဦးနေ၀င်း၏ ကိုယ်ရံတော် တပ်ရင်းမှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို မိတ္ထီလာမြို့ အတွက်ရွေးချယ်ချထားပေးခဲ့ပါသည်။ ထို့ကြောင့်ဒေါ်မြင့်မြင့်အေးအားထောက်ခံ သော ပါတီတွင်းမှ အဖွဲ့ဝင်များနှင့် ပြည်သူလူထုမှ လူထုလက်မှတ်ပေါင်း ၄၀၀၀ (လေးထောင်)ကျော်ဖြင့် လက်မှတ်ရေးထိုးကာ မိတ္ထီလာမြို့နယ်အတွက် ဒေါ်မြင့်မြင့်အေးအား ချထားပေးပါရန် ၀ိုင်းဝန်းတောင်းဆိုကြသော်လည်း ပါတီဗဟိုမှ လူထုဆန္ဒကို မျက်ကွယ်ပြုနေခဲ့ပါသည်။ပုဂ္ဂိုလ်ရေး မုန်းတီးမှု ကြောင့် နိုင်ငံရေးတွင် လာရောက်၍ ပြင်းထန်စွာ တိုက်ခိုက်နေပါသည်။ ထို့ကြောင့် ဒီမိုကရေစီ ဘက်တော်သားအချင်းချင်း စိတ်ဝမ်းကွဲစေသောအပြုမူမျိုးကို ဖန်တီးပြုလုပ်ခြင်းသည် အာဏာရနေသော အာဏာရှင်ပါတီအဖွဲ့အစည်းအလိုကျ ဖြစ်နေပါသည်။ထိုမျှမကသေးပဲ ဒေါက်တာသိန်းလွင်သည် ဒေါ်မြင့်မြင့်အေးအား လူထုထောက်ခံမှုမြောက်များစွာရရှိနေသဖြင့် အပြုတ်ဖြုတ်ရေးလမ်းစဉ်အတိုင်း မိတ္ထီလာမြို့နယ်တရားရုံးတွင် ၂၈..၂၀၁၂ ရက်စွဲဖြင့် ဒေါ်မြင့်မြင့်အေးအား တရားစွဲဆိုနိုင်ရန်အတွက် တိုင်ကြားလွှာကို စတင်လက်ခံကြားနာခဲ့ပါသည်။ တရားရုံးမှ တိုင်ကြားလွှာကို ကြားနာပြီးသည့်နောက် ဒေါက်တာသိန်းလွင်မှ တိုင်လျှောက်ထားသော တိုင်လျှောက်လွှာအား မြို့နယ်တရားရုံးမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၂၀၃ အရ ပြစ်မှုမမြောက်သဖြင့် ပလပ်(ပယ်ချ) လိုက်ကြောင်း (..၂၀၁၂)ရက်နေ့စွဲဖြင့် တရားရုံးမှ ပလပ်(ပယ်ချ)လိုက်ပါသည်။ထို့ကြောင့် ဒေါက်တာသိန်းလွင်အနေဖြင့် ထပ်မံ၍ (၁၃..၂၀၁၂) နေ့က နိုင်ငံတော်ပါ () ( ၁။နိုင်ငံတော် ၂။ ဒေါ်မြင့်မြင့်အေး ၃။ဦးသိန်းအောင် ) ဖြင့် မိတ္ထီလာခရိုင် တရားရုံးသို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုအမှတ် /၂၀၁၂ ထပ်မံတင်သွင်းခဲ့ပါသည်။၎င်းနေ့တွင်ပင် လျှောက်ထားသူ၏ ရှေ့နေနှင့် လျှောက်လဲချက်ကို ကြားနာပြီးနောက် မိတ္ထီလာခရိုင် တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်အမာမှ ၂၀၁၂ ခုနှစ် ပြစ်မှုဆိုင်ရာ မူလမှုအမှတ် ၁၁၃၅ အမှုအားပြင်ဆင်ရန် အကြောင်း မပေါ်ပေါက်သဖြင့် ပြင်ဆင်မှုကို အကျဉ်းနည်းဖြင့် ပလပ် (ပယ်ချ)ခဲ့သည်။ဒေါက်တာသိန်းလွင်အနေဖြင့် ဒေါ်မြင့်မြင့်အေးအား တရားစွဲဆိုနိုင်ခြင်း မပြုလုပ်နိုင်သည့်အခါ ဒေါ်မြင့်မြင့်အေးအား အားပေးထောက်ခံသော ကျေးရွာများတွင် ဒေါ်မြင့်မြင့်အေးသည် တရားစွဲဆိုခံရပြီးရွေးကောက်ပွဲဝင်မပြိုင်နိုင်တော့ဟု မဟုတ်မမှန်လုပ်ကြံ ဇာတ်လမ်း များဖြင့် ၀ါဒဖြန့်ပြောဆိုခဲ့ကြပါသည်။    နောက်ဆက်တွဲ ဖော်ပြပါ စာရွက်စာတမ်းများသည် ဒေါက်တာသိန်းလွင်အနေဖြင့် ၎င်းကိစ္စကို ဒေါ်မြင့်မြင့်အေးမှ ပြုလုပ်ပေးသည်ဟု အထင်မြင်မှားကာ ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုအား နိုင်ငံရေးအရပြန်လည် အသုံးပြု ခြင်းဖြစ်ပါသည်။ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုကို နိုင်ငံရေးအရ လုပ်ကြံဇာတ်လမ်းများဖြင့် ဒေါ်မြင့်မြင့်အေးအား တရားစွဲဆိုနိုင်ရေးအတွက် တရားရုံးများတွင် လျှောက်ထားခဲ့သော်လည်း ပြစ်မှုမမြောက်သောကြောင့် တရားရုံးမှ တရားလိုဒေါက်တာသိန်းလွင်၏ လျှောက်ထားဆွဲဆိုချက်များကို လက်ခံခြင်း မပြုပဲ ပလပ်ခဲ့သည်။

အောက်ပါစာသည် ဒေါ်မြင့်မြင့်အေး မှကူညီပေးသည်ဟုဆိုကာ ဒေါက်တာသိန်းလွင်အနေဖြင့် အမြင်မှားကာ ဒေါ်မြင့်မြင့်အေးအား ပုဂ္ဂိုလ်ရေးအရ မုန်းတီးခဲ့ခြင်းဖြစ်လေသည်။
aaa.jpg
aaa1.jpg
aaa3.jpg


ီဒေါက်တာသိန်းလွင်အနေဖြင့် ပြန်လည်ဖြေရှင်းထားသောစာ

Dr TA.jpg


ဒေါက်တာသိန်းလွင်မှတရားလိုပြုလုပ်ပြီးဆွဲဆိုသော တိုင်ကြားလွှာအတွက်ပြန်လည်ထွက်ဆိုခြင်း

tayar.jpg






မိတ္ထီလာနိုင်ငံရေးအကျဉ်းသားဟောင်းလူငယ်များမှ ဦးဝင်းထိန်အား ကန့်ကွက်လွှာ

ဒေါ်မြင့်မြင့်အေးအား မိတ္ထီလာကိုယ်စားလှယ်အတွက်ရွေးချယ်ပေးပါရန် တောင်းဆိုသော လူထုလက်မှတ် ၄၀၀၀ ကျော်ထဲမှစာများSL383396.JPG
G:\img081.jpg









ဦးဝင်းထိန်၏ မဲဆွယ်ဗီနိုင်း

C:\Documents and Settings\USER\Desktop\IMG_20120328_173917.jpg

ဦးဝင်းထိန်အနေဖြင့် အာဏာရှင် ဦးနေ၀င်း၏ လောင်းရိပ်အောက်မှ ရုန်းထွက်ခဲ့ပြီး ဒီမိုကရေစီလှုပ်ရှားမှုများ တွင်ပါဝင်ခဲ့သည့်အစဉ်အလာကောင်းကို ထိန်းသိမ်းပြီး ယနေ့လို မပြီးဆုံးသေးသည့် ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင်အင်အားစုအချင်းချင်း စုစည်းညီညွတ်ရေးကိုရှေးရှုရန်အထူးလိုအပ်လှပါသည်။ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကိုလက်ခံပြီး ပါတီကြီးဝါဒကို မကျင့်သုံးပဲ ကျယ်ပြန့်သောဒီမိုကရေစီ မိတ်ဖက်ကျင့်စဉ်သည် ဒီမိုကရေစီကျင့်ဝတ် ဖြစ်သည်။ လွှတ်တော်တွင်းလွှတ်တော်ပ ဟန်ချက်ညီဆောင်ရွက်ရန်အရေးကြီးသလို ဒီမိုကရေစီအင်အားစုများနှင့် ခေတ်စနစ်ဟောင်းကို ဖက်တွယ်ထားသူတို့နှင့် ဘက်နှစ်ဘက် တိုက်ပွဲနှစ်ရပ်ကို လုပ်ဟန်သတိဖြင့်တည်ဆောက်နိုင်ကြပါစေ။

ဒီမိုကရေစီအင်အားစုများညီညွှတ်ကြ…………………