နေရာအနှံ့  မအူပင်ပါမကျန် ကြံဖွတ် တို့  ကောက်ကြစ်မှု - - -

မအူပင် ကော်မရှင် မဲစရင်း ကို လုပ်ချင်သလို လုပ်နေခြင်းနှင့် မအူပင်အောင်နိုင်ရေးဖျော်ဖြေပွဲ 

ဧရာဝတီတိုင်း မအူပင်မြို့နယ်၊ မလက်တိုကျေးရွာတွင် မဲစာရင်းတွင်မပါဝင်ခဲ့သော လူပေါင်း ၁၄၀
 ကျော်အား ထပ်တိုး၍မရတော့ဟုပြောပြီး ၄င်းရွာအနီး ငါးကန်တူးရန်အခြားဒေသမှ
လာရောက်ကြသူ (၄၁) ဦးကို စာရင်းထဲတွင် ထပ်ထည့်ကြောင်း မလက်တိုရွာ
သားများကပြောပါတယ်။

အဆိုကကိစ္စနဲ့ ဖြေရှင်းဖို့  (၈၈) ကျောင်းသားခေါင်းဆောင် ကိုဇော်ယန်းနှင့် အဖွဲ့ ချုပ်
ပါတီဝင်များနဲ့  မြို့ခံလူတစ်ချို့  မလက်တိုရွာသို့ ယနေ့ည (၁၁း၄၅) ခန့်တွင် ဆိုင်ကယ်
များဖြင့် ထွက်ခွာသွားပါတယ်။

 မအူပင်မြို့ပေါ် အမှတ် (၉) ရပ်ကွက်တွင်လည်း မှတ်ပုံတင်မရှိက မဲပေးခွင့်မရှိဟု
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်အောင်မှ ပြောသဖြင့် ထောက်ခံစာရေးပေးရန်
 ပြောဆိုရာ မပေးနိုင်ကြောင်းပြောပါတယ်။

ဒါကြောင့် ရပ်ကွက်လူထုမှ စုရုံးပြီး ရပ်ကွက်ရုံးသို့လာရောက်ပြောဆိုကြရာ လူပေါင်း (၁၀၀) ကျော်ခန့်ဖြစ်လာပြီး ကျောင်းသားခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှတာဝန်ရှိသူများ မှ ညှိနှိုင်းပေးသဖြင့် ထောက်ခံစာများထုတ်ပေးကြောင်း
 သိရှိရပါတယ်။

အလားတူ ထနီးကျေးရွာတွင်လည်း ငါးကန်နှင့် စပါးစိုက်သည့် ဒေါ်အုန်းကြည်မှ
 ကြံ့ခိုင်ရေးအဖွဲ့အတွက် ရွာသားများအား စည်းရုံးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့အား မဲမပေးနိုင်၊ မဲမပေးရဲဖြစ်အောင် နှောက်ယှက် ခြိမ်းခြောက်နေကြောင်းသိရှိရပါတယ်။

ဒေါ်အုန်းကြည်သည် အစိုးရအရာရှိများနှင့် ရင်းနှီးသူဖြစ်ပြီး  နေပြည်တော်မှ
 မြေကွက်လျှောက်ထားရယူထားကာ မြေဧကရာချီ၍ငှားရမ်းလုပ်ကိုင်ပေးနေသော
သူတစ်ဦးဖြစ်ကြောင်း မအူပင် အဖွဲ့ ချုပ်အောင်နိုင်ရေးအဖွဲ့ မှ သတင်းပေးပို့ ထားပါတယ်။


အဆိုတော် မီးမီးခဲ နှင့် ဒေသခံများ



မအူပင်အောင်နိုင်ရေးဖျော်ဖြေပွဲ
(၂၉-၃-၂၀၁၂) နေ့တွင် မအူပင်မြို့အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အောင်နိုင်ရေးအတွက်
အနုပညာရှင်များဖြစ်ကြသည့် မီးမီးခဲ၊ ရိန်မိုး၊ ၀ါဝါမေမောင်၊ ဘရိတ်ကီ၊
ပန်ဆုပြည့်ကျော်၊ တိုင်းလင်းအကအဖွဲ့ တို့က လာရောက်ဖျော်ဖြေကြရာ
မြို့ခံနှင့်အနီးကျေးရွာများမှ ကြည့်ရှုအားပေးကြပါတယ်။


(၈၈)ကျောင်းသားအဖွဲ့မှ ကိုဇော်ယန်း၊ မြို့ခံဖြစ်သည့်အဓိကပံ့ပိုးသူ တောင်ထိပ်ပန်းပွင့်  စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ချို၊  မြို့ခံဖြစ်သည့် ကိုခင်မောင်ရင် (NLD
အောင်နိုင်ရေးသီချင်းကိုယ်တိုင်
ရေးစပ် သီဆိုသူ) တို့မှ
ဖျော်ဖြေရေးကားဖြင့်လှည့်လည်ရာ
တွင် စည်းရုံးရေးစကားများ ပြောကြားခဲ့ရာ ဒေသခံများမှ ကြိုဆိုအားပေးခဲ့ကြပါတယ်။

Myanmar News Now ( သစ်ထူးလွင်မှ )