ပြည်သူ့ခေါင်းကို ပြည်သူ့လည်ပင်းကို အမိန့်အာဏာတွေနဲ့ တက်နင်းထားတဲ့ အပြုအမူမျိုးကိုတော့ လုံးဝ လက်မခံပါနဲ

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ သွားဖို့ ခြေလှမ်းပြင်နေဆဲမှာ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က မိဘပြည်သူများခင်ဗျာ ဆိုပြီးတော့ ပြည်သူလူထုကို လက်ကမ်းနေတဲ့အချိန်မှာ မြို့နယ်အဆင့် ဒေသဆိုင်ရာ အဆင့်လောက်ကနေပြီးတော့ ပြည်သူ့ခေါင်းကို ပြည်သူ့လည်ပင်းကို အမိန့်အာဏာတွေနဲ့ တက်နင်းထားတဲ့ အပြုအမူမျိုးကိုတော့ လုံးဝ လက်မခံပါနဲလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အမှတ် ၉ ရပ်ကွက် ကိုးနဝင်း ပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်တဲ့ မဇ္ဈိမအလင်း ပညာဒါန အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်လှစ်ပွဲ အခမ်းအနားတွင် တိုက်တွန်း ပြောကြားလိုက်ပါတယ်။

No comments: