Monday, 26 March 2012 22:43

“ သူတို့က ဘာလုပ်သလဲ ဆိုတော့ ဟောပြောပွဲ နေရာကို ဘာသာရေး အဆောက်အဦး ဓမ္မာရုံ တွေကို သုံးတယ်။ တအိမ် တယောက် မလာမနေရ ခေါ်တယ်။ အဲဒီလို မြို့နယ်၊ ခရိုင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဆင့်ဆင့်ကို သုံးပြီးတော့ အာဏာနဲ့ လူတွေ စုတာကိုက ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက် တာပဲလေ”ဟု ဦးဝင်းမြင့်က ပြောသည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲအောင်နိုင်ရေး ကိုယ်စားလှယ် တွေကို ပုံစံအမျိုးမျိုးနဲ့ ဆဲရေး တိုင်းထွာသလို ကွမ်းတံတွေး များနှင့်လည်း ထွေးသည့် ဖြစ်ရပ်များလည်း ရှိသည်ဟု ပြောသည်။ NLD စည်းရုံးရေးမှူး များကို ရိုက်နှက် မောင်းထုတ်ခြင်း၊ ထိုးကြိတ်ခြင်း၊ လူစုလူဝေးနှင့် လာပြီး လစ်ရင်လစ်သလို အဖွဲ့ချုပ် စည်းရုံးရေးမှူး များကို အနှောင့်အယှက် အမျိုးမျိုး ပေးနေခဲ့ကြောင်း ဦးဝင်းမြင့်က ပြောသည်။

အခြားတဖက် တွင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထောက်ခံသော လုပ်ငန်းရှင် စီးပွားရေး သမားများကို ကြံ့ခိုင်ရေး ပါတီကို အားမပေး မပူးပေါင်းပါက ကျန်သည့် ကြံ့ဖွံ့ အစိုးရ သက်တမ်း (၄)နှစ် အတွင်းတွင် ဒုက္ခပေးမည် ဆိုသည့် အကြောင်း ခြိမ်းခြောက် ခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

ပုသိမ်မြို့နယ်တွင် လစ်လပ်နေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဝင်းမြင့်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုမှ ဦးတင်ဝင်းနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဦးအောင်တင်မြင့်တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ (ရွှေဟသ`်ာမှယူပါတယ်)