Published on March 21, 2012 by နော်နိုရင်း
အစိုး ရရုံးစိုက်ရာ နေပြည်တော်ခရိုင် လယ်ဝေးမြို့နယ်အတွင်း  စီမံကိန်းနယ်မြေ ဖော်ဆောင်တုန်းက နေရာ ဖယ်ပေးဖို့ ငြင်းဆန်တဲ့  ရွာသားတချို့ စည်ပင်သာယာက တရားစွဲတာခံရပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်  ချမှတ်ခံရပါတယ်။
လယ်ဝေးမြို့ နယ် မီးသွေးဖိုကုန်း ကျေးရွာမှာ နေထိုင်တဲ့ ရွာသားတွေကို မနှစ်  အောက်တိုဘာလမှာ ဖယ်ခိုင်းခဲ့ပြီး မဖယ်ပေးသူတွေကို စည်ပင်သာယာက  ကျူးကျော်မှုနဲ့ စွဲဆိုခဲ့တာပါ။
ဒီလလယ်ပိုင်း မှာတော့ ရွာသား ၆ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးလ ချမှတ်ပြီး  နောက်ထပ် ၈ ဦးကိုလည်း ဆက်လက် တရားစွဲဆိုထားတယ်လို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် တရားလွှတ်တော်ရှေ့နေ  ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။
“၁၄ ရက်နေ့က  ၄ ယောက်ချတယ်။ ၁၆ ရက်နေ့က ၂ ယောက်ချတယ်။ အခု နောက်ထပ် ၈  ယောက်ကတော့ ဆက်လက်တရားစွဲဆို ခံထားရတယ်။ ထောင်ဒဏ်ချမှတ် ခံထားရတဲ့ ၆  ယောက်ထဲမှာ ကိုအောင်မြင့်စိန်၊ ကိုငြိမ်းဦး၊ ဒေါ်အေးမူ၊  ဦးသောင်းဝေ၊ ခင်မိုးမိုး၊ တင်မာအေး။ ဒေါ်အေးမူဆိုရင် ယောက်ျားက  မရှိဘူး။ ကလေးနှစ်ယောက် ကျန်ခဲ့တယ်။ မအေက သုံးလကျသွားတော့  သူ့ကလေး ၂ ယောက်ကို ဘေးအိမ်က ကျွေးမွေးထားရတယ်။ ၁၁ နှစ်နဲ့ ၈  နှစ်အရွယ် မောင်နှမ ၂ ယောက်။ ဘေးအိမ်ဆိုတာကလည်း အိမ်မဟုတ်ဘူး။  အဲဒီလို ထောင်ကျသွားပြီး အိမ်တွေပါ ဖျက်ခိုင်းတဲ့အခါကျတော့  လမ်းဘေးက သစ်ပင်တွေမှာ တဲထိုးပြီး နေရတယ်။ အဲဒီနေရာမှာ  အချင်းချင်း ပြန်ပြီး စောင့်ရှောက်ထားရတာပေါ့။”
နေပြည်တော်  စည်ပင်သာယာက စီမံကိန်းနယ်မြေနဲ့ မလွတ်ကင်းလို့ ဆိုပြီး  ဖယ်ခိုင်းတဲ့ မီးသွေးဖို ကုန်းကျေးရွာဟာ အိမ်ခြေ ၁၅၀ ခန့်  ရှိပါတယ်။ သက်ဆိုင်ရာက ဖယ်ပေးသူတွေကို ပြောင်းရွှေ့စရိတ် ၂ သိန်းနဲ့  မြေနေရာအစား ပေးပါတယ်။ ဒါပေမယ့် ရှိတဲ့ အိမ်ခြေတွေအနက်  သုံးပုံတပုံခန့်သာ မြေနေရာရပြီး ကျန်သုံးပုံနှစ်ပုံက မြေနေရာအစား  ပြန်မရလို့ မဖယ်ပေးဘဲ တင်းခံကြတာပါ။ ဒါပေမယ့် မဖယ်ပေးရင်  ဖမ်းဆီးမ ယ်လို့ ပြောတဲ့အတွက် အများစု ထွက်ပြေးကုန်ပြီး  ကျန်ရှိတဲ့ အိမ်ခြေ ၂၀ ကျော်ကို နေပြည်တော် စည်ပင်သာယာက ဖေဖော်ဝါရီ  ၁၀ ရက်မှာ တရားစွဲဆိုခဲ့တာပါ။
ရွာသားတွေ ရင်ဆိုင်နေရတဲ့ ဒီအမှုတွေအတွက် တဆင့်ပြီးတဆင့် အယူခံ တက်သွားမှာပါလို့ ဒေါ်စန်းစန်းမြင့်က ဆိုပါတယ်။
“အယူခံတက် နေတဲ့ ကာလမှာပဲ ၃ လပဲ ချတာ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ကနေတော့  လွတ်သွားနိုင် တယ်။ အယူခံတက်တဲ့ကာလက ကြာဦးမှာကိုး။ ဒါပေမယ့် ဒီအမှုက  လွတ်မြောက်သွားပေမယ့် အမှုအမှန်ကို ရှင်းရှင်းလင်းလင်း  ဖြစ်သွားစေချင်တယ်။ နောက်တခုက ဒီလို ပြဿနာတွေကို သက်ဆိုင်ရာ  လူကြီးတွေကို သိစေချင်တယ်။ ဒါတွေ ဆက်ပြီးမလုပ်ဖို့လည်း ကျမတို့က  တားချင်တယ်။”
ရွာသားတွေဘက်က လယ်ဝေးမြို့ခံ ရှေ့နေ ဦးခင်မောင်ကြီးက လိုက်လံ ကူညီပေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ (DVB)
No comments:
Post a Comment