ရှေ့လတွင် ကမ္ဘာကြီး မပျက်နိုင်သေးဟု မာယာကျွမ်းကျင်သူများကဆို

သတင်း - နိုင်ငံတကာရေးရာ

မက္ကဆီကိုစီးတီး- ကမ္ဘာ့နောက်ဆုံးနေ့ ရောက်လိမ့်မည်ဟု ပြောဆိုသူတွေ စိတ်ချလက်ချ နေနိုင်ပါပြီ။ မာယာလူမျိုး များသည် အမှန်တကယ်မှာ သူတို့၏ ပြက္ခဒိန်၌ ကမ္ဘာကြီး ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် နိဂုံးချုပ်မည်ဟု မမှတ်သားခဲ့ပေ။ လာမည့်လ၌ ဤရက်ရောက်မည့် အရေးကို လေ့လာကြည့်ရှုရန် ကမ္ဘာလှည့် ခရီးသည်များ မက္ကဆီကိုနိုင်ငံ၏ မာယာ ရေးဗီးယားနှင့် ဂွာတီမာလာအပန်း ဖြေစခန်းများရှိ ဟိုတယ်တည်း ခိုခန်း များငှားရမ်းနေသည့်အချိန်၌ ကျွမ်းကျင် သူများသည် ကမ္ဘာကြီး၏ နောက်ဆုံးနေ့ ဟူသည့် ယုံမှတ်ခြင်းကို မမှန်ကြောင်း ဖွင့်ချရန် အလုပ်များနေကြသည်။
စာရေးသူများနှင့် ရုပ်ရှင်ရိုက်သူများ ကို စိတ်ကူးစိတ်သန်း ထက်မြက်စေခဲ့ သည့် ကမ္ဘာပျက် မည့် ဟောကိန်းသည် မက္ကဆီကို အရှေ့တောင်ပိုင်း၌ ၆၆၉ ခုနှစ်ခန့် မာယာလူမျိုးများ ထွင်း ခဲ့သည့် အင်္ဂလိပ်အက္ခရာ 'တီ' (T) ပုံသဏ္ဌာန် ရှိသည့် ကျောက်တုံးပြက္ခဒိန်မှာ လုံးဝ မပါခဲ့ ကြောင်း သိရသည်။ ကျွမ်းကျင်သူ များ၏အဆိုအရ ကျောက်တုံးကြီး အပေါ်၌ ရေးသားချက် များသည် ထိုခေတ်အချိန်အခါက အုပ်ချုပ်သူ တစ်ဦး၏ဘ၀နှင့် စစ်ပွဲများအကြောင်း များ သာဖြစ်သည်ဟုဆိုသည်။
နောက်တစ်ချက်မှာ ပြက္ခဒိန်၌ နောက်ဆုံးနေ့စွဲ မှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် မဟုတ်ဘဲ၊ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်ဖြစ်ပြီး လည်ပတ်မှုတစ်ခု၏ အဆုံး သတ်ခြင်း တစ်ခုသာလျှင်ဖြစ်သည်။ အချိန်၏ လည်ပတ်မှုအတွေးကို မာယာလူမျိုးများ၌မရှိကြောင်း၊ ကမ္ဘာ ကြီးပျက်သုဉ်းမည့် အရေး၌လည်း စိတ် စွဲလမ်းမှုမရှိကြောင်း မက္ကဆီကိုလူမျိုး ရှေးဟောင်းသုတေသနပညာရှင် ဟိုဆေး ရိုမီရိုက အေအက်ဖ်ပီသတင်းဌာန အားပြောခဲ့သည်။
မော်ကွန်းတိုင်အမှတ် (၆) ဟု အမည် ပေးထားသည့် ကျောက်တုံးသည် ၁၉၁၅ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည့် EL Tortuguero ရှေးဟောင်းသုတေသန နေရာ၌ တည်ရှိသည်။ အပိုင်းခြောက်ပိုင်းချိုးထားပြီး ကွဲပြား သည့် အစိတ်အပိုင်းများကို အမေရိကန် နှင့် မက္ကဆီကို နိုင်ငံရှိ ပြတိုက်များ၌ ပြသထားရာ Tabasco's Carlos Pellicer Camara Anthropology Museum နှင့် New York's Metropolitan Museum တို့လည်း ပါဝင်သည်။
ဤကျောက်တုံးအပေါ် ပထမအကြိမ် လေ့လာသုံးသပ်မှုကို ဂျာမန်သုတေသန ပညာရှင်တစ်ဦး က ၁၉၇၈ ခုနှစ်၌ ပုံနှိပ် ထုတ်ဝေခဲ့သည်။ နောက်ပိုင်း၌ ရှေးဟောင်းသုတေသနပညာရှင် အချို့ သည် ဤကျောက်တုံး၏အရေးပါမှုကို စစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၂၃ ရက် နေ့စွဲကို ဆိုလိုကြောင်း အားလုံးက သဘောတူခဲ့ကြ သည်။ ဤပြက္ခဒိန်သည် ကမ္ဘာကြီးနောက်ဆုံးရက်ကို ဖော်ပြသည့် ယုံကြည်မှုမှာ Judeo-Christian တို့၏ အဓိပ္ပာယ် ကောက်ယူချက်ဖြစ်ကြောင်း ကျွမ်းကျင် သူများက ပြောကြသည်။
မော်ကွန်းတိုင်အမှတ် (၆) အား အလေးသိပ်မထားရန် သမိုင်းပညာရှင် အဲရစ်ဗီလာကွက်ဇ်က ပြောသည်။ မာယာ သည် ယဉ်ကျေးမှုမှ လေ့လာခဲ့ပြီးသည့် ကျောက်တုံးအရေအတွက် ၅,၀၀၀ ကျော်ရှိ သည့်အနက် မော်ကွန်းတိုင် အမှတ် (၆) သည် တစ်ခုသာဖြစ်ကြောင်း သူကပြောသည်။ ရှေးဟောင်း မာယာလူမျိုးတို့၏ အမြင်ကိုပြောရလျှင် ကမ္ဘာကြီးသည် နောင်နှစ်ပေါင်းအနည်း ငယ် ကျန်ရှိ သေးသည်။ အချို့ကျောက်တုံးများက ၇၀၀၀ ပြည့်နှစ်မှ ကမ္ဘာပျက်မည်ဟု ဖော်ပြထားသောကြောင့် ဖြစ်သည်။
Ref: Myanmar Times

No comments: