အိုင်းစတိုင်း သီအိုရီ ပြင်ရတော့မလို လို - - -

အိုင်းစတိုင်း သီအိုရီ ပြင်ဖို့ လိုနေပြီလား (BBC)

ဂျီနီဗာမြို့က CERN စမ်းသပ်ခန်း

အက်တမ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အမှုန် လေးတွေရဲ့ရွေ့လျားမှု ဟာ အလင်းရောင်ထက် ပိုပြီး မြန်တာကို တိုင်းထွာ တွေ့ရှိရတယ်လို့ ဂျီနီဗာ မြို့မှာရှိတဲ့ CERN စမ်းသပ်ခန်းက သိပ္ပံပညာရှင် တွေကပြောပါတယ်။
ဒါဟာ ရူပဗေဒ အခြေခံ နိယာမ တခုနဲ့ လုံးဝ ဆန့်ကျင် နေပါတယ်။
ဂျီနီဗာမြို့ သိပ္ပံ စမ်းသပ်ခန်း ကနေ နောက်ထပ် ကီလိုမီတာ ၇ဝဝ ကွာဝေးတဲ့ စမ်းသပ်ခန်းတခုဆီကို neutriono လို့ခေါ်တဲ့ ၊ အက်တမ်ထဲက လျှပ်စစ်ဓါတ် မရှိတဲ့ အမှုန်ငယ်လေး တွေကို ပစ်လွှတ်ပြီး တိုင်းထွာ ကြည့်တဲ့ အခါမှာ ခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီရလာဒ်နဲ့ ပတ်သက်ပြီး သူတို့လည်း ရှင်းမပြတတ်အောင် ဖြစ်ရတယ်လို့ သုတေသီတွေက ဝန်ခံခဲ့ပြီး တခြားသုတေသီ တွေကိုလည်း ဒီစမ်းသပ်မှုရဲ့ ရလာဒ်ဟာ မှန်ကန်ခြင်း ရှိမရှိ သီးခြား စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းနေပါတယ်။
တကယ်လို့သာ သူတို့တွေ့ရှိချက် မှန်တယ်လို့ အတည်ပြုနိုင်ရင် ရူပဗေဒလောကမှာ နှစ် ၁၀၀ လောက် လွှမ်းမိုးထားတဲ့ သီအိုရီတခု ကပြောင်းကပြန်တွေ ဖြစ်ကုန်တော့မှာပါ။
ရှုပဗေဒ ပညာရှင် Albert Einstein
အဲလ်ဘတ် အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီက တစက္ကန့်ကို မိုင် ၁၈၆၀၀၀ နှုန်းနဲ့သွားတဲ့ အလင်းရောင်ရဲ့ အမြန်နှုန်း ထက်ပို မြန်တာ လောကမှာမရှိဘူးလို့ ဆိုထားတာကြောင့် အခုချိန်အထိ လုပ်လာခဲ့ သမျှ စမ်းသပ်မှုတွေ မှန်သမျှမှာလည်း အဲဒီသီအိုရီကို ဆန့်ကျင်တာ တခါမှ မတွေ့ခဲ့ဘူး သေးပါဘူး။
အခု စမ်းသပ်မှုမှာတော့ neutriono အမှုန်လေးတွေဟာ စ ပစ်လွှတ်လိုက်ပြီးတဲ့နောက် အလင်း ရောင်ထက် တစက္ကန့်ရဲ့တကယ့် အပုံ သေးသေးလေး စောပြီး တဖက်ကို ရောက်လာပါတယ်။ ဒါကို အကြိမ် တသောင်း ခွဲလောက် စမ်းကြည့် တော့လဲ အတူတူဘဲ တွေ့ရတယ်လို့ ဆိုပါတယ်။
သုတေသီတွေ ကိုယ်တိုင်လည်း ဒါဟာ တကယ်ဘဲလား ဆိုတာ ဝေခွဲမရတာကြောင့် သူတို့ ဘယ်နေရာမှာ မှားနေလဲ ဆိုတာ ထောက်ပြ နိုင်ဖို့ အများ သိအောင်ထုတ်ပြောခဲ့တာလို့ သိရပါတယ်။
သူတို့သာ မမှားဘူး ဆိုရင်တော့ ရူပဗေဒ ဥပဒေတွေ ပြောင်းကုန်တော့မှာ ဖြစ်ကြောင်း ဘီဘီစီ သတင်းလွှာ တပုဒ်မှာ ရေးသားထားပါတယ်။

No comments: