ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တရုတ်နဂါး- ဝါးမြိုနေခြင်းရဲ့ရန်ကို စုပေါင်းကာကွယ်ကြပါစို့

[By Ko Baloi]

ကနေ့- မယုံကြည်နိုင်လောက်တဲ့ လတ်လတ်ဆပ်ဆပ် သတင်းထူးတခု ကြားသိလိုက်ရတော့ ဝမ်းသာပက်လက်ဖြစ်ခဲ့ရပါတယ်၊ဒီသတင်းကတော့ လွှတ်တော်အစည်းဝေးကို သမ္မတကြီး- ဦးသိန်းစိန်ပေးပို့ခဲ့တဲ့ သဝဏ်လွှာပါပဲ။ဒီသဝဏ်လွှာဟာဘာကိုမီးမောင်းထိုးပြသလိုက်သလဲဆိုရင်...ပြည်သူ့ဆန္ဒကိုအလေးထားတယ်ဆိုတာကို လက်တွေ့မီးမောင်းထိုးပြီးပြသလိုက်တဲ့ လုပ်ရပ်တွေထဲက အကောင်းဆုံးလုပ်ရပ်တခုကို ပြသလိုက်တာပါပဲ။
ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကိုဦးတည်ရွေ့လျှားနေတဲ့အတွက် ထောက်ခံကြိုဆိုမှုတော့ပြုရပါလိမ့်မယ်၊ လွှတ်တော်မှာမဲခွဲစရာမလိုတော့ပဲဧရာဝတီကိစ္စရပ်ဆိုင်းသွားပါပြီး၊ဒီမိုကရေစီကျင့်စဉ်ကိုယုံကြည်တဲ့အစိုးရဟာပြည်သူ့အသံတွေကိုအမြဲတစေနားစွင့်နေရပါလိမ့်မယ်၊ပြည်သူ့ဆန္ဒတွေကိုစေတနာမှန်မှန်နဲ့အကောင်ထည်ဖော်လုပ်ဆောင်သွားလျှင်...ဒီစေတနာတွေရဲ့အကျိုးကျေးဇူးကို အစိုးရတစ်ရပ်က မုချမတွေခံစားရမှာဖြစ်ပါတယ်။  ပြည်သူအားကိုးအားထားလောက်တဲ့ အစိုးရတွေမှာဂုဏ်အဂါင်္ရပ်တွေရှိပါတယ်၊ ဒီ- ဂုဏ်အဂါင်္ရပ်တွေနဲ့အညီ  တိုင်းပြည်ကိုအုပ်ချုပ်သွားနိုင်ဖို့အရေးကြီးပါတယ်။
ဧရာဝတီကိစ္စကြီးပြီးသွားလို့    ကျနော်တို့တတွေ ဝမ်းသာနေလို့မပြီးသေးပါဘူး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ပြည်တွင်းစစ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊     စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ ပြန်လည်ပြင်ဆင်ရေးသားဖို့အတွက်  ပူးပေါင်းဆောင်ရွက်မှုတွေကို အားသွန်ခွန်စိုက်ကြိုးပမ်းလုပ်ဆောင်ရမယ့်အပြင်- တဖက်မှာလည်း မြန်မာနိုင်ငံကို တရုတ်နဂါင်္းဝါးမြိုနေတဲ့ရန်က ကာကွယ်သွားဖို့ကိုလည်း အားသွန်ခွန်စိုက်ကြိုးပမ်းလုပ်ဆောင်သွားရမှာပါ။ အဲဒီလို ပူးပေါင်းဆောင်ရွက်လုပ်ကိုင်အကောင်အထည်ဖော်သွားတဲ့နေရာမှာ...ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေသူ
တွေဟာ တဖက်နဲ့တဖက်   အပေးအယူမျှမျှတတရှိဖို့     အထူးတလှယ်အရေးတကြီးလိုအပ်ပါတယ်၊   အတိမ်းအစောင်းမခံနိုင်တဲ့ယနေ့မြန်မာနိုင်ငံရေးဖြစ်စဉ်ကို အမြှော်-အမြင်ကြီးကြသည်ဆိုတဲ့ခေါင်းဆောင်တွေက ထိမ်းထိမ်း-သိမ်းသိမ်းနဲ့ လုပ်ဆောင်သွားနိုင်ဖို့အရေးကြီးပါတယ်။ဘယ်ဟာ-အဓိက ဘယ်ဟာ- သာမညဆိုတာ  ခွဲခြမ်းစိတ်ဖြာပြီ အလုပ်လုပ်ကိုင်သွားတတ်ဖို့ပဲလိုပါတယ်။
ဗိုလ်သန်းရွှေဦးဆောင်တဲ့ (နအဖ) ခေတ်ကဆို မြန်မာနိုင်ငံကို တရုတ်နဂါးကြီးခေါင်းပိုင်းကစပြီး ဝါးမြိုထားတာ မြန်မာပြည်ကြီးဟာ အမြီးလောက်ပဲ တစ်လစ်-တစ်လစ်နဲ့ကျန်ပါတော့တယ်၊ မြန်မာနိုင်ငံကို တရုတ်နဂါင်္းဝါးမြိုထားတဲ့ပါးစပ်ပေါက်ကနေ ကျနော်တို့တတွေရဲ့စုပေါင်းအားနဲ့ ပြန်လည်ဆွဲထုတ်ယူရပါလိမ့်မယ်။
ဒါကြောင့်...ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ကိုင်တဲ့နေရာမှာ သံသယစိတ်တွေဖျောက်ဖျက်ပစ်ပြီး၊ သဘောထားကြီးကြီးနဲ့ တာဝန်တွေကိုကျေကျေပြွန်ပြွန် ထမ်းရွက်ဆောင်သွားကြရင်း...နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် တရုတ်နဂါင်္း- ဝါးမြိုနေခြင်းရဲ့ရန်ကို ပူးပေါင်းဆောင်ရွက်သောနည်းလမ်းကောင်းများဖြင့် စုပေါင်းကာကွယ်ကြပါ....စို့။
(မှတ်ချက်) ၁- အာဏာရှင်အောက်မှ လူးလွန့်ရုန်းထလာသော နိုင်ငံတွေအထဲမှာ မြန်မာနိုင်ငံကို  ကမ္ဘာမှာ စံပြနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အမြန်ဆုံးလုပ်နိုင်တဲ့ နိုင်ငံအဖြစ် ကမ္ဘာ့သမိုင်းတွင် စံတင်ထားချင်သည်။
မှတ်ချက်) ၂- သမ္မတ- ဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို တရုတ်အစိုးရ ဖတ်လိုက်ရရင်.....ဝ-ကို ဒီကောင်-ဒီလိုလုပ်လို့ ဘယ်ရမလဲ...
ဆိုပြီး ဒေါခီးနေမှာအသေချာပဲ...။

No comments: