by politics on September 22, 2011
ါ နေမျိုးဦး၊ ၊ဧရာဝတီ မြစ်ကို ပိတ်ဆို့  ၍ တရုတ် နိုင်ငံ က တည်ဆောက် မည့် မြစ်ဆုံ
ဆည် အတွက် ကန့် ကွက် ပွဲ တစ်ခု ကို စက်တင်ဘာလ ၂၆ ရက် တနင်္လာ နေ့ တွင် မြန်မာ
နိုင်ငံ ရန်ကုန် မြို့  နှင့် မန္တလေး မြို့ တို့  တွင် ကျင်း ပ ရန် စီစဉ် ထား သည် ဟု FNG မှ သတင်း
ရရှိ သည်။ စက်တင်ဘာ လ ၂၆ ရက်နေ့ တွင် ရန်ကုန် မြို့  တရုတ် သံ ရုံး ရှေ့  နှင့် မန္တလေး မြို့  တရုတ်
ကောင်စစ်ဝန် ရုံး ရှေ့ တို့  တွင် ကျင်း ပ ရန် စီစဉ် ထား သည် ဟု ဧရာဝတီ မြစ်ဆုံ ရေကာတာ
တည်ဆောက် မှု ဆန့် ကျင် ရေး လူငယ် အစည်း အရုံး မှ ပြော ခွင့် ရ သူ ကိုအောင်မြင့်ဦး က
ပြောသည်။
ရေကာတာ တည်ဆောက်မှု ဆန့် ကျင် ကန့် ကွက် ပွဲ တစ် ခု ကို စက်တင်ဘာလ ၁၉ ရက်နေ့ 
က ရန်ကုန် မြို့  ဒဂုံ မြို့  နယ် ရှိ တရုတ် သံရုံး ရှေ့ တွင် လည်း ကျင်း ပရန် စီစဉ် ခဲ့ ပြီးနောက်
တစ်ရက် အကြာ တွင် ထိုသံရုံး ရှေ့  ဉ် တစ်ကိုယ် တော်ဆန္ဒပြမှု တစ်ခု ဖြစ်ပွား ခဲ့ သည်။
ဧရာဝတီ မြစ်ဆုံ ဒေသတွင် တည် ဆောက် မည့်  စင်္ကာပူ နိုင်ငံ နီးပါး ခန့် ကျယ်ဝန်း သည့်
ဆည် ကြီး သည် တရုတ် နိုင်ငံ ၏ စွမ်းအင် လိုအပ် ချက် အတွက် တည် ဆောက် ခြင်း ဖြစ်
သည်။
ထိုဆည် တည်ဆောက် ပါက မြန်မာ နိုင်ငံ ၏ သဘာဝ ပတ်ဝန်းကျင် နှင့် ဂေဟ ဗေဒ စနစ်
များ ပျက်စီးကာ ဧရာဝတီ မြစ် ပါ တိမ် ကော ပ ပျောက် နိုင်သည် ဟု ပညာရှင် များ က သုံး
သပ် ထား ကြသည်။
ဆည်တည် ဆောက် သင့် ၊ မဆောက် သင့် ကို လွှတ်တော် ၏ ဆုံး ဖြတ်မှု ကို ခံယူ မည် ဟု
ဆိုကြ သော် လည်း ကြံ့ဖွတ် ပါတီ နှင့် စစ်တပ် ကြီး စိုး သည့် စစ်တပ် မှ ပြည်သူ ၏ ဆန္ဒ ကို
ကိုယ်စား ပြု သည့် ဆုံး ဖြတ် ချက် ထွက် ပေါ် မည် မဟုတ် ဆို သည့် ယူဆ ချက် များ ကြောင့်
ယခု ကဲ့ သို့  လူထု လှုပ်ရှား မှု များ ပေါ် ပေါက် လာရ ခြင်း ဖြစ် သည် ဟု ၂၀၀၇ မျိုး ဆက်
ကျောင်းသား များ အဖွဲ့  မှာ တာဝန် ရှိ သူ တစ်ဦး က ပြောသည်။
မြစ်ဆုံ ဆည် တည် ဆောက် မှု ကန့် ကွက် ရေး လှုံဆော် မှု သည် မည်သည့် နိုင်ငံရေး နှင့်
အစိုးရ ဆန့် ကျင် ရေး မှ ပါဝင် သည် မဟုတ် ပဲ နိုင်ငံ နှင့် လူမျိုး အကျိုး ၏ အနာဂတ် နှင့်
ပစ္စုပ္ပန် အတွက် လုပ်ဆောင် မှု တစ်ခု သာ ဖြစ်သည် အတွက် အား လုံး ပါဝင် ကြ ရန်တိုက်
တွန်းထား သည်။

No comments:
Post a Comment