ပထမအလင်းရောင်လား - ?

ဦးခင်အောင်မြင့် ကို ကိုချိုက သီးသန့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့

ပြည်ထောင်စု လွှတ်တော် နာယက နဲ့ အမျိုးသား လွှတ်တော် ဥက္ကဌ ဦး ခင်အောင်မြင့် က သူ့အဆို အရ "ဘီးလိမ့်နေပြီ" ဖြစ်တဲ့ ဒီမို ကရေစီ စတင် တည်ဆောက် နေတဲ့ အခု အချိန်မှာ ဒေါ်အောင်ဆန်း စုကြည် ပါဝင် လာမယ် ဆိုရင် လွှတ်တော်က ကြိုဆိုတယ်လို့ မြန်မာ နိုင်ငံမှာ ကိုယ်တိုင် သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက် ကိုချိုနဲ့ သီးသန့် တွေ့ဆုံ မေးမြန်း စဉ်မှာ ပြောကြား ခဲ့ပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အခြေခံဥပဒေ အရ သာဆောင်ရွက် ရမယ် လို့ သူကဆိုပါတယ်။
မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး လို့ သူက နောက်တကြိမ် အခိုင်အမာ ပြောကြား ခဲ့ပြီး ဒီလူတွေကို လွှတ်ပေးချင်တဲ့ သူရှိသလို မလွှတ်ပေး ချင်တဲ့ သူတွေလည်း ရှိကြတယ်၊ တကယ်တမ်း အများစုက ပြန်လွှတ်ပေးဖို့ လိုလားတယ် ဆိုတာကို ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်မှ သိနိုင်မယ်လို့ ဦးခင်အောင်မြင့် က ပြောပါတယ်။
လွှတ်တော် ကိုယ်စားလှယ် တွေဟာ အတွေ့အကြုံ မရှိကြ သေးတဲ့အတွက် သူတို့ရဲ့ စွမ်းဆောင်ရည် တွေကို မြှင့်တင်ဖို့ လုပ်ပေး နေတယ်လို့ လည်း ဦးခင်အောင်မြင့် က ပြောခဲ့ပါတယ်။

No comments: