သုံးတတ်ရင် ဆေးဖြစ်တယ်

by Ko Baloi on Wednesday, September 28, 2011 at 10:40am

လက်ရှိ- မြန်မာနိုင်ငံရေးဖြစ်စဉ်ကို အားမလိုအားမရဖြစ်နေတဲ့ လူတွေရှိကြပါတယ်..။
ယနေ့- မြန်မာ့နိုင်ငံရေးဟာ   ပြောင်းလဲမှုတခုဆီကို ရွှေ့လျှားဖို့    တာစူနေပြီးဆိုတာကို ငြင်းချက်ထုတ်ရင် အတောခက်ပါလိမ့်မယ်၊
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးသည့်နောက်ပိုင်း မြန်မာနိုင်ငံတွင် လူတို့၏ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရပြီး...ဗိုလ်သန်းရွှေဦးဆောင်
သည့်   (နအဖ) လက်ထက်ထိတိုင်    လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးစားခွင့်၊ လွတ်လပ်စွာစုရုံးခွင့်၊ လွတ်လပ်စွာ စီတန်း
လှည့်လည်ဆန္ဒထုတ်ဖော်ပြသပိုင်ခွင့် စသည့်အခွင့်အရေးများဆုံးရှုံးခဲ့ရသည်။ အာဏာရှင်အစိုးရတစ်ရပ်ဖြုတ်ချရေးအတွက် နှစ်ပေါင်း
များစွာ တော်လှန်တိုက်ပွဲဝင်ခဲ့သော်ငြားလည်း အောင်မြင်မှုမရရှိခဲ့သည့်အပြင်- တိုင်းပြည်သည်လည်း စေ့စေ့ညက်ကြေမွပျက်ဆီးကာ
နလံမထနိုင်တော့ပဲ လူရုပ်ပင်မပေါက်တော့ချေ။ လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း စစ်ရေးနဲ့ နိုင်ငံကိုပြုပြင်ပြောင်းလဲပစ်မယ်
ဆိုတဲ့ အရင်ကစိတ်မျိုး အလျှဉ်းမရှိတော့ချေ၊ နိုင်ငံရေးပြဿနာနည်းလမ်းတွေကို နိုင်ငံရေးနည်းအရ ဖြေရှင်းပေးဖို့သာ တောင်းဆို
နေကြသည်။  ထိုသို့ဆိုလျှင် Revolution မှသည် Evolution ဆီသို့ သွားမည့်   နိုင်ငံရေးကို ချီတက်ကြမည်လော..။ ထို- လမ်းစကို ယနေ့တွေ့မြင်နေရပြီးဖြစ်သည်။ ထို- လမ်းစကို  မိမိရရအသုံးချနိုင်ဘို့အရေးကြီးပါသည်၊ နိုင်ငံရေးလုပ်တယ်ဆိုတာရန်ဘက်အသွင်ကနေ-မိတ်ဘက်အသွင်ကို ကူးပြောင်းလာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။
လက်ရှိ- အစိုးရအပြောင်းအလဲမှာ ကြီးကြီးမားမားဖြစ်လာလိမ့်မယ်၊ ကြီးကြီးမားမားလုပ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားလို့မရပါဘူး၊ အသွင်ပြောင်းလာတဲ့အစိုးရဟာ ဘယ်ဥကပေါက်လာသလဲဆိုတာ သိဖို့ပထမအရေးကြီးပါတယ်၊ တကယ့်ဆိုးပါပေ့ စစ်အာဏာရှင်စနစ်ဆိုးအောက်က- ပုံစံခွက်ထဲကနေ  အသွင်ပြောင်းလာတဲ့အစိုးရကို   အလုံးစုံလုပ်ပေးဖို့   ယနေ့- ဒီအချိန်အခါမှာ တောင်းဆိုလို့မရသေးပါဘူး။ တချို့နေရာတွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုတွေရှိတာမှန်ပေမယ့် အဲဒါတွေပပျောက်ဖို့
အတွက် ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ရပါလိမ့်မယ်၊   ဒါ့အပြင်- နိုင်ငံရေးအကျဉ်းသားတွေကိုမလွှတ်ပေးသေးဘူး၊ နိုင်ငံရေးအကျဉ်း
သားတွေအကုန်လုံး ချွတ်ရွင်းချက်မရှိ- မလွှတ်ပေးမှီစပ်ကြား ကျမ္မာရေးချို့တဲ့နေတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းထောင်နဲ့မဟတ်
စပ်တဲ့ ဘုန်းဘုန်းတွေနဲ့  မယ်သီလရှင်များတွေကို လူမှု့ရေးရှူထောင့်ကသော်လည်းကောင်း၊    လူ့အခွင့်အရေးရှူထောင့်ကနေသော်
လည်းကောင်း-ကြည့်ပြီး    ကျိုးကြောင်းခိုင်လုံစွာတင်ပြရှင်းလင်းပြီး  လွှတ်ပေးဖို့အတွက်     ဖြစ်နိုင်ချေရှိတဲ့တောင်းဆိုမှုတွေအရင်ပြု
ရပါလိမ့်မယ်။
လယ်ယာမြေ မတရားသိမ်းဆီးမှုနဲ့ အဓမ္မစေခိုင်းမှု၊ ခလေးစစ်သားစုဆောင်းမှု တွေရှိနေသေးပါတယ်...အဲဒါတွေပပျောက်သွားဖို့အတွက်
လုပ်နိုင်ကိုင်နိုင်ရှိတဲ့ အဖွဲ့စည်း (သို့) ရှေ့နေတွေနဲ့တိုင်ပင်ပြီး ILO (သို့) တိုင်းတန်းသင့်သူတွေကို တိုင်တန်းပြီး RFA- BBc- VOA- DVB
စတဲ့မီဒီယာကနေတဆင့် အော်ကြက်တွေလုပ်ဖို့လည်း အရေးကြီးလိုအပ်ပါတယ်။ မီဒီယာကနေတဆင့် ခလေးစစ်သားတွေ ပြန်လွှတ်
ပေးတာတွေရှိခဲ့ဘူးပါတယ်၊ ဒါကြောင့် မီဒီယာကနေတဆင့် အော်ကြက်တွေလုပ်ရပါ့မယ်။
ယ္ခင်-  (နအဖ) လက်ထက်ကဆိုရင်....ရဟန်းသံဃာတော်တွေကို   သောက်ရေလှူဒါန်းတဲ့သူတွေကိုဖမ်းတယ်၊   အလောင်းမြေမြှပ်
သဂြိုလ်ပေးတဲ့သူတွေကိုထောင်ချတယ်၊ တကယ်အတိ- ဒုက္ခရောက်နေတဲ့ပြည်သူတွေကို အကူအညီမပေးတဲ့အပြင် အကူညီပေးသူ
တွေကို ဖမ်းဆီး၊ အကျဉ်းချ၊ ခြိမ်းခြောက်၊ ရိုက်နှက်မှုတွေပြုလုပ်တယ်၊  သံလက်သီးနဲ့ထိုးပြီး မျက်လုံးကန်းသွားတဲ့သူကို အပြစ်ပေးတယ်၊ မရှိဆင်းရဲသားတွေရဲ့ဘိုး- ဖွါးပိုင် လယ်ယာမြေတွေကိုမတရားသိမ်းပိုက်တယ်၊ မှတ်ချက်။ ။ ချမ်းသာသူတွေရဲ့ ဘိုး-ဖွါးပိုင်မြေယာတွေကို
သိမ်းတာတော့ မကြားမိသလောက်ပါပဲ။  အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ပြုလုပ်တယ်၊ အတင်းအဓမ္မစေခိုင်းပြီး၊အမျိုးသမီးတွေ
ကို အတင်းအဓမ္မပြုကျင့်တယ်၊   နိုင်ငံပိုင်သယံဇာတတွေကို  တိုင်းတပါးကိုရောင်းစားတယ်၊ ထိမ်းသိမ်း- ကာကွယ်စောင့်ရှောက်ရမယ့် သဘာဝရင်းမြစ်တွေကို ရောင်းစားဖျက်ဆီးပစ်ကြတယ်၊ အစရှိတဲ့ဆိုးရွားတဲ့လုပ်ရပ်တွေကို မင်းမဲ့စရိုက်ဆန်ဆန်အရင် (နအဖ) အဖွဲ့
အစည်းမှ ဗိုလ်သန်းရွှေ- ဦးဆောင်ပြီးပြုလုပ်ခဲ့တယ်ဆိုတာ အများပြည်သူအသိဖြစ်ပါတယ်။
ကျနော်တို့တတွေ (နအဖ)ရဲ့ လာရာနောက်ကြောင်းကို ပြန်ကြည့်လိုက်ရင်...ကျောချမ်းစရာတွေကြီးပါပဲ။ အခုဆိုရင်... အရင်က  လက်စွမ်းထက်ခဲ့တဲ့ အခကြေးမဲ့ ငမိုက်သား စွမ်းအားရှင်တွေဟာလည်း ကြက်ပျောက်-ဌက်ပျောက်မဟုတ်တောင်မှ သူတို့တတွေရဲ့
လက်စွမ်းပြတဲ့အသံတွေ တိတ်ဆိတ်ငြိမ်သက်နေပါတယ်။
အခုဆိုရင်....တချိန်အရင်က    မရရှိခဲ့တဲ့ အခြေခံအခွင့်အရေးတွေ   အထိုက်အလျှောက်ရရှိလာပြီးဖြစ်တယ်ဆိုတာကို ငြင်းချက်ထုတ်
လို့မရပါဘူး၊ ဘာအခြေခံအခွင့်အရေးတွေရရှိလာသလဲဆိုရင်....ဥပမာ ။  ။ လွှတ်တော် ဥက္ကဌ တွေရဲ့ ပွင့်ပွင့်လင်းလင်း စကားပြောဆို
သံတွေကြားလာရတယ်၊    သမ္မတ အကြံပေးတွေရဲ့ ပွင့်လင်းမြင်သာတဲ့ ဆိုစကားသံတွေ၊   လွှတ်တော်မှာ လွှတ်တော်အမတ်တွေရဲ့ တင်ပြဆွေးနွေးမှုတွေအားကောင်းလာတယ်၊ တွေ့ဆုံဆွေးနွေးမှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပေမယ့် ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ပြောင်းလဲမှုအစလို့ ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ပြောလာတယ်၊ ဧရာဝတီနဲ့ပတ်သက်ပြီး
သတင်းစာဆရာနဲ့   စာရေးဆရာတွေကို   ဟောပြောပွဲတွေလုပ်ခွင့်ရရှိလာတယ်၊ ဧရာဝတီနဲ့ပတ်သက်ပြီး ပန်းချီဆရာတွေရဲ့   ပန်းချီပြပွဲ
တွေကို ပြုလုပ်ခွင့်ရရှိလာတယ်၊    ပြည်တွင်းငြိမ်းချမ်းရေးကော်မီတီတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့တယ်၊    လွတ်လွတ်လပ်လပ်မဟုတ်တောင်
အမျိုးသားလူ့အခွင့်အရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခွင့်ရခဲ့တယ်၊နိုင်ငံတကာအသိုင်းဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှု ပိုမိုအားကောင်း လာတယ်၊
နိုင်ငံတကာ ဒီမိုကရေစီနေ့မှာ    VOA သတင်းထောက်နဲ့   အခြားမီဒီယာသတင်းဌါနတွေကို     သတင်းယူခွင့်တွေပေးလာတယ်၊
လွတ်လပ်စွာပြောဆိုခွင့်နဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ အနည်းငယ်ရရှိလာတယ် ကနေ့ဆိုလျှင် BBc သတင်းဌါနကို ဝန်ကြီးဦးစိုးသိန်းနဲ့
အင်တာဗျူးတွေ လုပ်ခွင့်ရလာတယ်  စတဲ့ အခြေခံအခွင့်အရေးတွေကို အရင်- ဗိုလ်နေဝင်း (မဆလ) ခေတ် ဗိုလ်သန်းရွှေ (နအဖ) လက်ထက်နဲ့စာရင်   အထိုက်အလျှောက်ရရှိလာတယ်လို့ ပြောလို့ရပါတယ်။ ဒီလိုရရှိနေတဲ့    အခွင့်အရေးတွေကို လောလောဆယ်- လက်တလော  ထိထိမိမိ  အသုံးပြုတတ်သွားရင် ဆေးဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

No comments: