ဒို ့မယံုဘူး (ဒီမွာကုတ္ပါ)

သာသနာ့ ဥသျှောင် အဖွဲ့ က တွေ့ဆုံဆွေးနွေးပွဲ ကို စောင့်ကြည်နေဆဲ လို့ ဆို

ထိန်းသိမ်းခံနေရတဲ့ သံဃာတော် အချို့ ပုံ များ (Source: AAPP)

ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးသိန်းစိန် တို့ တွေ့ဆုံမှု တွေရှိခဲ့ ပေမဲ့လည်း စစ်တပ် ခေါင်းဆောင် ပိုင်း တွေရဲ့ အရင်လုပ်ရပ် တွေ နဲ့ တွက်ချင့် ပြောရ ရင် ဒါဟာ တကယ့် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပြီ လို့ မပြောနိုင် သေးကြောင်း သာသနာ့ ဥသျှောင် အပြည်ပြည် ဆိုင်ရာ မြန်မာ ရဟန်း တော်များ အဖွဲ့ ရဲ့ ထိုင်း နိုင်ငံ ဆိုင်ရာ တာဝန်ခံ အရှင် ဇဝန က မိန့်ကြား ခဲ့ ပါတယ်။
မြန်မာပြည်မှာ အပြောင်းအလဲ တွေ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေ ကို တွေ့နေရတယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုထားပေမယ့် လည်း သတိထားပြီး စောင့်ကြည့် နေ တယ် ဆိုတဲ့ စကားလည်း သူပြော ထားတာကြောင့် သံဃာတော် တွေ အနေနဲ့ တော့ မြန်မာ့ အရေး ဟာ ပြောင်းလဲ နေပြီ လို့ မဆိုနိုင်သေးပဲ စောင့်ကြည့် ဆဲဖြစ်တယ် လို့ နိုင်ငံ ရေး လှုပ်ရှားမှု ကြောင့် မြန်မာ အကျဉ်းထောင် အတွင်း ၁၆ နှစ်ကျော် နေခဲ့ ရတဲ့ အရှင် ဇဝန က ဘီဘီစီ ကို ပြောပြပါတယ်။
ရွှေဝါရောင်တော်လှန်ရေး လို့ တင်စား ကြတဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့ လှုပ်ရှား မှု လေးနှစ်မြောက် နှစ်ပတ်လည် အခုလို ကာလ မှာ သာသနာ့ ဥသျှောင် အပြည် ပြည် ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ က ဖမ်းဆီးထိန်းသိမ်းခံ သံဃာတော် တွေ အပါ အဝင် နိုင်ငံရေး အကျဉ်းသား တွေ လွှတ်ပေးဖို့ ကို လည်း မြန်မာ အစိုးရ ကို သူတို့ က တောင်းဆို ခဲ့ပါတယ်။
နိုင်ငံရေး အကျဉ်းသား တွေ ကို လွှတ်ပေးတာ၊ တနိုင်ငံလုံး အတိုင်းအတာ နဲ့ အပစ် အခတ် ရပ်စဲပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ နဲ့ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးမှု တွေ လုပ်လာတာ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာ သမ္မတ တွေ့ဆုံ ဆွေးနွေး မှု တွေကို ဆက်လက် လုပ်ဆောင် ပြီး တွေ့ဆုံ ဆွေးနွေးမှု က ပွင့်လင်း မြင်သာ တဲ့ အနေအထား တွေ ဖြစ်လာမှ သာ မြန်မာ့ အရေး ပြောင်းလဲမှု တွေ စတင် လာပြီ လို့ မှတ်ယူ နိုင်မှာ ဖြစ်တဲ့ အကြောင်း အရှင် ဇဝန က ဘီဘီစီ ကို ပြောကြား ခဲ့ပါတယ်။

No comments: