ပြောပြန်ပြီ နောက်တမျိုး

၈၈ နောက်ပိုင်း ဖမ်းထားသူတွေကို တည်ငြိမ်မှု မပျက်ရင် လွှတ်ပေးနိုင်

ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ကြောင့်လား ပစ်မှု ကြောင့်လား ဆိုတဲ့အသုံးအနှုန်း အငြင်းပွားစရာ ရှိနေတယ်လို့ ဘီဘီစီက မေးမြန်းရာမှာ ဖြေကြား သွားပါတယ်။
၈၈အရေး အခင်းနောက်ပိုင်း ဖမ်းဆီးမှုတွေ ရှိကြောင်း ဝန်ခံသွားပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်မဲ့ ဆူပူမှုတွေ မဖြစ်ပေါ်နိုင်ဘူး ဆိုရင် ပြန်လွှတ် ပေးမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြစ်ဆုံရေကာတာလို အမျိုးသားရေး စီမံကိန်းကြီးတွေကို အစိုးရအဖွဲ့က လွှတ်တော်ကို တင်ပြလာရင် လွှတ်တော်က ကော်မရှင်ဖွဲ့ကြားနာဆုံးဖြတ်ပေးမှာ ဖြစ်တယ် လွှတ်တော် အဆုံးအဖြတ်အတိုင်း လိုက်နာရမှာ ဖြစ်တယ်လို့ ဦးခင်အောင်မြင့်က ဆက်ပြောပါတယ်။
ဦးခင်အောင်မြင့်က သဘောထား တင်းမာသူ ပြုပြင်ပြောင်းလဲရေး အတွက် စိတ်အား ထက်သန်မှု မရှိသူလို့ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ မေးကြည့်ရာမှာ လက်တွေ့ လုပ်တာကို လာရောက် ကြည့်ရှုနိုင်ပြီး လွှတ်တော် အမတ်တွေကို မေးရင် ရှင်းသွားနိုင်တယ်လို့ ဖြေကြားပါတယ်။
ကမ္ဘောဒီးယား နိုင်ငံမှာ ပြုလုပ်တဲ့ အာစီယံပါလီမန်အမတ်များ အစည်းအဝေး တက်ရောက်နေတဲ့ ဦးခင်အောင်မြင့်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

No comments: