ကေအိုင်အေ တပ်ရင်း ၉ သိမ်းခံရ

ငြိမ်းချမ်းရေး ဆွေးနွေးမှု ကို ဇွန်လ ကုန်က ပြုလုပ်ခဲ့
စစ်ဗျူဟာ အရ ပျောက်ကြား နည်းကို သုံးတာ ဖြစ်လို့ စစ်စခန်း ကျသွားတယ် ပြောလို့ မရဘူးလို့ ကေအိုင်အို ဗဟို ကော်မီတိဝင် ဦးလနန်က ဘီဘီစီကို ပြောပါတယ်။
မြန်မာ အစိုးရ စစ်တပ်က တပ်ရင်း ၁၀ ရင်းလောက်နဲ့ ကေအိုင်အေ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းတွေ အားလုံးကို ထိုးစစ်ဆင်တာ ဖြစ်ပြီး ထိုးစစ်တွေကတော့ ပြင်းထန် တယ်လို့ သူက ပြောပါတယ်။
လက်နက် အင်အား လူအင်အား အနေနဲ့ အမြောက် လက်နက်ကြီးတွေ ကို သုံးတဲ့ အပြင် မြင်းတပ်၊ ခြေလျင်တပ်၊ ခြေမြန်တပ် တွေ စတဲ့ အင်အား တစ်ထောင် ကျော် လောက် ရှိတယ်လို့ လည်း ဦးလနန်က ပြောပါတယ်။
အခုလို အင်အား အလုံး အရင်းနဲ့ ဝင်ရောက်ပြီး လက်နက်ကြီးတွေကို အသုံးပြု ထိုးစစ်ဆင် လာတဲ့ ကိစ္စက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တစ်ခန်းရပ် သွားနိုင်တယ်လို့ ဦးလနန်က ပြောပါတယ်။
No comments:
Post a Comment