ပုံ ၁

သုံးဖက်မြင် ရုပ်ကြွပုံဆန်းလေးတွေ ကို အင်္ဂလိပ် ဘာသာအားဖြင့် 3 D (3 – Dimensional) Stereogram လို့ ခေါ်ပါတယ်ဗျာ။ ရုတ်တရက် အမှတ်တမဲ့ ကြည့်မယ်ဆိုရင်တော့ ဘာမှထူးခြားမှု မရှိတဲ့ ပုံလေးတွေပါပဲ။ ဒါပေမဲ့ အသေအချာ ကြည့်မယ်ဆိုရင်တော့ တစ်ပုံချင်းစီမှာ ရုပ်လုံးကြွနေတဲ့ ပုံဆန်းဆန်းလေးတွေ ကို ရင်သပ်ရှုမောဖွယ်ရာ တွေ့မြင်ကြရမှာပါ။

ပထမဆုံး အကြိမ် 3 D နဲ့ စတင်ရင်းနှီး မိတာကတော့ အပေါ်မှာ ဖူးတွေ့ရတဲ့ ဗုဒ္ဓပုံတော်ပါပဲ။ အလယ်တန်းကျောင်းသား ဘဝတုန်းက လမ်းဘေးမှာ ရောင်းနေတာမြင်ရတော့ အထူးအဆန်းဆိုရင် စူးစမ်းလိုတဲ့ ဝါသနာကြောင့် 3 D ဗုဒ္ဓပုံတော်ကို ကြည်ညိုလေးစားစွာ ဝယ်ပြီး ဖူးဖြစ်ခဲ့ပါတယ်။ ကျွန်တော်လဲ အဲဒီတုန်းက တနေကုန် ဇွဲနပဲ နဲ့ကြည့်နေလိုက်တာ ညနေစောင်းမှပဲ မြင်ရပါတော့တယ်။ ပထမဆုံးအကြိမ် ဖူးတွေ့လိုက်ရတဲ့ ပီတိဟာ ပြောမပြတတ်လောက်အောင်ပါပဲ။
ပုံ ၂

ပထမဆုံးအကြိမ် ကြည့်မယ်ဆိုရင်တော့ အခက်အခဲ အနည်းအကျဉ်း ကြုံတွေ့ နိုင်ပါတယ်ဗျာ။ ဒါပေမဲ့ ဇွဲမလျှော့ပဲ ကြည့်မယ်ဆိုရင်တော့ နည်းစနစ်မှန်လျှင် မုချတွေ့ရမှာပါ။ Internet မှာ 3 D ပုံကြည့်နည်းတွေ ရှာကြည့်တာ အများကြီးတွေ့ရပါတယ်။ လွယ်ကူတဲ့ နည်းကောင်းလေးတစ်ခု ကို ဝေမျှထားပါတယ်ဗျာ။ ကျွန်တော်ကတော့ မျက်လုံး နှစ်လုံးကို အလယ်ဗဟိုကို စုပြီး စူးစိုက်ကြည့်တဲ့ နည်းကိုသုံးပါတယ်။ link မှာပြထားသလိုပါပဲ အစက်နှစ်စက် ကို သုံးစက်ဖြစ်အောင် ကြည့်နိုင်ရင် အားလုံးမြင်ရပြီပေါ့ဗျာ။
ပုံ ၃

ပုံတစ်ပုံချင်းစီရဲ့ အဖြေတွေကို အောက်ဆုံးမှာ ဖော်ပြထားပါတယ်။ အားလုံးပြီးလျှင် အဖြေတိုက်သွားပါဦးနော်… ပျော်ရွှင်ကြပါစေ။
ပုံ ၎

ပုံ ၅

ပုံ ၆

ပုံ ၇

ပုံ ၈

ပုံ ၉

ပုံ ၁၀

မိတ်ဆွေအားလုံး 3 D ပုံဆန်းလေးတွေကို နှစ်သက်ကြလိမ့်မယ် လို့ မျှော်လင့်ပါတယ်ဗျာ။ မိတ်ဆွေရဲ့ 3 D အတွေ့အကြုံလေးတွေ ကိုလဲ C-Box (သို့) Comment မှာ အမှတ်တရရေးပေးခဲ့ပါဦးလို့ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ။
ိ
အဖြေများ။
၁။ Spiral Frost
၂။ 2 – hearts
၃။ Butterfly
၎။ Clover Leaf
၅။ Flower
၆။ Aroma Seed Pot
၇။ Cosmos
၈။ Pluses
၉။ Pine Tree
၁၀။ Zen Spiral
နေလင်း ဘလော့ဂ် မှ ယူပါသည်။ ကျေးဇူတင်ပါသည်။
No comments:
Post a Comment